Whistleblower Frances Haugen ရဲ့စွပ်စွဲချက်များပြီးနောက် မနေ့က Facebook နှင့် ဆက်စပ် Application များ user အများအပြားတွင်ပြတ်တောက်သွားခဲ့

Whistleblower တစ်ယောက်ဖြစ်တဲ့ Frances Haugen ဟာ Facebook ရဲ့ Product Manger ဟောင်းတစ်ဦးဖြစ်ပြီး Data scientist လည်းဖြစ်သလို Business master degree ရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ YouTube channel ဖြစ်တဲ့ 60 min မှာ Facebook က အမုန်းစကားများနှင့် အကျိုးအမြတ်ရရှိအောင်ဖန်တီးနေတယ်လို့ပြောခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Facebook နဲ့ဆက်စပ်သမျှ စီးပွားရေးလုပ်ငန်းအားလုံးအသုံးပြုမရသည်ထိအောင်ပြတ်တောက်သွားခဲ့တာပဲဖြစ်ပါတယ်။

Haugen ကတော့ Facebook ဟာအမှန်းစကားတွေပေါ်မှာအခြေခံတဲ့ Algorithms ပေါ်မှာအခြေခံတဲ့လုပ်ဆောင်မှုတွေဟာလုံးဝရပ်တန့်မသွားဘူးလို့ဆိုပါတယ်။

အခုလိုပြတ်တောက်မှုဟာ 2019 နောက်ပိုင်းအဆိုးဆုံးပြတ်တောက်မှုဖြစ်ပြီးစုစုပေါင်းပြတ်တောက်မှု အချိန်စုစုပေါင်း6 နာရီကြာမြင့်ခဲ့ပါတယ်။ဒါဟာ ဒီ Platform ပေါ်မှာအားကိုးနေရတဲ့ ကြော်ငြာသူတွေနဲ့စီးပွားရေးလုပ်နေသူတွေအတွက်တော့ဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။

Facebook ကတော့အခုလိုပြတ်တောက်မှုဟာ နည်းပညာပိုင်းဆိုင်ရာအခက်အခဲကြောင့်လို့တော့ဖြေရှင်းခဲ့ပြီး အသုံးပြုသူတွေရဲ့ကိုယ်‌‌ရေးကိုယ်တာအချက်အလက်ပိုင်းဆိုင်ရာတွေကိုမထိခိုက်ခဲ့ဘူးလို့ဆိုပါတယ်။ Domain name ပျောက်သွားသည်အထိဆိုးဆိုးရွားရွားဖြစ်ခဲ့ပြီး မိနစ်အနည်းငယ်အကြာမှာတော့အဲ့ပြဿနာကိုဖြေရှင်းနိုင်ခဲ့ပါတယ်။

တစ်ဖက်မှာလည်း Frances Haugen ရဲ့ဖွင့်ဟချက်တွေနဲ့ အသုံးပြုသူပေါင်း 1.5 ဘီလီယံတို့ရဲ့အချက်အလက်တွေအခိုးခံလိုက်ရတဲ့ဆိုတဲ့သတင်းတွေဟာလည်းတစ်ချိန်တည်းမှာတိုက်ဆိုင်နေတာထက်ပိုပါတယ်။  

Facebook ထဲမှာလည်း Facebook ရဲ့ဝန်ထမ်းအချို့သူ့တို့အချင်းချင်းဆက်သွယ်ပြီးအလုပ်လုပ်နေတဲ့ Systems တွေပါ ပြတ်တောက်သွားခဲ့တယ်လို့ဆိုပါတယ်။ သူတို့ဟာ Email ကို အလုပ်အတွက်သုံးနေတဲ့ Outlook Email account ဆီကိုတခြားအပြင် Email ကနေ mail တွေလက်ခံလို့မရနိုင်ခဲ့ပဲ အလုပ်အတွက်သုံးနေတဲ့ Email အကုန် Block ခံလိုက်ရတယ်လို့လဲဆိုပါတယ်။

Author : Hein Htet

Ref: theverge

Previous
Previous

vivo Y53s မှာပါဝင်တဲ့ Feature တွေက Y53s ကို All Rounder ကောင်းမွန်စေတဲ့ ဖုန်းတစ်လုံး ဖြစ်စေပြီလား

Next
Next

vivo Y53s မှာပဲ ပါဝင်လာတဲ့ ထူးခြားတဲ့ ကင်မရာလုပ်ဆောင်ချက်အသစ်တွေက ဘာဖြစ်မလဲ