နာမည်ကြီးဂိမ်းကုမ္ပဏီ EA ဖောက်ထွင်းခံရပြီး source code ပေါက်ကြားမှုဖြစ်

Hackers များဟာ EA company ကအဖိုးတန်အချက်အလက်များကိုဖောက်ထွင်းယူခဲ့ပါတယ်။

ဖောက်ထွင်းသူများဟာနာမည်ကြီးဂိမ်းဖြစ်တဲ့ FIFA 21 နဲ့ တခြားနာမည်ကြီးဂိမ်းတွေရေးဆွဲရာမှာအသုံးပြုတဲ့ Frosbite game engine က source code တွေကို download ဆွဲယူသွားတာပါ။

780 GB ပမာဏနဲ့ညီမျှတဲ့ဂိမ်းဒေတာတွေကိုခိုးယူခံလိုက်ရတယ်လို့သတင်း webisite တစ်ခုဖြစ်တဲ့ Vice ကဖော်ပြထားပါတယ်။ EA ကတော့ဂိမ်းကစားသူတွေရဲ့ Data တွေတော့အခိုးမခံလိုက်ရဘူးလို့ဆိုပါတယ်။ EA ဟာကမ္ဘာပေါ်မှာအကြီးဆုံးဂိမ်းထုတ်လုပ်တဲ့ company တွေထဲကတစ်ခုဖြစ်ပြီး နာမည်ကြီးတဲ့ဂိမ်းများဖြစ်တဲ့ Battlefield, Star Wars: jedi Fallen Order. The Sims နဲ့ Titan fall တို့ဖြန့်ဖြူးခဲ့ပါတယ်။ ‌နောက်ပြီး EA ဟာ DLC တွေကိုပိုက်ဆံနဲ့ရောင်းစားတဲ့နေရာမှာလည်း ဂိမ်မာတွေကြားထဲမှာတော်တော်လေးနာမည်ကြီးတဲ့ Company လည်းဖြစ်ပါတယ်။

အခုဖြစ်ရပ်မှာ EA ကတော့ ဂိမ်းကစားသူတွေအတွက်အန္တာရယ်မရှိဘူးလို့လည်းဆိုပါတယ်။

EA ရဲ့ပြောရေးဆိုခွင်ံ့ရှိသူကတော့ ဂိမ်းကစားသူတွေရဲ့ အချက်အလက်တွေပေါက်ကြားမှုမရှိတာကြောင့် Player တွေရဲ့ပုဂ္ဂုလ်ရေးကိုစိုးရိမ်စရာမရှိဘူးလို့လဲဆိုပါတယ်။အခုဖြစ်ရပ်ဟာ ကွန်ရက်ဖောက်ခံရခြင်းဖြစ်ပြီး ransomware တိုက်ခိုက်ခံရမှုမျိုးလည်းမဟုတ်ဘူးလို့ဆိုပါတယ်။

ဒါပေမဲ့အခုဖြစ်ရပ်မှာတော့ EA အနေနဲ့ဆုံးရှုံးမှုကြီးကနဲနဲနောနောမဟုတ်ပါဘူး။

download.jfif

အခိုးခံလိုက်ရတဲ့ source code ဆိုတာ computer software တစ်မျိုးဖြစ်ပြီး software နောက်ဆုံးထုတ်ကုန်ကိုနားလည်အောင်ဖတ်နိုင်ပါတယ်။အဲ့တော့ EA ရဲ့ ဂိမ်းထုတ်ကုန်တွေကို Reverse Engineer လုပ်ပြီးတုပနိုင်ပါတယ်။

ဥပမာ သူတို့ခိုးယူခဲ့တဲ့ Frosbite engine ရဲ့ source code တွေဟာ Frosbite engine ကိုအသုံးပြုပြီးဖန်တီးခဲ့တဲ့ Battle Field , Star wars လို Game မျိုးတွေပဲဖြစ်ပါတယ်။အဲ့တော့ Hacker တွေက source code ကိုအသုံးပြုပြီး Frosbite engine လိုမျိုးနောက်ထပ်တစ်ခုဖန်တီးလိုက်ရင် EA ရဲ့ နာမည်ကြီးဂိမ်းတွေကိုဖန်တီးဖို့ဆိုတာလည်းအများကြီးလွယ်ကူသွားမှာပါ။

ဒါပေမဲ့ EA ဟာတစ်ခြားနာမည်ကြီးဂီမ်း company တွေလိုမျိုး ကစားသူတွေရဲ့ profile ပေါက်ကြားမှုမျိုးတော့မဖြစ်ခဲ့ပါဘူး။

Previous
Previous

$150 နဲ့ထွက်ရှိလာမယ့် Beats Studio Buds

Next
Next

ကမ္ဘာလုံးဆိုင်ရာ chipset မလုံလောက်မှုပြဿနာ