ကမ္ဘာလုံးဆိုင်ရာ chipset မလုံလောက်မှုပြဿနာ
အခုချိန်မှာတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကပ်ဘေးကြီးကိုရင်ဆိုင်နေရရသလို Mobile industry ဟာလဲကြီးမားတဲ့ပြဿနာတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်။ အဲ့ဒါကတော့တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ chipset မလောက်ငှခြင်း ပြဿနာပဲဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ဒီအခက်အခဲဟာ mobile industry နဲ့သူတို့ရဲ့ consumer တွေကိုရိုက်ခတ်လာပြီပဲဖြစ်ပါတယ်။ ဥပမာ မကြာသေးခင်ကမှ Samsung ဟာ Galaxy Tab S7 FE ကို Russia မှာ တိတ်တိတ်လေးမိတ်ဆက်ခဲ့ရပြီး chipset မလုံလောက်မှုကြောင့် သတ်မှတ်ထားချိန်အတွင်း Russia အပြင်အခြားနိုင်ငံတွေကိုတင်ပို့ရောင်းချဖို့ကိုနှောင့်နှေးခဲ့ပါတယ်။ ဒီထက်ပိုဆိုးတာက leak တွေ render တွေထွက်ရှိထားပြီး မကြာခင်မှာမိတ်ဆက်ပေးရတော့မယ့် Galaxy S21 FE ဟာလဲ chipset shortage ကြောင့် မိတ်ဆက်ခါနီးဆဲဆဲမှာပဲ production ကိုရပ်ရမလိုဖြစ်ခဲ့ပြီး August လထဲမှာမိတ်ဆက်နိုင်ခြေမရှိတော့ပါဘူး။ ဒီလိုဖြစ်ရတာဟာ chipset တွေကို August မှာအတူမိတ်ဆက်ရမယ့် Galaxy Z fold 3 နဲ့ Galaxy Z flip 3 တို့အတွက် ဦးစားပေးလိုက်ရတာကြောင့်ဖြစ်နိုင်ပါတယ်။ အလားတူ ထုတ်လုပ်မှုအခက်အခဲတွေကိုအခြားသော tech company တွေဖြစ်တဲ့ Apple, Microsoft, Sony တို့လဲကြုံတွေ့နေရပါတယ်။ chipset တွေဟာအခုချိန်မှာ ရေခဲသေတ္တာကနေ မော်တော်ကားတွေအထိမှာပါ ပါ၀င်နေပြီဖြစ်တဲ့အတွက် အခုပြဿနာကို mobile industry တစ်ခုထဲမဟုတ်ပဲ အခြားသော manufacturer အားလုံးပါ ဒီအကျိုးဆက်ကိုခံစားနေရတာပါ။
ဘာကြောင့် အခုလို chipset တွေရှားပါးသွားရတာလဲ? ခုလိုဖြစ်ရတဲ့အကြောင်းရင်းကတော့အများကြီးရှိပါတယ်။ မြင်သာထင်သာတဲ့အချက်ကတော့ Covid-19 Pandemic ပဲဖြစ်ပါတယ်။
Corona virus တစ်ကမ္ဘာလုံးကိုပျံ့နှံ့သွားပြီးတဲ့နောက်မှာ ကျောင်းတွေပိတ်အလုပ်တွေပိတ်ပြီး learning နဲ့ workingကို online ပေါ်ကနေပဲလုပ်လာကြတဲ့အတွက် covid-19 စဖြစ်ပြီးကာလအတွင်းမှာ PC, laptop, နဲ့ tablet စတာတွေကို၀ယ်ယူမှုတွေမြင့်တက်လာခဲ့ပါတယ်။ ကပ်ရောဂါကာလအတွင်း ခရီးမသွားကြတော့တာကြောင့် ကမ္ဘာ့ကားစျေးကွက်အနုတ်လက္ခဏာပြခဲ့ပေမယ့် အိမ်တွင်းအောင်းဖို့ entertainment gadget တွေဖြစ်တဲ့ gaming console တွေကိုအလုအယက်၀ယ်ယူခဲ့ကြပါတယ်။ ဒါ့ကြောင့် မော်တော်ကား တွေရဲ့ အစိတ်အပိုင်းတွေထုတ်လုပ်တဲ့ company တွေဟာ mobile ပစ္စည်းတွေအတွက် အစိတ်အပိုင်းတွေကိုပြောင်းလဲထုတ်လုပ်ခဲ့ရပါတယ်။ အစပိုင်းမှာ balance ဖြစ်နေသေးပေမယ့် pandemic ကာလကြာလာတာနဲ့အမျှ ကားစျေးကွက်လဲပြန်လည်ဦးမော့လာပြီး chipset လိုအပ်ချက်ဟာ ပိုမိုကြီးထွားလာပါတော့တယ်။
ဒီ၀ယ်လိုအားတွေကိုဖြည်ဆည်းပေးဖို့ chipset production မှာလဲ အခက်အခဲတွေအများကြီးနဲ့ကြုံတွေ့နေရပါတယ်။
ဘာကြောင့်လုံလောက်အောင်မထုတ်လုပ်ပေးနိုင်ရတာလဲ?
ဒီအခက်အခဲတွေရဲ့ မြစ်ဖျားခံရာနောက်ထပ်အချက်ကတော့ US သမ္မတဟောင်း Donald Trump စတင်ခဲ့တဲ့ China နဲ့ US ကြားက trade war ပါပဲ။ Trump ဟာသမ္မတရာထူးက မပြုတ်ခင် မီးမွှေးတဲ့အနေနဲ့ China ပိုင်လုပ်ငန်းတော်တော်များများကို ban ခဲ့ပြီးအထင်ရှားဆုံးကတော့ Huawei ပဲဖြစ်ပါတယ်။ ဒီ ban တွေကြောင့် Huawei ဟာ US company တွေဆီကနေ chipset ၀ယ်ယူခွင့်ဆုံးရှုံးခဲ့ပြီး ကိုယ်ပိုင် chipset တွေတည်ဆောက်ထုတ်လုပ်ရဖို့ US နဲ့အပြိုင် ကြိုးစားလာပါတယ်။ တစ်ဖက်မှာလဲ US ဟာ China ထက်စျေးကွက်ဦးနိုင်အောင် chipset တွေကိုပိုမိုထုတ်လုပ်လာပြီး ကမ္ဘာ့အကြီးဆုံး chipset ထုတ်လုပ်သူဖြစ်တဲ့ Taiwan Semiconductor Manufacturing Company (TSMC) ကို US$ 12 billion တန်ကြေးရှိတဲ့ chipset စက်ရုံတည်ဆောက်ဖို့ စေခိုင်းခဲ့ပါတယ်။ chipset တွေထုတ်လုပ်တဲ့ manufacturing process မှာရေဂါလန်မြောက်များစွာလိုအပ်ပြီး တစ်ရက်တာ ကိုရေဂါလန် တန်ချိန်ပေါင်း ၁၅၆,၀၀၀ တန်ထိသုံးစွဲရပါတယ်။ သို့ပေမယ့် Taiwan နိုင်ငံမှာ မိုးခေါင်ခြင်းတွေဖြစ်ပေါ်နေပြီး ရေလှောင်ကန်တွေလဲ ခန်းခြောက်လာပြီဖြစ်တဲ့အတွက် chipset စက်ရုံအတွက်လိုအပ်တဲ့ရေတွေကို truck ကားတွေနဲ့သယ်ယူနေရတဲ့ အခြေအနေကိုပါရောက်ရှိနေပါပြီ။ဒါ့အပြင် chipset ထုတ်လုပ်မှုအတွက်အရေးပါတဲ့ Taiwan ရဲ့အခြားသောဆက်စပ်လုပ်ငန်းတွေဟာလဲ covid ကပ်ရောဂါကိုအလူးအလဲခံနေရပြီး ထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေလာပါတယ်။
Consumer တွေအပေါ်ကိုဘယ်လိုသက်ရောက်နိုင်လဲ?
လက်ရှိမှာတင် smartphone, PC, gaming console ထုတ်လုပ်တဲ့ company အများအပြားဟာ product အသစ်တွေကို သတ်မှတ်အချိန်အမှီ အမြောက်အများမထုတ်လုပ်ပေးနိုင်တော့ပါဘူး။ Game console ပိုင်းမှာ Sony ဟာ PS5 ကိုလောက်ငှအောင်အချိန်မှီမထုတ်ပေးနိုင်တာကြောင့်စျေးကွက်ထဲမှာ စျေးနှုန်းတွေဖောင်းပွခဲ့ပြီး Apple ဟာဆိုရင်လဲ iPhone 12 Pro ရဲ့ waiting time ကို ၃ပတ်အထိ သတ်မှတ်ခဲ့ရပါတယ်။ Samsung တို့ Xiaomi တို့ဟာလဲ၄င်းတို့ရဲ့နောက်လာမယ့် smartphone အသစ်တွေဟာလဲပုံမှန်အချိန်ထက်နောက်ကျမှထွက်လာနိုင်မယ်လို့အသီးသီးသတိပေးထားကြပါတယ်။ ဒါ့အပြင်လုံလောက်အောင်ထုတ်ပေးနိုင်ဖို့ကိုလဲမှန်းလို့မရသလိုစျေးတွေဟာလဲပိုပြီးကြီးလာဖို့သာရှိပါတယ်။
Apple, Qualcomm နဲ့အခြားသော tech company တွေအတွက် chipset တွေထုတ်လုပ်ပေးနေတဲ့ TSMC က “ဒီ global chip shortage ဟာ နောက်နှစ် ၂၀၂၂ နှစ်ကုန်အထိရှိနေမှာဖြစ်ပြီး ၂၀၂၂ မှာ နေ့စဥ်နဲ့အမျှရင်ဆိုင်ရမယ့်ပြဿနာတစ်ခုဖြစ်လာနိုင်တယ်” လို့သတိပေးပြောဆိုထားပါတယ်။