WWDC မှာမိတ်ဆက်သွားတဲ့ Apple ရဲ့ Software ထုတ်ကုန်အသစ်များ

မနေ့က Apple ရဲ့ WWDC ကတော့ online ကနေပဲကျင်းပသွားခဲ့ပါတယ်။ ဒီနှစ် Apple ရဲ့ WWDC 2021 ကတော့သိပ်ပြီးထူးထူးခြားခြားပြောစရာမရှိပဲပြီးဆုံးသွားခဲ့ပါတယ်။ အရင်နှစ်ကတောက်လျှောက် product အသစ်တွေနဲ့ Surprise တွေတိုက်ခဲ့ပြီးတဲ့နောက်မှာတော့ ဒီနှစ်ရဲ့အဓိကမျှော်လင့်စောင့်စားရတဲ့ IOS 15 ဟာအရမ်းကြီးတော့မပြောင်းလဲသွားပါဘူး။

IOS 15 ရဲ့အဓိကလုပ်ဆောင်ချက်များ

Screenshot (165).png

Facetime

Facetime ကို အရင်က Apple Devices တွေမှာပဲသုံးလို့ရခဲ့တာဖြစ်ပေမဲ့အခု Update မှာတော့ Window နဲ့ Android ပေါ်ကို Web ပေါ်ကနေတစ်ဆင့် အသုံးပြုလို့ရတော့မှာဖြစ်ပါတယ်။Zoom လိုပုံစံမျိုး Facetime Link ကို ထုတ်ပြီး Invite လုပ်နိုင်မှာပါ။ အရင်နှစ်က Airpods pro မှာမိတ်ဆက်ခဲ့တဲ့ Spitiual Audio ကိုအခု Facetime မှာသုံးလို့ရပါပြီ။ Facetime ပြောနေရင်နောက်ခံကဆူညံသံတွေကို Machine Learing အသုံးပြုပြီး စစ်ထုတ်ပေးမဲ့ Feature အသစ်နဲ့ နောက်ခံဝါး Selfie Protirait mode ကိုလည်း Facetime မှာသုံးနိုင်ပါပြီ။ Faetime မှာတော့ privacy အတွက် End to end encryption အသုံးပြုပေးထားပါတယ်။ Facetime call ကို Shareplay အသုံးပြုပြီး ကိုယ့်ကြည့်နေတဲ့ Show တွေ movies တွေကို Facetime ပြောရင်သူငယ်ချင်းတွေနဲ့ကြည့်လို့ရပါပြီ။တစ်ခြား app တွေနဲ့ပါအလုပ်လုပ်နိုင်အောင်အတွက် Shareplay API ကိုအသုံးပြုပြီး Developer တွေအနေနဲ့ Facetime မှာသူတို့ရဲ့ Entertainment app တွေကို ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Screenshot (167).png

Notification

Notification အတွက်တော့ IOS 15 မှာ Notification summary ကိုပြသပေးမှာပဲဖြစ်ပါတယ်။ Noti ဝင်တဲ့ App တွေရဲ့ Logo ကပိုကြီးလာပြီး ကိုယ့်ရဲ့ App တွေအသုံးပြုမှုပုံစံကိုလိုက်ပြီး Notification တွေပြသပေးမှာပါ။ do not disturb ဖွင့်ထားတယ်ဆိုရင် message မှာ do not disturb ဖွင့်ထားကြောင်းကိုတစ်ဖက်လူမှာသွားပြပေးမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ အရေးကြီးတဲ့ message တွေဆိုရင်တော့ do not disturb ကိုကျော်ပြီး IOS 15 က message ကိုအရောက်ပြပေးမှာပဲဖြစ်ပါတယ်။

Focus

ဒီလုပ်ဆောင်ချက်ကတော့ ကိုယ့်ရဲ့ App အသုံးပြုမှူပုံစံကိုလိုက်ပြီး ပြသမဲ့ Notification တွေကို suggest လုပ်ပေးမှာပဲဖြစ်ပါတယ်။ focus လုပ်ဆောင်ချက်မှာ location ပေါ်လိုက်ပြီး focus mode ဖွင့်ဖို့လည်း suggest ပေးမဲ့အပြင် work, personal, sleep, do not disturb ဆိုပြီးခွဲခြားနိုင်ဦးမှာဖြစ်ပါတယ်။

Screenshot (163).png

Live Text

ဒီလုပ်ဆောင်ချက်ကတော့ IOS 15 မှာ camera ကိုအသုံးပြုပြီး စာတွေကို ချိန်လိုက်တာနဲ့ စာကိုတစ်ခါတည်း copy paste လုပ်ပြီး မှတ်ထားနိုင်မှာဖြစ်ပါတယ်။ အဲ့တာအပြင် ဓာတ်ပုံပေါ်ကစာတွေကို live text လုပ်ဆောင်ချက်နဲ့ယူပြီးစာတွေကိုမှတ်သားနိုင်တဲ့အပြင်စာပေါ်ကအကြောင်းအရာကိုလည်း look up လုပ်နိုင်ပါသေးတယ်။ဥပမာ စားသောက်ဆိုင်ဆိုရင်စားသောက်ဆိုင်ရဲ့ တည်‌နေရာကို Maps ကနေရှာဖွေနိုင်တာမျိုးပါ။ အဲ့တာအပြင်ဘာသာစကား ၇ မျိုးလောက်နားလည်နိုင်တဲ့အပြင် apple ecosystem ထဲက imac , mac book, ipad တို့နဲ့လည်းအလုပ်လုပ်ပါတယ်။

Spotlight search

IOS 15 မှာဓာတ်ပုံတွေကို spotlight search ကနေတစ်ဆင့်ရှာဖွေနိုင်ပြီပဲဖြစ်ပါတယ်။ spotlight search မှာ app တွေကိုပဲရှာနိုင်တာမဟုတ်ပဲ call နဲ့ message တွေကိုပါရှာဖွေနိုင်ပြီး တစ်ခါတည်းဖုန်းခေါ်တာတွေ message ပို့တာ‌တွေနဲ့ email ပို့တာတွေပါတစ်ဆက်တည်းလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

Photo app

Photo app ထဲက For you tab မှာ ကိုယ့်ရဲ့ Memories တွေကို Memories mixes အသုံးပြုပြီး သီချင်းသံတွေနဲ့ဓာတ်ပုံတွေ effect တွေကို အလိုအလျောက် create လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။

Wallet app

Wallet app ထဲမှာ ID တွေ ကိုသိမ်းထာနိုင်မဲ့ အပြင် hotel အခန်းသော့တွေနဲ့ အိမ်သော့တွေကိုပါသိမ်းထားနိုင်မှာဖြစ်ပါတယ်။

Weather app

Weather app ကို ဒီဇိုင်းပြောင်းထားပြီး full-screen high-resolution weather maps ပါပါဝင်လာမှာဖြစ်ပါတယ်။

Screenshot (162).png

Apple Maps

Apple Maps မှာ AR ကိုအသုံးပြုပြီး လေဆိပ်တွေနဲ့အဆောက်အအုံတွေကို Track လိုက်တာနဲ့အဆောက်အအုံရဲ့ထွက်ပေါက်တွေနဲ့ တည်နေရာကိုပါပြသပေးမှာဖြစ်ပါတယ်။

Screenshot (161).png

Airpods

Air pods အတွက် Conversation boost ပါဝင်လာပြီး တစ်ဖက်လူပြောသမျှကို နားအကြားအာရုံချို့တဲ့သည့် လူကြီးများအတွက် airpods ကနေတဆင့်ကြားနိုင်မှာဖြစ်ပါတယ်။

Screenshot (160).png

Watch OS 8

Watch OS အသစ်မှာတော့ watch face အတွက် iPhone နဲ့ရိုက်ထားတဲ့ မျက်နှာပုံ Protirait ကို watch face အနေနဲ့ထားနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး Breath လုပ်ဆောင်ချက်ကိုအဆင့်မြင့်တင်ထားပြီး reflect ဆိုတဲ့ လုပ်ဆောင်ချက်အသစ်ကတော့ စိတ်ဓာတ်ခွန်အားတက်စေမဲ့စာလေးတွေကိုပြသပေးမှာပဲဖြစ်ပါတယ်။

Previous
Previous

iPad OS 15 အကြောင်း

Next
Next

Google I/O conference မှာဘာတွေကြေငြာသွားလဲ? Android ဖုန်းနဲ့ ကားလော့ခ်ဖွင့်နိုင်တော့မဲ့ Android 12