Harmony OS 2.0 နဲ့စတင်ရောင်းချနေပြီဖြစ်တဲ့ Mate X2 4G
Zawgyi version below
US နဲ့ trade war ကြောင့် 5G အစိတ်အပိုင်းတွေရယူမှုအခက်အခဲကြောင့် Huawei Mate X2 ဟာ ထုတ်ပြီးသား Mate X2 5G ကို 4G model နဲ့ပဲပြန်လည်ထုတ်လုပ်ခဲ့ပြီး Harmony OS 2.0 ကိုသုံးစွဲနိုင်မှာပါ။
ခေါက်ချိုးနိုင်တဲ့ Mate X2 ဟာ reviewer တွေကြားမှာအကောင်းဝေဖန်မှုများပြားခဲ့ပြီး အခုအသစ်ထွက်လာတဲ့ 4G version ကလည်း 5G မဟုတ်တာကလွဲရင်အထဲက SOC တွေ Hardware ပိုင်းတွေကလည်းအကုန်တူတူပါပဲ။ Kirin 9000 chipset ကိုနှစ်ခုလုံးမှာသုံးထားပါတယ်။
ဒါပေမဲ့ ဈေးနှုန်းပိုင်းမှာတော့အရင် 5G ထက် 47 ဒေါ်လာလောက်သက်သာသွားပါတယ်။ အရင် Mate X2 ဟာ ကန်ဒေါ်လာ 2756 နဲ့ရောင်းချခဲ့ပြီး အခု 4G version ကတော့ 2709 ဒေါ်လာကျသင့်ပါတယ်။ဒေါ်လာ 2000 ကျော်ဖုန်းတစ်လုံးမှာဒီလောက်ကွာဟတာကသိပ်တော့မသိသာပါဘူး။နောက်ပြီး 5G မရတော့ဘူးဆိုတာကပိုကြီးတဲ့လက်လွှတ်လိုက်ရတဲ့ဆုံးရှုံးမှုပါ။
4G နဲ့ 5G နှစ်ခုပဲကွာခြားတာမဟုတ်ပါဘူး။နောက်ထပ်ကွာခြားမှုကတော့ 5G version မှာသုံးခဲ့တဲ့ Android 10 အစား အခု 4G version မှာ Harmony OS 2.0 ကို update လုပ်ပြီးပြောင်းလဲသုံးစွဲနိုင်တဲ့ပထမဆုံဖုန်းတစ်လုံးဖြစ်လာပါတယ်။
Harmony OS ကိုပြောင်းလဲသုံးစွဲနိုင်မှာ Mate X2 ခေါက်ချိုးဖုန်းတစ်လုံးထဲမဟုတ်ပါဘူး။ 4G version တွေဖြစ်တဲ့ Mate 40 pro, Mate 40E နဲ့ Nova8 Pro တို့လည်း သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒီဖုန်းတွေကလည်း 5G version Android ဖုန်းအဖြစ်အရင်ထွက်ခဲ့တဲ့ဖုန်းတွေပါ။
Author: Hein Htet
Ref: GSMarena
Zawgyi version
Author: Hein Htet
Ref: GSMarena