Tecno ရဲ့ပထမဆုံး Premium phone ဖြစ်လာတဲ့ Tecno Phantom X
Tecno ကိုသူတို့ရဲ့ entry level နဲ့ budget phone တွေကြောင့်လူသိများကြပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ Tecno က Premium level ကိုစတင်ခြေလှမ်းတဲ့အနေနဲ့ sub-brand အသစ်တစ်ခုအဖြစ် Phantom X လို့ခေါ်တဲ့ premium smartphone အသစ်ကိုမိတ်ဆက်သွားပါတယ်။ High-end ဖြစ်တဲ့ feature တွေအပြင် Hi-res camera တွေပါပါ၀င်ပါတယ်။
90Hz ပါတဲ့ 6.7” FHD+ SuperAMOLED Display ကိုသုံးထားပြီး curved display ဖြစ်ပါတယ်။ Under-display fingerprint scanner ပါရှိပြီး 0.4 second အတွင်း unlock လုပ်နိုင်မယ်လို့ဆိုပါတယ်။ အရှေ့ဖက်နဲ့ကျောဖက်၂ဖက်စလုံးကို Gorilla Glass 5နဲ့ အုပ်ပေးထားပါတယ်။
ကျောဖက်မှာ တော်တော်ကြီးမားတဲ့ 1/1.3” sensor နဲ့ 50MP lens ကို main အဖြစ်အသုံးပြုထားပြီး 1.2µm native pixel ရှိကာ binning နဲ့ဆို 2.4µm ထိရှိလာမှာပါ။ 13MP telephoto lens နဲ့ 8MP ultra lens တို့အပြင် f/1.85 aperture ရှိတဲ့ Laser auto focus နဲ့ quad-LED flash လဲပါပါသေးတယ်။ selfie မှာတော့ 48MP နဲ့ 8MP ultra-wide lens ပါတဲ့ dual selfie camera setup ကိုသုံးထားပါတယ်။
အားမရဆုံးအပိုင်းကတော့ chipset ပိုင်းပဲဖြစ်ပြီး MediaTek ရဲ့ Helio G95 ကို Ram 8GB, 256GB storage နဲ့ တွဲဖက်အသုံးပြုထားပါတယ်။
4700mAh ရှိတဲ့ battery ကို 33W charging နဲ့အားသွင်းမှာပါ။
နောက်လထဲမှာရောင်းချသွားမှာဖြစ်ပြီး စျေးနှုန်းကိုတော့မသိရသေးပါဘူး။