Apple ရဲ့ Spring loaded event မှာမိတ်ဆက်သွားတဲ့ထုတ်ကုန်အသစ်များ
Apple ကမနေ့က Spring loaded event ကို Online မှကျင်းပသွားပြီး Apple ရဲ့ Official website မှ Live လွှင့်သွားပါတယ်။ ဒီ event မှာမိတ်ဆက်သွားတဲ့ Device အသစ်တွေထဲမှာအားလုံးမျော်လင့်ထားတာတွေလည်းပါခဲ့သလိုထင်မထားတာတွေကိုလည်းမိတ်ဆက်သွားခဲ့ပါတယ်။
M1 chipset နဲ့ iPad pro
Apple ကသူ့ရဲ့ M1 chipset ရဲ့အောင်မြင်မှုကို iPad တွေမှာပါပထမဆုံးအကြိမ်ထည့်သုံးလိုက်ပါပြီ။ မနှစ်က Macbook တွေနဲ့မိတ်ဆက်သွားခဲ့တဲ့ ပထမဆုံး Apple sillicon chipset တွေကို Producitivity နဲ့ Gaming အတွက် iPad pro 11 inches နဲ့ 12.9 inches တို့မှာစျေးနှုန်း ဒေါ်လာ ၈၀၀ နဲ့ ဒေါ်လာ ၁၀၉၉ တို့အသီးသီးနဲ့ ဝယ်ယူရရှိနိုင်မှာပါ။ iPad Pro အသစ်တွေမှာပါဝင်လာတဲ့နောက်ထပ် လုပ်ဆောင်ချက်အသစ်ကတော့ Center stage လို့ခေါ်တဲ့အရှေ့ဘက်က 12 MP ultra wide engle ကင်မရာကိုအသုံးပြုပြီး Vidoe call ပြောတဲ့အခါမှာ လူကို screen ရဲ့အလည်တည့်တည့်ရောက်နိုင်အောင်အလိုအလျှောက်ချိန်ညှိပေးတဲ့ လုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။
တစ်ရာဖိုးလေးခုတန် Air tag
Apple ကနောက်ထပ်မိတ်ဆက်လိုက်တဲ့ထူတ်ကုန်အသစ်ကတော့ Air tag ဖြစ်ပါတယ်။ ဒီ Product ကတော့ လူတိုင်းကထွက်လာမယ်လို့ပြောထားတဲ့အတိုင်းပဲ တစ်ကယ်ထွက်လာပါတယ်။ Air tag ကို Find my App ကနေရှာဖွေနိုင်မှာဖြစ်ပြီး U1 chipset ပါဝင်တဲ့ ဘယ် iPhone နဲ့ဖြစ်ဖြစ်တွဲသုံးလို့ရပါတယ်။ Air tag ကိုရှာဖွေတဲ့နည်းပညာကိုတော့ Precision finding လို့ Apple က နာမည်ပေးထားပါတယ်။ U1 chip က Air tag နဲ့ iPhone ကြားကအကွာအဝေးကိုအတိအကျပြပေးပြီး iPhone က camera , Gyroscope , Accelerometer တို့သုံးပြီးအတိအကျရှာဖွေပါတယ်။ Air tag ကိုတော့ တစ်ခုကို 29 ဒေါ်လာ လေးခုကို ဒေါ်လာ ၁၀၀ နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Air tag မှာတော့ Built in speaker နဲ့ Haptic feedback တို့ပါဝင်မှာဖြစ်ပါတယ်။
အသစ်ပြန်လည်ထုတ်လုပ်လိုက်တဲ့ M1 chipset နဲ့ အရောင်စုံ iMac
Apple က iMac အသစ်ကို 2003 ခုနှစ်တုန်းကထုတ်ခဲ့ iMac G3 အတိုင်းအရောင်အသွေးစုံလွင်စွာနဲ့တစ်ဖန်ပြန်ထုတ်လာပါပြီ။ အခု iMac အသစ်မှာတော့ M1 chipset ပါဝင်မှာဖြစ်ပြီး 24 လက်မ 4.5k display လည်းပါဝင်ဦးမှာဖြစ်ပါတယ်။ display မှာတော့ iPhone တွေမှာလို True tone လုပ်ဆောင်ချက်ပါဝင်မှာဖြစ်တဲ့အပြင် 1080p web camera လည်းပါဝင်ဦးမှာဖြစ်ပါတယ်။ USB c port လေးခုနဲ့ Thunder Bolt နှစ်ခုပါဝင်မှာဖြစ်သလို iMac အသစ်ရဲ့ Power adaptor မှာ Built in ethernet ကိုထည့်သွင်းတည်ဆောက်ထားပါသေးတယ်။ iMac နဲ့အတူ တွဲပါတလာတာကတော့ Touch ID နဲ့ Magic Keyboard ပဲဖြစ်ပါတယ်။ Touch ID ကြောင့် iMac မှာ User အပြောင်းအလဲကိုလွယ်လွယ်ကူကူပဲလုပ်နိုင်မှာဖြစ်ပါတယ်။ ရိုးရိုး iMac ကတော့စျေးနှုန်း 1299 ဒေါ်လာနဲ့ဝယ်ယူနိုင်မှာဖြစ်ပြီး Touch ID ပါဝင်တဲ့ magic keyboard , Ethernet , Thunderbolts နှစ်ပေါက် , USB သုံးပေါက်အစရှိတဲ့ လုပ်ဆောင်ချက်တွေပါဝင်တဲ့ iMac ကတော့ 1499 ဒေါ်လာကျသင့်မှာဖြစ်ပါတယ်။
ခရမ်းရောင်နဲ့ ရနိုင်မဲ့ iPhone 12 , iPhone 12 mini
Apple ကတော့ iPhone 12 ရဲ့လက်ရှိရောင်းအားကိုထပ်မြင့်ချင်သေးတယ်နဲ့တူပါတယ်။ iPhone 11 မှာနာမည်ကြီးတဲ့မိန်းကလေးတွေအကြိုက် ခရမ်းရောင်ကို iPhone 12 နဲ့ 12 mini line up မှာ ထပ်ထည့်ပေးခဲ့ပြီး April 30 မှာစတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
A12 Bionic chip နဲ့လာမဲ့ Apple TV 4k
iPhone Xs , Xs Max နဲ့ XR တို့မှာသုံးထားတဲ့ A12 chipset ကို Apple TV မှာအသစ်မှာပါဝင်လာမှာဖြစ်ပါတယ်။ HDR နဲ့ Frame rate မြင့်တဲ့ Video တွေ Play နိုင်မှာဖြစ်ပြီး 32 GB version ကို 179 ဒေါ်လာ, 64 GB version ကို 199 ဒေါ်လာနဲ့ May လမှာစတင်ဝယ်ယူနိင်မှာဖြစ်ပါတယ်။ TV remote ကိုလည်းအသစ်ပြန်လည်ပြုပြင်ထားပြီး အသံနဲ့ခိုင်းစေနိုင်မဲ့ siri ခလုတ်ကိုလည်း remote မှာထည့်သွင်းပေးထားပါတယ်။
Author : Hein Htet
Ref : apple.com