ထုတ်လုပ်မှုရပ်ဆိုင်းမယ်ဆိုတဲ့ကောလဟာလတွေကိုငြင်းပယ်ပြီးထွက်လာဖို့အတည်ပြုလိုက်တဲ့ Google Pixel 5a 5G
Google ကတော့ သူတို့ရဲ့ Pixel ဖုန်းအသစ်ကိုတရားဝင်ကြေငြာလိုက်ပါတယ်။ဒီဖုန်းကတော့ Google Pixel 4a 5G ရဲ့အဆက်ဖြစ်ပြီး Pixel 5a ဖြစ်ပါတယ်။ ဒီဖုန်းကို Google ကထုတ်လုပ်မှုရပ်ဆိုင်းတော့မယ်လို့သတင်းတွေကို Google ကငြင်းဆန်ပြီးဆက်ထုတ်သွားမှာဖြစ်ပါတယ်။ Google က Pixel 5a ဖုန်းနဲ့ပတ်ပြီးပြီးကြေငြာချက်တစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။
Google pixel 5a ဖုန်းကိုဆက်လက်ထုတ်လုပ်သွားမှာပါ။ မနှစ်က a-series ဖုန်းတွေကိုမိတ်ဆက်ခဲ့တဲ့အချိန်မှာပဲဒီနှစ်လည်း Pixel 5a ဖုန်းကို US နဲ့ Japan နိုင်ငံတို့မှာဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Android central က ဒီဖုန်းကို Google ကထုတ်လုပ်မှုရပ်ဆိုင်းမယ်လို့ဖော်ပြခဲ့ပြီး Google ကတော့ Pixel 5a ဖုန်းကို US နဲ့ Japan နှစ်နိုင်ငံအတွက်ပဲထုတ်လုပ်သွားဖို့စီစဉ်ထားပါတယ်။
Google ရဲ့ကြေငြာချက်ထဲမှာမနှစ်က a-series ဖုန်းတွေမိတ်ဆက်သွားတဲ့အချိန်အတိုင်းပဲ Pixel 5a ကိုမိတ်ဆက်မယ်ဆိုတော့ မနှစ်က a -series ဖုန်းကိုမိတ်ဆက်သွားတဲ့အချိန်က August ဆိုတော့ ဒီနှစ် online ကနေပဲကျင်းပမဲ့ Google I/O developer conference မှာမိတ်ဆက်သွားဖို့ရှိပါတယ်။
Google နဲ့ပတ်သက်တဲ့နောက်ထပ်ကောလဟာလတစ်ခုကတော့ Pixel ဖုန်းတွေရဲ့ နောက်ဆုံးပေါ်ဖြစ်လာမဲ့ Pixel 6 ပဲဖြစ်ပါတယ်။ဒီဖုန်းမှာ Google က သူရဲ့ကိုယ်ပိုင် SOC တွေသုံးလာမယ်လို့ထင်ကြေးပေးကြပါတယ်။
Author : Hein Htet
Ref: the verge