UI ပိုင်းပြောင်းလဲမှုအကြီးဆုံးတွေနဲ့အတူ Android app တွေတင်သုံးလို့ရတော့မယ့် Window 11

Microsoft ကမနေ့က Window 10 ရဲ့မျိုးဆက်သစ် Window 11 ကိုမိတ်ဆက်လိုက်ပါတယ်။ဒီ Update က Mac OS ပေါ်မှာ iPhone app တွေကိုသုံးနိုင်တယ်ဆိုတာရဲ့အဖြေပါပဲ။ဒီ Window 11 ရဲ့အဓိကအချက်တွေကတော့ UI ပိုင်းအသုံးပြုရတာရိုးရှင်းအောင်လုပ်ထားတာရယ်, Multitasking အတွက် စွမ်းဆောင်ရည်မြင့်အောင်လုပ်ထားတာနဲ့ နောက်ဆုံးကတော့ Android app တွေကို Window ပေါ်မှာ Native Run နိုင်အောင်လုပ်ပေးလာတာရယ်ပါ။

windows_11_3.jpg

Window 11 တင်လိုက်ရင်ပထမဆုံးမြင်ရမှာက Start menu ကိုအသစ်နဲ့ start button ကို taskbar ရဲ့အလယ်ခေါင်တည့်တည့်ကိုပြောင်းထားလိုက်တာပါ။ Window 7 ကနေ Window 8 ကိုပြောင်းတော့ start menu ကိုလည်းကြီးကြီးမားမားပြောင်းလိုက်တာသတိထားမိကြမှာပါ။နောက်တော့ Window 8 ရဲ့ start menu ကိုမကြိုက်ကြလို့ Window 10 မှာ Window 7 နဲ့ ခပ်ဆင်ဆင် start menu လိုမျိုးပြန်ပြောင်းလိုက်ရပါတယ်။အဲ့တော့ အခု Window 11 ရဲ့ start menu ဒီဇိုင်းကလည်းဘယ်လိုလာမလဲဆိုစောင့်ကြည့်ရမှာပါ။ဒီ UI ကအရင်တုန်းက Window 10X ဆိုပြီး Dual monitor တွေအသုံးပြုရတာလွယ်ကူဖို့အတွက်စီစဉ်ထားတဲ့ project ပါ။ဒါကို Microsoft ကဖျက်သိမ်းလိုက်ပြီး Window 11 မှာထုတ်ပေးလိုက်တာပါ။

windows-11-release-date-new-start-menu-release-date-leaked-build-and-more.jpg

Window 11 ရဲ့ Snap layouts က Window 11 support လုပ်တဲ့ App တွေကိုလွယ်လွယ်ကူကူနဲ့ ကိုယ်ကြိုက်တဲ့ ဒီဇိုင်းပြောင်းလို့ရနိုင်တာပါ။ဒါဟာ Daul monitor နဲ့ App တွေသုံးလေးငါးခုတစ်ချိန်ထဲမှာအသုံးပြုနိုင်အောင်လုပ်ပေးလိုက်တဲ့သဘောပါပဲ။ Dual monitor ကိုဖြုတ်ပြီးပြန်တပ်လိုက်ရင်အသုံးပြုခဲ့တဲ့ App တွေက သုံးခဲ့အတိုင်းပဲသုံးလက်စနေရာမှာပဲရှိနေမှာပါ။

Zoom , Facetime နဲ့ google meet တို့ကိုယှဉ်ပြိုင်ဖို့အတွက် Microsoft Team ကို Window 11 မှာတိုက်ရိုက်ထဲ့ပေးလိုက်ပြီပဲဖြစ်ပါတယ်။ Microsoft ကသူတို့ပိုင်တဲ့ skype ကို Team နဲ့ ပေါင်းလိုက်ပြီပဲဖြစ်ပါတယ်။

နောက်တစ်ခုကတော့ Widget တွေကိုအသုံးပြုနိုင်ပြီး ဒီ Widget တွေကို AI နဲ့ Enhancement လုပ်ထားတာပဲဖြစ်ပါတယ်။ Window 10 မှာမိတ်ဆက်ခဲ့တဲ့ Widget တွေပေါ်မှာပဲပြန်လည်တည်ဆောက်ထားတာဖြစ်ပါတယ်။

Android_Collection_1024x683.png

နောက်ဆုံးအကြီးမားဆုံးပြောင်းလဲမှုကတော့ Android App တွေကို Window 11 ပေါ်ခေါ်တင်လာပဲဖြစ်ပါတယ်။အခု Microsoft store အသစ်က အရင် Window app store မှာမရှိခဲ့တဲ့ App တွေကိုရရှိနိုင်မှာဖြစ်ပါတယ်။အဲ့ထဲမှာ Adobe ထုတ်ကုန်တွေနဲ့ Android app တွေဖြစ်တဲ့ Tiktok တို့ Instagram တို့ပါပါဝင်လာမှာဖြစ်ပါတယ်။ ဒါကိုဖြစ်နိုင်ဖို့အတွက် Microsoft က Amazon နဲ့ intel တို့နဲ့ပူးပေါင်းခဲ့ရပါတယ်။နောက်ပြီး intel bridge technology ကိုလည်းအသုံးပြုထားပြီး Android app နဲ့ Window app တွေကိုဘေးချင်းယှဉ်ပြီး Run ပြသွားပါတယ်။ Window 11 နဲ့ပတ်သတ်ပြီးထွက်လာမဲ့ရက်ကိုတော့အတိအကျမသိရသေးပါဘူး။

Author : Hein Htet

Ref: theverge

Previous
Previous

Tecno ရဲ့ပထမဆုံး Premium phone ဖြစ်လာတဲ့ Tecno Phantom X

Next
Next

တစ်ရက်ထဲအတူထွက်လာတဲ့ MediaTek chipset သုံး တန်ဖိုးသင့် 5G phone ၂လုံး