Vivo V series ရဲ့ မျိုးဆက်သစ် V21 ရဲ့ပြည်တွင်းအတွက်စျေးနှုန်းကို Vivo ကြေငြာ
V series ရဲ့ latest model ဖြစ်တဲ့ Vivo V21 ကိုတရား၀င်စျေးနှုန်းနဲ့အတူမိတ်ဆက်လိုက်ပါတယ်။ Vivo V20 ရဲ့ ပါးလွာကျစ်လျစ်တဲ့ design ပိုင်းကိုဆက်လက်ထိန်းသိမ်းထားပြီး စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်ချက်တွေ ပိုမိုတိုးတက်လာတာကိုတွေ့ရပါတယ်။ 7.29mm အထူပဲရှိတဲ့Ultra slim AG Design ကြောင့် Build quality ဟာလဲသဘောကျစရာကောင်းပါတယ်။ သိသာတဲ့ ပြောင်းလဲချက်တွေအဖြစ် 6.44” ရှိတဲ့ AMOLED မျက်နှာပြင်မှာ 90Hz refresh rate ပါ၀င်လာပြီး OIS ပါ၀င်တဲ့ 44MP selfie camera နဲ့အတူ selfie spotlight လို့ခေါ်တဲ့ dual LED flash ပါ၀င်လာတာပဲဖြစ်ပါတယ်။
ကျောဖက် camera ကိုလဲမြင့်တင်ပေးထားတာတွေ့ရပြီး 64 MP, f/1.8 main camera, 26mm (wide), 1/1.72", 0.8µm, PDAF, OIS, 8 MP, f/2.2, 120˚, 16mm (ultrawide), 1/4.0", 1.12µm နဲ့ 2 MP, f/2.4, (macro) တို့ပါ၀င်တဲ့ triple camera setup ကိုတပ်ဆင်ပေးထားပါတယ်။ Performance ပိုင်းမှာတော့ MediaTek Dimensity 800U ကို Ram 8GB+(Virtual 3GB Extended) နဲ့ Rom 128GB တို့နဲ့အတူတွဲဖက်ပေးထားပါတယ်။
Battery ပိုင်းမှာတော့ 4000mAh ပမာဏရှိတဲ့ batteryကို တပ်ဆင်ပေးထားပြီး 33W fast charging ထောက်ပံ့ပေးထားပါတယ်။ Dusk Blue နဲ့ Sunset Duzzle လို့ခေါ်တဲ့အရောင်၂မျိုးနဲ့ရရှိမှာဖြစ်ပြီး စျေးနှုန်းကတော့ 629,800MMK ပဲဖြစ်ကာ July 6 ရက်နေ့မှာစတင်၀ယ်ယူနိုင်မယ်လို့သိရပါတယ်။