Google I/O conference မှာဘာတွေကြေငြာသွားလဲ? Android ဖုန်းနဲ့ ကားလော့ခ်ဖွင့်နိုင်တော့မဲ့ Android 12
Google မှမနေ့က Google I/O conference မှာ Android 12 နဲ့ အတူသူတို့ရဲ့ software product တော်တော်များများကိုချပြသွားပါတယ်။အဲ့ထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ software product အသစ်တွေကတော့
LaMDA
Speech recognition AI ဖြစ်ပြီး နောက်ပိုင်းမှာ Google ရဲ့ Digital assistant တွေအတွက်ပိုပြီး Powerful ဖြစ်လာဖို့အတွက် Machine learning နဲ့ AI အသုံးပြု LaMDA conversation technology ဖြစ်ပါတယ်။ Google ကတော့ LaMDA နဲ့လူတစ်ယောက်စကားပြောနေတာကိုအစမ်းပြသွားပါတယ်။
Android 12
Google ရဲ့ Android ဖုန်းတွေအတွက်နောက်ဆုံးပေါ် OS update ကိုချပြသွားပါတယ်။ ယခု Android 12 မှာ Privacy အတွက် IOS 14 မှာ မိတ်ဆက်ခဲ့တဲ့ camera နဲ့ microphone ကိုအသုံးပြုနေမယ်ဆိုရင် အချက်ပြမဲ့ လုပ်ဆောင်ချက်ကို Android 12 မှာလည်းထည့်သွင်းခဲ့ပါတယ်။ Android 12 မှာတော့ Notification အပေါ်ဘက်ညာဘက်ထောင့်မှာပြမှာပါ။ security ပိုင်းနဲ့ transparency control ပိုင်းအတွက် app တွေအားလုံးအတွက် privacy dashboard လည်းပါဝင်လာမှာဖြစ်ပါတယ်။
နောက်ပြီး Design ပိုင်ပြောင်းလဲမှုအကြီးဆုံးကတော့ Android 12 မှာ ကိုယ်ပြောင်းလိုက်တဲ့ wallpaper အရောင်ပေါ်လိုက်ပြီး system တစ်ခုလုံးရဲ့ Theme color ကိုလိုက်ဖက်မှုရှိအောင်လိုက်ပြောင်းပေးမှာပဲဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်က Window 10 ရဲ့desktop wallpaper အရောင်ကိုလိုက်ပြီး ပြောင်းလဲပေးတဲ့လုပ်ဆောင်ချက်နဲ့ဆင်တူပါတယ်။ နောက်ပြီး Android 12 မှာ button တွေကိုလည်းကြီးပေးလိုက်သလို notification center ကိုလည်း ဒီဇိုင်းပြောင်းထားပါတယ်။နောက်ပြီး Notification center မှာ wallet ကိုထည့်သွင်းပေးထားပါသေးတယ်။ Google က Android 12 ရဲ့ UI ကိုတော့ Material You လို့နာမည်ပေးထားပါတယ်။
Lock screen မှာတော့ Notification တွေအကုန်လုံးကိုဖယ်လိုက်မယ်ဆိုရင် နာရီအကြီးကြီးကိုမြင်ရမှာဖြစ်ပါတယ်။ဖုန်းကို wake လုပ်တဲ့ပုံစံပေါ်လိုက်ပြီး animation တွေကိုပြောင်းလဲပေးမှာဖြစ်သလို Google က animation တွေ smooth ဖြစ်ဖို့အတွက်ကို Hardware power တိုးစရာမလိုပဲ software efficiency 22% ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ထားတယ်လို့ဆိုပါတယ်။
Android 12 ရဲ့အကြီးမားဆုံးပြောင်းလဲမှုကတော့ digital Car key အနေနဲ့အသုံးပြုလို့ရမှာြဖစ်ပြီးကားလာငှားတဲ့သူငယ်ချင်းကိုလည်းဖုန်းကနေတဆင့် ကားသော့ကို Share ပေးလို့ရမှာပါ။လောလောဆယ်မှာ car key လုပ်ဆောင်ချက်ကို BMW နောက်ပိုင်းကားတွေမှာပဲရဦးမှာဖြစ်ပြီးနောက်ပိုင်းမှာတော့ တခြားကားကုမ္ပဏီတွေနဲ့မှာလက်တွဲသွားမယ်လို့ဆိုပါတယ်။
နောက်ထပ်ကြေငြာသွားတဲ့ထူးခြားချက်တွေကတော့ Google maps မှာ အဆောင်အအုံအတွင်းပိုင်းတွေကင်မရာနဲ့ AR ကိုအသုံးပြုပြီးတည်နေရာရှာဖွေနိုင်မှာဖြစ်ပါတယ်။
Cinematic photo ကတော့ AI ကိုအသုံးပြုပြီး ဓာတ်ပုံတွေကိုပေါင်းစပ်ကာ live photo ထုတ်ပေးမှာဖြစ်ပါတယ်။ဒါတွေကတော့ Google I/O conference မှာကြေငြာသွားတဲ့ Software product အသစ်တွေပဲဖြစ်ပါတယ်။
Author : Hein Htet
Ref : theverge