Microsoft ရဲ့ Window 11 မှာမျှော်လင့်မိသော feature များ

Micorsoft ရဲ့နာမည်ကြီး Window 10 ကတော့ နေဝင်ချိန်ရောက်လာမှာဖြစ်ပြီး Window ရဲ့ Home screenshot တွေကလည်းပျံ့နှံ့လာပြီပဲဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ desktop operating system တွေကြားထဲမှာဝေစုကြီးကြီးမားမားရထားတဲ့ Window ဟာ version အသစ်ထွက်လာတိုင်းမသိမသာပြောင်းလဲမှုတွေရောသိသိသာပြောင်းလဲမှုတွေရောပါလာတတ်ပါတယ်။တစ်ချို့ Window version တွေဆိုလည်း update လုပ်လိုက်မှ သုံးရာတာအဆင်မပြေလို့ downgrade လုပ်လိုက်ရတဲ့လူတွေလည်းရှိပါတယ်။ဥပမာ Window 7 ကနေ 8 ကို update ထုတ်ပေးလိုက်တဲ့အချိန်မှာ UI ပိုင်းပြောင်းလည်းမှုကြီးကြီးမားပြုလုပ်ထားပေမဲ့ သုံးရတာအဆင်မပြေတဲ့အတွက် Window 7 ကိုပဲယနေ့တိုင်သုံးနေတဲ့လူတွေလည်းရှိပါသေးတယ်။အဲ့တာကြောင့် Window 8 ထွက်ပြီးသုံးနှစ်အကြာမှာပဲ user တွေနဲ့အဆင်ပြေဆုံးဖြစ်စေမဲ့  UI နဲ့ Window 10 ကိုထုတ်ပေးလိုက်ရတာပဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Window 11 ကမနက်ဖြန်မှာတရားဝင်မိတ်ဆက်တော့မှာဖြစ်တဲ့အတွက် Window 10 user တစ်ယောက်အနေနဲ့ Window 11 မှာပါဝင်လာစေချင်တဲ့ပြောင်းလဲမှုတွေနဲ့လုပ်ဆောင်ချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။

difference-between-control-panel-settings-menus-windows-10.1280x600.jpg

1.      Setting နဲ့ control panel ကိုတစ်ခုထဲလိုချင်ပါတယ်။

ဒါကတော့ Window 8 မှာ setting app ကို control panel ကနေနောက်တစ်ခုအနေနဲ့ခွဲထုတ်လိုက်ပြီးအသုံးပြုရလွယ်အောင်ပြုလုပ်ပေးလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့ control panel နဲ့နှစ်ပေါင်းများစွာအသားကျလာတဲ့ user တွေအနေနဲ့ setting app ကြီးကအသုံးမဝင်သလိုဖြစ်နေပါတယ်။ Browser ပြောင်းရင် setting app ထဲအော်တိုဝင်သွားပြီး driver တွေ fix လုပ်ချင်ရင်တော့ control panel ထဲသွားရပြီးတော်တော်စိတ်ရှုပ်ရပါတယ်။ နောက်ဆုံး Window 10 update တွေမှာ control panel ထဲက feature တွေကိုဆွဲထုတ်နေတယ်ဆိုတော့ Window 11 မှာ setting app တစ်ခုပဲဖြစ်သွားဖို့တော့ရှိပါတယ်။

RE4ncJa.jfif

2.      Edge ကိုအတင်းကြီးမသုံးခိုင်းဖို့

Microsoft ရဲ့ internet explorer ဟာ chrome ကိုမယှဉ်ပြိုင်နိုင်တဲ့အဆုံးမှာ chromium-based Edge browser ကိုထုတ်ပေးလိုက်ပါတယ်။ဒါဟာ Microsoft ရဲ့ default browser ဖြစ်ပြီး မသုံးချင်ဘူးဆိုရင် setting ထဲမှာဝင်ပြင်လို့ရပါတယ်။ဒါပေမဲ့တစ်ချို့အသုံးပြုသူတွေကတော့ သုံးလက်စ Browser ကနေ edge ကိုပြန်ပြန်ပြောင်းသွားတယ်လို့ဆိုပါတယ်။အဲ့တော့ Window 11 မှာ ဒါ ကိုလွယ်လွယ်ကူကူနဲ့တစ်ခါတဲ့ပြောင်းလို့ရရင်တော်တော်ကောင်းမှာပါ။

3.      ပိုမိုမြန်ဆန်တဲ့ Window update

Window နဲ့ပတ်သတ်ရင်တော်တော်များများ complain တက်ကြတာက Window update ပါတစ်ခါတစ်လေအကောင်းအတိုင်းသုံးနေတဲ့ကွန်ပြူတာက Window update ကြီးဗြုန်းစားဝင်လာပြီး Window update ကြောင့်တစ်ခါတစ်လေအလုပ်အကိုင်ပျက်ရတာတွေတောင်ရှိပါတယ်။အဲ့တော့ OS update ပိုင်းမှာ mac လိုမျိုးသိတောင်မသိလိုက်ပဲ update လုပ်သွားတဲ့လုပ်ဆောင်ချက်မျိုး Window 11 မှာပါလာရင်တော်တော်မိုက်မှာပါ။

4.      Mac နဲ့ဒီဇိုင်းပိုင်တူတဲ့ dock

UI ပိုင်းမှာ Window 10 ဟာ Mac ကိုမယှဉ်နိုင်ဘူးဆိုတာနှစ်ခုလုံးသုံးဖူးတဲ့လူတိုင်းသိပါတယ်။ Mac ရဲ့အသုံးပြုရလွယ်တဲ့ setting ပိုင်းနဲ့ dock ဟာ ထိရောက်မှုရှိသလို နောက်ပြီး Mac ရဲ့ desktop တွေနှစ်ခုသုံးခုသုံးလို့ရတဲ့ Space ဟာ တော်တော်လေးအသုံးဝင်ပါတယ်။အဲ့တော့ space လိုမျိုး Feature နဲ့ dock လိုမျိုးထိရောက်တဲ့ Task bar မျိုးပါဝင်ရင် Window 11 ကတော်တော်မိုက်သွားပါပြီ။

5.      ပိုမြန်တဲ့ shutdown, restart နဲ့ sleep

Mac ရဲ့ M1 နဲ့ပေါင်းစပ်မှုဟာ လပ်တော့မှာအဖုံးဖွင့်လိုက်တာနဲ့ screen တန်းပြီး Wake ဖြစ်တာကိုလူတိုင်းသိကြမှာပါ။ Window မှာတော့ Hardware ပေါ်မှာမူတည်ပေမဲ့ အခုလက်ရှိထက်ပိုပြီးမြန်ဆန်တဲ့ shutdown , restart နဲ့ sleep တို့ဆိုရင်ပိုပြီး M1 ကိုတိုက်ရိုက်ယှဉ်ပြိုင်နိုင်မှာပါ။

 

Author : Hein Htet

Ref : Cnet

Previous
Previous

US မှာစတင် သုံးလို့ရပြီဖြစ်တဲ့ Facebook ရဲ့ Live Audio Room နဲ့ Podcast

Next
Next

$150 နဲ့ထွက်ရှိလာမယ့် Beats Studio Buds