ကင်မရာပိုင်းအဆင်မြှင့်တင်မှုအဓိကတွေနဲ့ထွက်ရှိလာမဲ့ iPhone မျိုးဆက်သစ်

iPhone 12S pro ဟာ iPhone ရဲ့နောက်ထပ်ထွက်ရှိလာမဲ့မော်ဒယ်အသစ်ဆိုပြီးသတင်းတွေထွက်နေပါတယ်။ ဒီ iPhone အသစ်မှာအဆင့်မြင့်တင်ထားတဲ့ Ultrawide ကင်မရာပါဝင်လာဖွယ်ရှိတယ်ဆိုပြီး Apple analyst Ming-Chi Kuo ကပြောဆိုထားပြီး ဒီ အဆင့်မြှင့်တင်မှုဟာ ထွက်ရှိလာတော့မယ့် iPhone မော်ဒယ်အသစ်အားလုံးမှာပါဝင်လာမယ်လို့လဲဆိုပါတယ်။

download.jfif

iPhone 12S pro ရဲ့ Ultrawide lens မှာ autofocus ပါဝင်လာနိုင်ပြီး အခု iPhone 12 pro ရဲ့ Ultrawide lens တွေဟာ fixed focus တွေဖြစ်ပါတယ်။ဒါဟာ iPhone နဲ့ဓာတ်ပုံရိုက်တက်သူများအဖို့ Regular wide နဲ့ telephoto lens နဲ့ video ရိုက်ရသလိုပဲပိုမိုကောင်းမွန်တဲ့ auto focus နဲ့ကိုယ်ရိုက်ချင်တဲ့အရာဝတ္ထုကိုအသားပေးရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ အသစ်ပါဝင်လာမဲ့ Ultrawide camera lens အသစ်ဟာ six-element lens ဖြစ်ပြီး regular wide camera lens ကလည်း six-element lens ဖြစ်လာနိုင်ပါတယ်။

ဒီလုပ်ဆောင်ချက်တွေဟာ Pro ဖုန်းတွေအတွက်သီးသန့်မဟုတ်ပဲ Apple က 2022 အတွက် iPhone မော်ဒယ်တွေအားလုံးမှာထုတ်ပေးနိုင်အောင်ပြင်ဆင်ထားတယ်လို့လဲဆိုပါတယ်။ တစ်ချို့တွေက 13 ဂဏန်းနဲ့ပတ်သက်တဲ့အယူအဆတွေရှိတဲ့အတွက် မော်ဒယ်အသစ်ကိုတော့ iPhone 12S လို့ခေါ်ဆိုနိုင်ချေရှိပါတယ်။ဒါမှမဟုတ် iPhone 8 ကနေ X ကိုကျော်ခဲ့သလိုမျိုးလည်း 13 ကိုကျော်ပြီး 14 လို့ခေါ်ဆိုနိုင်ချေရှိပါတယ်။

နောက် iPhone မော်ဒယ်နဲ့ပတ်သက်ပြီးတော့ကောလဟာလတွေကလည်းအများကြီးပါ။ Portless ဖြစ်လာနိုင်တာတွေ, iPad က Promotion နဲ့ ပိုမိုသေးငယ်တဲ့ Notch စတာတွေကတော့အကျော်ကြားဆုံးကောလဟာလတွေပါ။

ဒါတွေကိုတော့ September လမှာမိတ်ဆက်ပေးမဲ့ Apple Event ကျရင်တရားဝင်သိရမှာပါ။

Previous
Previous

Vivo V series ရဲ့ မျိုးဆက်သစ် V21 ရဲ့ပြည်တွင်းအတွက်စျေးနှုန်းကို Vivo ကြေငြာ

Next
Next

17 နှစ်အတွင်း Trillion တန်ကုမ္ပဏီဖြစ်လာတဲ့ Facebook