တစ်ရက်ထဲအတူထွက်လာတဲ့ MediaTek chipset သုံး တန်ဖိုးသင့် 5G phone ၂လုံး

Entry level နဲ့ budget smartphone တွေရဲ့စျေးကွက်ကိုအခုချိန်မှာကြီးစိုးနေတာကတော့ Qualcomm ရဲ့ Snapdragon chipset သုံးထားတဲ့ smartphone တွေမဟုတ်တော့ပဲ MediaTek ရဲ့ Helio နဲ့ Dimensity chipset တွေကိုသုံးထားတဲ့ smartphone တွေပဲဖြစ်ပါတယ်။ MediaTek အနေနဲ့ Helio G series comeback ပြန်လုပ်ပြီးနောက်ပိုင်းမှာ Smartphone company တော်တော်များများက သူတို့ရဲ့ entry နဲ့ budget level phone တော်တော်များများမှာအသုံးပြုလာကြပါတယ်။ 2021 ခုနှစ်အတွက် Smartphone တော်တော်များများရဲ့  focus ဟာ 5G ဖြစ်လာခဲ့ပြီး ဒီလိုအပ်ချက်ကို MediaTek ကသူတို့ရဲ့ တန်ဖိုးသင့် 5G chipset ဖြစ်တဲ့ Dimensity 700 5G နဲ့ဖြည့်ဆည်းပေးခဲ့ပြီး ဒီနေ့ India မှာ အဆိုပါ chipset ကိုအသုံးပြုထားတဲ့ 5G smartphone တွေကို Vivo နဲ့ realme ကအသီးသီးမိတ်ဆက်ခဲ့ကြပါတယ်။

Vivo V20e 5G

Vivo V20e 5G

ယနေ့ India မှာမိတ်ဆက်ခဲ့ပြီး 7nm process ကိုအသုံးပြုထားတဲ့ MediaTek Dimensity 700 ကိုအသုံးပြုပေးထားပြီး 5G modem ပါ၀င်ပါတယ်။ Ram 8GB နဲ့ Storage 128GB ပါ၀င်တဲ့ Vivo V21e 5G မှာ 6.44” FHD+ AMOLED Display ကိုတပ်ဆင်ပေးထားပြီး HDR 10 နဲ့ High refresh rate တွေတော့ပါ၀င်ခြင်းမရှိပါဘူး။ Camera ပိုင်းမှာတော့ 64MP main camera နဲ့ 8MP ultra wide lens ပါတဲ့ dual camera ကိုအသုံးပြုပေးထားပြီး depth sensor နဲ့ macro lens တို့ကိုဖြုတ်ချခဲ့ပါတယ်။ Selfie camera အတွက်တော့ 32 MP lens ကိုတပ်ဆင်ပေးထားပါတယ်။

vv.jpg

4000mAh ရှိတဲ့ battery ကို 44W fast charging နဲ့အားသွင်းမှာဖြစ်ပြီး 0% ကနေ 72% ကို မိနစ် 30 အတွင်းဖြည့်ပေးနိုင်မယ်လို့ဆိုပါတယ်။ color အားဖြင့် Dark pearl နဲ့ Sunset Jazz ဆိုပြီး ၂မျိုးလာမှာဖြစ်ပြီး တစ်ခုထဲသော version ဖြစ်တဲ့ 8+128 version  အတွက် Rupee 24,999 ကျသင့်မှာပါ။

Realme Narzo 30 5G

Realme Narzo 30 5G

Vivo ထက်နည်းနည်းစောမိတ်ဆက်ခဲ့တဲ့ realme Narzo 30 5G မှာလဲ 5G အတွက် MediaTek Dimensity 700 ကိုပဲအသုံးပြုထားပြီး Ram 6GB, Rom 128GB တို့နဲ့တွဲဖက်ပေးထားပါတယ်။ဒါ့အပြင် expandable micro SD card slot လဲပါ၀င်ပါသေးတယ်။  6.5-inch FHD+ ရှိတဲ့ IPS LCD Display ကိုအသုံးပြုပေးထားပြီး 90Hz refresh rate ပါ၀င်ပါတယ်။ 48MP main camera, 2MP monochrome နဲ့ 2MP macro lens တို့ပါ၀င်တဲ့ triple camera setup ကိုအသုံးပြုပေးထားပြီး selfie ကတော့ 16MP ပါ။ 5000mAh battery ကို 18W charging နဲ့ တွဲဖက်ထားပြီး realme ကတော့ standby time ဟာတစ်လကျော်တိတိခံနိုင်တယ်လို့ဆိုထားပါတယ်။ June လ 30 ရက်နေ့မှာစတင်ရောင်းချမှာဖြစ်ပြီး Rupee 15,499 ကျသင့်ကာ Racing Blue နဲ့ Racing silver ဆိုတဲ့ color ၂ခုနဲ့၀ယ်ယူရရှိနိုင်မှာပါ။

realme.jpg`.jpg
Previous
Previous

UI ပိုင်းပြောင်းလဲမှုအကြီးဆုံးတွေနဲ့အတူ Android app တွေတင်သုံးလို့ရတော့မယ့် Window 11

Next
Next

US မှာစတင် သုံးလို့ရပြီဖြစ်တဲ့ Facebook ရဲ့ Live Audio Room နဲ့ Podcast