Foldable OLED display တွေကို Google, Xiaomi နဲ့ Vivo တို့ကိုထုတ်ရောင်းတော့မယ့် Samsung
Samsung ဟာမကြာခင်မှာပဲ Google, Xiaomi နဲ့ Vivo တို့ရဲ့ smartphone တွေအတွက် Ultra Thin Glass နဲ့ကွေးညွတ်လို့ရတဲ့ OLED panels တွေကိုထုတ်လုပ်ရောင်းချပေးတော့မှာပါ။
ဒီ smartphone company ၃ခုဟာ ဒီနှစ်ရဲ့ fourth quarter လောက်မှာ foldable smartphone တွေမိတ်ဆက်ပေးဖို့ရှိတာကြောင့်Samsung အနေနဲ့ ၄င်းတို့အတွက် foldable display panel တွေကို October လအတွင်းမှာ အမြောက်အများထုတ်လုပ်ပေးရတေ့ာမှာပါ။
Google ရဲ့ Foldable Pixel ဟာ 7.8 inch ရှိတဲ့ display panel ကိုအသုံးပြုမှာဖြစ်ပြီး Vivo ကတော့ပိုကြီးတဲ့ 8inch display ကိုအသုံးပြုမှာဖြစ်ကာ 10.2:9 aspect ratio ရှိမှာဖြစ်ပါတယ်။
Xiaomi ရဲ့ foldable phone မှာအသုံးပြုမယ့် display ရဲ့ size ကိုတော့မသိရသေးပေမယ့် အတွင်းပိုင်း
foldable display ကို Samsung ကပဲထုတ်လုပ်ပံ့ပိုးမှာဖြစ်ပါတယ်။ Oppo အနေနဲ့လဲ Samsung ရဲ့ foldable OLED panel တွေကို၀ယ်ယူအသုံးပြုသွားဖို့ရှိနေပြီး ၂၀၂၂ လောက်မှာမိတ်ဆက်လာနိုင်ပါတယ်။ Huawei အနေနဲ့လဲ Samsung ဆီက နေ၀ယ်ယူဖို့အစီအစဥ်ရှိခဲ့ပေမယ့်လဲ မ၀ယ်ဖြစ်ပဲ Mate X နဲ့ Mate X2 တို့အတွက် BOE ကနေပဲမှာယူခဲ့ပါတယ်။
Samsung အနေနဲ့လဲ ဒီအမှာစာတွေအပြင် နောက်လထဲမှာမိတ်ဆက်တော့မယ့် Z Fold 3 နဲ့ Z Flip 3 တို့အတွက် foldable OLED Panel တွေကိုလဲထုတ်လုပ်လျက်ရှိပါတယ်။
မကြာခင်မှာ Company ပေါင်းစုံရဲ့ foldable smartphone အသစ်တွေကိုမြင်တွေ့ရတော့မှာပါ။
ref: ETNews, The Elec