Cookies ဆိုသည်မှာ?

Cookies ဆိုတာ web server ကနေကွန်ပြုတာထဲမှာသိုလှောင်ထားတဲ့ Text files သေးသေးလေးတွေဖြစ်ပါတယ်။website တစ်ခုကိုဝင်ကြည့်လိုက်ရင် အဲ့ website ရဲ့ webserver ကနေ ကွန်ပြုတာထဲကိုသွင်းပေးလိုက်တဲ့ Text files လေးတွေဖြစ်ပါတယ်။အဲ့ Text files လေးတွေမှာ website ကိုသွားလည်ခဲ့တုန်းကအချက်အလက်‌Data လေးတွေပါဝင်ပြီး webserver ကသင်အဲ့ website ကိုသွားလည်တဲ့အခါတိုင်းလိုအပ်တဲ့အချက်အလက်တွေကိုခဏခဏတောင်းနေစရာမလိုတော့ပါဘူး။ downtime ကိုလျှော့ချပစ်တာပါ။

Cookies တွေဟာပုံမှန်အားဖြင့် Personal registration တွေဖြစ်တဲ့နာမည်,နေရိပ်လိပ်စာ,အသက်, online shopping sites တွေမှာဆိုရင်ဘာတွေဝယ်ခဲ့လဲ,Payment information, ကိုယ်ကြိုက်တဲ့ webpage ရဲ့ Layout , ကိုယ် map မှာရှာခဲ့တဲ့နေရာအစရှိသဖြင့် သိမ်းထားတက်ပါတယ်။သူတို့ကဘယ်သူတွေကိုအကူအညီပေးလဲဆိုတော့ webserver တွေအတွက်သင့်ရဲ့ပုဂ္ဂိုလ်ရေးရာကြိုက်နှစ်သက်မှုတွေကိုထပ်ခါထပ်ခါတောင်းနေစရာမလိုတော့ပါဘူး။

Cookies လို့ဘာလို့ခေါ်ကြတာလဲ?

တစ်ချို့ပြောကြတာကတော့ Cookies ဆိုတဲ့စကားလုံးဟာ Unix Operating system ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Magic cookies ဆိုတဲ့စကားလုံးကနေဆင်းသက်လာတယ်လို့ပြောကြပါတယ်။

တစ်ချို့ကတော့ Germany ပုံပြင်ဖြစ်တဲ့ Hansel and Gretel ကဆင်းသက်လာပြီးသူတို့ရဲ့အိမ်ပြန်လမ်းကို cookies အစအနလေးတွေချန်ထားခဲ့ရာကနေဖြစ်ပေါ်လာတယ်လို့လဲဆိုကြပါတယ်။

Computer cookies တွေဟာအန္တရယ်ရှိလား?

အရိုးရှင်းဆုံးအဖြေကတော့ကွန်ပြူတာ Cookies တွေဟာအန္တရယ်မရှိပါဘူး။ဒါပေမဲ့တစ်ချို့ website နဲ့ search engine တွေဟာ cookies တွေကိုအသုံးပြုပြီးအသုံးပြုသူရဲ့အင်တာနက်အသုံးပြုမှုကိုထောက်လှမ်းနေပြီး အသုံးပြုသူရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို အသုံးပြုသူကိုယ်တိုင်မသိလိုက်ပဲ data ရောင်းစားမှုတွေရှိနေပါတယ်။

Cookies တွေဟာ ကိုယ့်အပေါ် Spy လုပ်နေလား?

Cookies တွေဟာ Program နဲ့ Task တွေကိုအောင်မြင်စွာလုပ်ဆောင်နိုင်ခြင်းမရှိတဲ့ရိုးရှင်းတဲ့ Plain text ဖိုင်လေးတွေဖြစ်ပါတယ်။ပြီးတော့သူတို့ဟာသင့် Harddrive ပေါ်မှာဘာတွေသိမ်းထားလည်းဆိုတာကိုလည်းကြည့်နိုင်စွမ်းမရှိပါဘူး။နောက်တစ်ချက်က Cookies တွေကိုချပေးခဲ့တဲ့ webserver ကိုယ်တိုင်ပဲဝင်ပြီးဖတ်လို့ရတာဖြစ်တဲ့အတွက်တစ်ခြား webserver တွေကသူ့တို့ချပေးခဲ့ cookies တွေမဟုတ်ရင်ဝင်ကြည့်လို့မရပါဘူး။

First party နဲ့ third party cookies

ပုံစံနှစ်မျိုးစလုံးကတော့သင့် computer ထဲမှာသိမ်းတာပါပဲ။ဒါပေမဲ့ဘယ်သူကလုပ်တာလဲနဲ့အသုံးပြုပုံခြင်းကတော့နဲနဲကွာပါသေးတယ်။ First party cookies ကတော့သင်သွားလည်တဲ့ website ကိုယ်တိုင်ကဖန်တီးထားတာဖြစ်ပြီး third-party cookies ကတော့ သင်သွားလည်ခဲ့ဖူးတဲ့တခြား site ကနေဖန်တီးထားတာပါ။ဘယ်လိုဖြစ်ဖြစ် cookies ကိုဖန်တီးထားတဲ့သူပဲဝင်ကြည့်လို့ရမှာပါ။ Third party cookies တွေကသင်မသိလိုက်တဲ့အချိန်မှာတောင် သင့် computer ထဲမှာသိမ်းသွားနိုင်ပါတယ်။ပြီးတော့အဲ့ cookies ကိုတစ်ခြား site တစ်ခုကဖန်တီးထားတယ်ဆိုတာလည်းသိနိုင်ဖို့ကခဲယဉ်းပါတယ်။အဲ့တာကြောင့်တစ်ချို့ browser တွေက third-party cookies တွေကိုအလိုအလျှောက် block လုပ်ပေးတာပါ။

Cookies တွေဟာအင်တာနက်အသုံးပြုမှုကိုပိုမိုကောင်းမွန်ဖို့အတွက်ဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ကံမကောင်းစွာနဲ့တစ်ချို့ site တွေနဲ့ အင်တာနက်မှာကြော်ငြာသူတွေဟာ မသမာတဲ့အသုံးပြုမှုတွေကိုသုံးနေကြပါတယ်။ Cookies တွေကိုသုံးပြီး ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုရှာဖွေတာတွေ,သူတို့ကြေငြာရောက်ချင်တဲ့လူတွေကိုပစ်မှတ်ထားတာတွအစရှိတာကြောင့်နောက်ပိုင်းမှာ cookies အသုံးပြုမှုကို အသုံးပြုသူ‌တွေကိုယ်တိုင်ကမေးခွန်းထုတ်လာရတာပဲဖြစ်ပါတယ်။

Author: Hein Htet

Ref: lifewire

Previous
Previous

ထုတ်လုပ်မှုရပ်ဆိုင်းမယ်ဆိုတဲ့ကောလဟာလတွေကိုငြင်းပယ်ပြီးထွက်လာဖို့အတည်ပြုလိုက်တဲ့ Google Pixel 5a 5G

Next
Next

Asus နဲ့ပူးပေါင်းပြီး Gaming phone ထုတ်ဖို့ပြင်နေတဲ့ Qualcomm