iPad OS 15 အကြောင်း
Apple ဟာ၄င်းတို့ရဲ့ iPad တွေမှာ မကြာခင်မှာရရှိလာတော့မယ့် iPad OS 15 ကိုမနေ့က WWDC 2021 မှာချပြခဲ့ပါတယ်။ အရမ်းစိတ်လှုပ်ရှားစရာကောင်းတဲ့ Groundbreaking feature တွေမပါ၀င်ပေမယ့် daily usage မှာပိုအသုံး၀င်ပြီး user experience ကိုချောမွေ့စေမယ့် feature တွေကိုပိုပြီးအာရုံစိုက်ထားတာကိုတွေ့ရပါတယ်။
Split view
Multitasking ကိုပိုမိုလွယ်ကူသွားစေမယ့် drop-down menu အသစ်ဖြစ်ပြီး screen ရဲ့ အပေါ်ဖက်ကနေ swipe down လုပ်လိုက်တာနဲ့ Access လုပ်လို့ရမှာပါ။ လက်ရှိ iPadOS ရဲ့ multitasking ထက်သုံးရတာပိုလွယ်ပြီး Multiwindow ပိုင်းမှာလဲအများကြီးပိုချောမွေ့လာပါတယ်။ Multiwindow ဖွင့်ထားတဲ့အချိန်မှာ email တွေကိုဖတ်မယ်ဆိုရင်လဲ screen ရဲ့ အလယ်တည့်တည့်ကနေဖော်ပြပေးသွားမှာပါ။ shelf ဆိုတဲ့ feature ကြောင့် screen တစ်ခုကနေတစ်ခုကိုပြောင်းရတာဟာပိုပြီးမြန်သွားပါတယ်။
Widgets
iPadOS 15 နဲ့အတူ widget တွေဟာလဲပိုကြီးလာပြီး သုံးရတာပိုပြီး immersive ဖြစ်လာပါတယ်။ ဒါ့အပြင် iPhone တွေရဲ့ App Library ကိုလဲ iPad မှာထည့်သွင်းပေးလာပြီး dock ကနေတဆင့်အချိန်မရွေး access လုပ်လို့ရမှာပါ။
Quick Note
iPad screen ရဲ့ ဘယ်နေရာကမဆို Apple Pencil နဲ့ ညာဖက်အောက်ထောင့်ကနေ swipe လုပ်ပြီး notes တွေကိုအလွယ်တကူမှတ်နိုင်သွားမှာပါ။
Swift playground
iPhone နဲ့ iPad အတွက် app တွေကို iPad ပေါ်မှာတင်ပဲရေးသားနိုင်မှာဖြစ်ပြီး App Store ပေါ်ကိုတခါထဲတင်နိုင်မှာဖြစ်ပါတယ်။
Translate
iOS 14 မှာပါ၀င်ခဲ့တဲ့ Translate ကို iPad မှာလဲထည့်သွင်းပေးထားပြီဖြစ်ပြီး စာတွေကိုတင်မက လက်ရေးတွေကိုလဲ select လုပ်ပြီး Translate လုပ်နိုင်မှာပါ။