US မှာစတင် သုံးလို့ရပြီဖြစ်တဲ့ Facebook ရဲ့ Live Audio Room နဲ့ Podcast

လပေါင်းများစွာစမ်းသပ်ပြီးနောက်မှာတော့ facebook ဟာ၄င်းတို့ရဲ့ Audio focused feature ၂ခုဖြစ်တဲ့ Live Audio Rooms နဲ့ Podcast တို့ကို US မှာစတင်အသုံးပြုလို့ရအောင်ဖြန့်ချိလိုက်ပြီဖြစ်ပါတယ်။Live Audio Rooms ကို US က ‌သတ်မှတ်ရွေးချယ်ထားတဲ့ Public figure အချို့နဲ့ facebook group အချို့မှာစတင်အသုံးပြုလို့ရမှာဖြစ်ပြီး iOS user တွေအရင်ရမှာဖြစ်ပါတယ်။

Live Audio Room feature ဟာလက်ရှိမှာ လူသုံးများနေတဲ့ audio chatroom app ဖြစ်တဲ့ Clubhouse ကို ပုံစံယူထားတာဖြစ်ပြီး facebook မှာ built In ပါ၀င်လာမှာပဲဖြစ်ပါတယ်။ User တွေဟာ public figures တွေရဲ့  live conversation တွေကိုရှာဖွေကာ ၀င်ရောက်နားဆင်နိုင်မှာဖြစ်ပြီး room တစ်ခုမှာ ဆွေးနွေးသူ Public Figure အယောက် ၅၀ ထိ ပါ၀င်နိုင်မှာဖြစ်ပြီး နားထောင်နိုင်တဲ့ audience အရေအတွက်ကတော့အကန့်အသတ်မရှိပါဘူး။

facebook.jpg



 

Group တွေရဲ့ Live Audio Room မှာတော့ admin တွေ mod တွေ ရဲ့ Live Audio လုပ်နိုင်ခွင့်ကို ကန့်သတ်လို့ရမယ့် feature တွေပါ၀င်ပြီး Public group ရဲ့ Live Audio တွေမှာ လူတိုင်း join နိုင်ပြီး private group တွေမှာတော့ member တွေပဲ join နိုင်မှာဖြစ်ပါတယ်။ အခြား feature တွေအနေနဲ့ donation နဲ့ fund-rising တွေပါ၀င်မှာဖြစ်ပြီး မေးခွန်းတွေမေးဖို့အတွက် raise a hand button စတာတွေပါ၀င်မှာပါ။

1facebook.jpg

Podcast ကိုတော့ US က iOS user တွေအရင်ဆုံး access ရမှာဖြစ်ပြီး Facebook Podcast page နဲ့ newsfeed ကနေတဆင့်နားထောင်နိုင်မှာဖြစ်ပြီး mini-player တစ်ခု ဒါမှမဟုတ် full screen player နဲ့နားထောင်ရမှာပါ။နောက်ပိုင်းမှာ caption နဲ့ clip feature တွေပါပါ၀င်လာမယ်လို့ facebook ကဆိုထားပါတယ်။

Previous
Previous

တစ်ရက်ထဲအတူထွက်လာတဲ့ MediaTek chipset သုံး တန်ဖိုးသင့် 5G phone ၂လုံး

Next
Next

Microsoft ရဲ့ Window 11 မှာမျှော်လင့်မိသော feature များ