Mac OS Monterey

ယမနေ့က WWDC မှာ Apple ဟာ macOS အသစ်ကိုမိတ်ဆက်သွားခဲ့ပြီး နာမည်ကတော့ Monterey ပဲဖြစ်ပါတယ်။ အသိသာဆုံးလို့ပြောရမယ့်ပြောင်းလဲချက်ကတေ့ာ Shortcut animation app ကိုထည့်သွင်းပေးလာခြင်းပဲဖြစ်ပါတယ်။

shortcut.png

Shortcut

Shortcut အသစ်တွေဖန်တီးနိုင်မှာဖြစ်သလို ရှိပြီးသား shortcut တွေကိုလဲ access လုပ်နိုင်မှာပါ။ ဒါ့အပြင် Airplay ကိုလဲထည့်သွင်းပေးလာပြီဖြစ်ပြီး iOS 15 မှာမိတ်ဆက်ပေးခဲ့တဲ့ SharePlay ကိုလဲအသုံးပြုနိုင်မှာပါ။ ဒါ့ကြောင့် mac book ရဲ့ speaker  နဲ့ screen ကို iPhone ပေါ်ကသီချင်းတွေကိုနား‌ထောင်ရာမှာလဲအသုံးပြုနိုင်သွားပါပြီ။

Universal Control

universal control.jpg

ဒီ feature ကတော့တော်တော်လေးမိုက်ပြီး mac ရဲ့ keyboard နဲ့ mouse တို့ကိုအသုံးပြုပြီးနောက်ထပ် mac နဲ့ iPad တွေကို second screen တစ်ခုအနေနဲ့ controlလုပ်နိုင်တော့မှာပါ။ iPad ပေါ်မှာ cursor နဲ့ navigate လုပ်ရမှာပါ။ mac ပေါ်က file တွေကို အခြား mac နဲ့ iPad တွေပေါ်ကို drag and drop လုပ်ပြီး share နိုင်တော့မှာပါ။ device ၂ခုနဲ့အထက်ထိချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

Safari

safar.jpg

Safari ရဲ့ UI ကိုအသစ်ပြန်လည်ပြင်ဆင်ထားပြီး tab တွေကိုပိုသေးပေးထားပါတယ်။ tab groups နဲ့ tab တွေကို organize လုပ်နိုင်မှာဖြစ်ပြီး အခြား device တွေမှာလဲအလိုအလျောက် sync လုပ်ပေးသွားမှာပါ။

safar.jpg 1.jpg

Safari ရဲ extensions တွေကိုလဲပြန်လည်ပြင်ဆင်ပေးထားပြီး extensions တွေကို iPhone နဲ့ iPad တွေ‌ပေါ်မှာပါသုံးနိုင်တော့မှာပါ။

Previous
Previous

Foldable OLED display တွေကို Google, Xiaomi နဲ့ Vivo တို့ကိုထုတ်ရောင်းတော့မယ့် Samsung

Next
Next

iPad OS 15 အကြောင်း