Mediatek Dimensity 1200 နဲ့ထွက်လာနိုင်ချေရှိတဲ့ OnePlus Nord 2
Budget ဖုန်းအနေနဲ့အတော်အသင့် နာမည်ရထားတဲ့ OnePlus Nord ဖုန်းရဲ့မျိုးဆက်သစ် OnePlus Nord 2 ဟာ Mediatek Dimensity 1200 SOC ကိုအသုံးပြုပြီးထွက်လာနိုင်တယ်လို့သတင်းတွေထွက်နေပါတယ်။ လွန်ခဲ့တဲ့အပတ်လောက်က Leak ဖြစ်လာတာပါ။ထွက်လာတဲ့သတင်းတွေထဲကတစ်ခုဟာ Storage configuration 8GB + 128GB , 12GB + 256G နှစ်မျိုးလာနိုင်ပြီး July လလောက်မှာမိတ်ဆက်လာနိုင်တယ်လို့လဲဆိုပါတယ်။ AI Benchmark မှာ OnePlus Nord 2 ဟာ RAM 8GB , Android 11 အပြင် AI performance ပိုင်းမှာ Snapdragon 888 processor သုံးထားတဲ့ Samsung Galaxy S21 Ultra (128GB ) နဲ့ S21+ 8GB တို့ထက်ပိုပြီးကောင်းလာနိုင်တယ်လို့လဲဖော်ပြထားပါတယ်။
တစ်ခြား Configuration အနေနဲ့ ကတော့ OnePlus Nord 2 မှာ 6.34 inch Full HD + AMOLED display ကိုမှ 90Hz refresh rate နဲ့ဖြစ်တယ်လို့သတင်းတွေထွက်နေပါတယ်။ ဒီဖုန်းဟာ Realme X9 pro ကိုပြန်လည်ထုတ်လုပ်လာမဲ့ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။ ဓာတ်ပုံနဲ့ကင်မရာပိုင်းမှာတော့ OnePlus Nord 2 ဟာ 50 megapixel sensor ကို 8 megapixel sensor နဲ့နောက်ထပ် 2 megapixel sensor ကိုအသုံးပြုပြီး ကင်မရာသုံးလုံး နဲ့ထွက်လာနိုင်ပါတယ်။ အရှေ့ဘက်မှာတော့ 32 Megapixel အပြင် Battery က 4500 mAh ကိုမှ Indisplay fingerrprint နဲ့တွဲဖက်ပြီးထွက်လာနိုင်ပါတယ်။
Author: Hein Htet
Ref: 360Gadgets