17 နှစ်အတွင်း Trillion တန်ကုမ္ပဏီဖြစ်လာတဲ့ Facebook

Mark Zuckerberg တည်ထောင်ခဲ့တဲ့ Facebook ဟာဈေးကွက်ဝေစု 1 trillion ကျော်နဲ့ကမ္ဘာ့ Trillion တန်ကုမ္ပဏီများစာရင်းထဲကိုဝင်သွားခဲ့ပါတယ်။ Yahoo Finance စာရင်းအရ မနေ့က တနင်္လာနေ့မှာဈေးကွက်အရင်းအနှီး 1.008 trillion ကျော်နဲ့ကုမ္ပဏီရဲ့သမိုင်းမှာပထမဆုံးဖြစ်ကျော်ခဲ့ပြီးရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။

facebook 2.jpg

လူသိများတဲ့ Facebook ရဲ့အခွဲ Software များကတော့ Facebook site အပါအဝင် Instagram, WhatsApp နဲ့ Oculus တို့ပဲဖြစ်ပါတယ်။ 1 trillion တန်ဖိုးကိုဖြတ်ကျော်ခဲ့တဲ့ US နည်းပညာကုမ္ပဏီတွေထဲမှာ Facebook က 2000 ပြည့်နှစ်မှာစတင်တည်ထောင်ခဲ့တဲ့ တစ်ခုတည်းသော သက်တမ်းအငယ်ဆုံးကုမ္ပဏီဖြစ်ပါတယ်။ Google ရဲ့ မိခင်ကုမ္ပဏီ Alphabet 1 trillion တန်ဖိုးကိုဖြတ်ကျော်ခဲ့ဘူးပေမဲ့ Google ကိုစတင်ထူထောင်ခဲ့တာ 1998 ခုနှစ်ဖြစ်ပါတယ်။ အဲ့တော့ Facebook ဟာ 1 trillion တန်ဖြစ်လာတဲ့ကုမ္ပဏီတွေထဲမှာသက်တမ်းအငယ်ဆုံးဖြစ်ပါတယ်။

1 trillion ကိုကျော်ခဲ့တဲ့ပထမဆုံး US နည်းပညာကုမ္ပဏီကတော့ Apple ဖြစ်ပြီး သူနောက်မှာတော့ Alphabet Inc, Amazon နဲ့ Microsoft တို့ပဲဖြစ်ပါတယ်။  Facebook ကတော့သက်တမ်းအငယ်ဆုံးဖြစ်ပြီး Mark Zuckerberg အနေနဲ့ 2004 ခုနှစ်က Harvard University ကသူ့အဆောင်မှာ စတင်တည်ထောင်ခဲ့တဲ့အချိန်ကနေဆို 17 နှစ်ရှိပါပြီ။

Author: Hein Htet

Ref: theverge

Previous
Previous

ကင်မရာပိုင်းအဆင်မြှင့်တင်မှုအဓိကတွေနဲ့ထွက်ရှိလာမဲ့ iPhone မျိုးဆက်သစ်

Next
Next

Harmony OS 2.0 နဲ့စတင်ရောင်းချနေပြီဖြစ်တဲ့ Mate X2 4G