vivo Y53s မှာပါဝင်တဲ့ Feature တွေက Y53s ကို All Rounder ကောင်းမွန်စေတဲ့ ဖုန်းတစ်လုံး ဖြစ်စေပြီလား

စျေးကြီးတဲ့ Flagship Smartphone တွေထက် စျေးသက်သာပြီး All Rounder ကောင်းတဲ့ Mid-range Smartphone တစ်လုံးကို သင့်တင့်တဲ့ စျေးနဲ့ ရွေးချယ်ဝယ်ယူရတာဟာ ပိုပြီး ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အဲလိုဖုန်းတွေမှာ ကိုယ်လိုချင်တဲ့ Function နဲ့ Feature တွေများ ပါဝင်ပါ့မလားဆိုပြီး စဉ်းစားတက်ကြပါတယ်။

 

Smartphone တစ်လုံးမှာရှိသင့်တဲ့ Function နဲ့ Feature တွေဟာလည်း တစ်နှစ်ထက်တစ်နှစ် ပိုပြီး တိုးလာနေပါတယ်။ vivo ရဲ့ Y Series မှာ အသစ်ထွက်ရှိလာတဲ့ vivo Y53s ဟာ Smartphone သုံးစွဲသူတိုင်း လိုချင်တဲ့ Feature တွေ အားလုံးနီးပါး ပါဝင်တဲ့ ဈေးသင့်တင့်တဲ့ Mid-range Smartphone တစ်လုံးပဲဖြစ်တယ်ဆိုတာကို ဒီအချက် ၅ ချက်က‌ ပြောပြနေပါတယ်။

11.jpg

၁။ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေရိုက်ကူးဖို့ 64MP Rear Camera

48MP ကိုသာ အတွေ့များရတဲ့ Y series ရဲ့ Camera Quality ကို နောက်တစ်ဆင့်မြှင့်တဲ့အနေနဲ့ vivo Y53s ရဲ့ ကျောဖက်မှာ Main Camera အဖြစ် 64MP Camera ကို Budget ဖုန်းတွေထဲမှာပထမဆုံးအဖြစ် တပ်ဆင်ပေးထားပါတယ်။ ဒါ‌‌‌ကြောင့် ကြည်လင်ပြတ်သားတဲ့ High Resolution ပုံရိပ်တွေကို ရိုက်ကူးနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် အခု Y Series အသစ်ဖြစ်တဲ့ Y53s ဖုန်းမှာ Portrait  ပုံတွေရိုက်ကူးရာမှာ Blur မဖြစ်ဘဲ ပုံရိပ်ထွက်ကောင်းမွန်စေမယ့် Eye Autofocus နဲ့ Night Shot တွေကို ပိုမိုတောက်ပစေမယ့် Super Night Camera ဆိုတဲ့ Feature တွေကိုပါ Y series မှာ ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းပေးလာတာပဲဖြစ်ပါတယ်။

 

Eye Autofocus ပါဝင်တဲ့ Y53s နဲ့ ဓာတ်ပုံတွေ ရိုက်ကူးတဲ့နေရာမှာ ရိုက်လိုတဲ့ အရာဝတ္ထုပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် Frame ထဲမှာ အမြဲမပြတ်လိုက် Track နေတဲ့အတွက် တည်ငြိမ်တဲ့ ပြတ်သားမှုကို ရရှိနိုင်မှာဖြစ်ပြီး လှုပ်ရှားမှုပုံရိပ်တွေကို ဝါးခြင်း မရှိဘဲ ရိုက်ကူးနိုင်မှာပဲဖြစ်ပါတယ်။

22.jpg

၂။ သုံးစွဲမှု ချောမွေ့မြန်ဆန်စေမယ့် အတွေ့အကြုံ

vivo Y53s သုံးစွဲတဲ့အခါမှာလည်း ချောမွေ့မြန်ဆန်တဲ့ အတွေ့အကြုံကို ရရှိစေဖို့ 90Hz Refresh Rate ပါဝင်တဲ့ မျက်နှာပြင်နဲ့ များပြားတဲ့ လုပ်ဆောင်ချက်တွေကို တစ်ပြိုင်တည်း လုပ်ဆောင်နိုင်ဖို့ RAM ပမာဏကို 8GB + 4GB Extended RAM အထိ ထည့်သွင်းပေးထားပါတယ်။ တစ်နေ့တာလုံးကို အဆင်ပြေပြေ ဖြတ်သန်းနိုင်ဖို့အတွက် 5000mAh ပမာဏရှိတဲ့ Battery ကို တပ်ဆင်ပေးထားပြီး အားပြန်သွင်းဖို့အတွက်အချိန်အကြာကြီး မပေးရအောင် မြန်ဆန်တဲ့ 33W Fast Charging ကို တွဲဖက်တပ်ဆင်ပေးထားပါတယ်။

33.jpg

၃။ လှပသေသပ်သော Design

vivo Y53s မှာ vivo smartphone တွေရဲ့ လက္ခဏာတစ်ရပ်ဖြစ်တဲ့ ပါးလွှာကျစ်လျစ်ပြီး ပေါ့ပါးတဲ့ Design အသွင်အပြင်ကို လူငယ်တွေအတွက် အထူးရည်ရွယ်ပြီး ဖန်တီးထားပါတယ်။ Eye Catching ဖြစ်တဲ့ 3D Dazzling Color ကို ဖုန်းကိုယ်ထည်မှာ မြင်တွေ့ရမှာဖြစ်ပြီး အလင်းပြန်တဲ့ Kaleidoscope Texture နဲ့ အနုစိပ် မွမ်းမံထားတဲ့အတွက် လက်ထဲမှာ ကိုင်တွယ်အသုံးပြုတဲ့အခါမှာ သူမတူတဲ့ ခံစားချက်ကို ရရှိစေမှာပါ။ အရောင်တွေကတော့ Fantastic Rainbow နဲ့ Deep Sea Blue ဆိုပြီး နှစ်ရောင်ရရှိမှာပဲဖြစ်ပါတယ်။ ကြီးမားတဲ့ 5000mAh battery ကို တပ်ဆင်ထားပေမယ့်လည်း 8.33mm အထူပဲ ရှိတာဟာလည်း Y53s ရဲ့ အံ့အားသင့်စရာ ကောင်းအောင် ပါးပြီး တော်တော်လေးပေါ့တဲ့အတွက် Design ပိုင်း အားသာချက်တွေထဲက တစ်ခုပါ။

44.jpg

၄။ စျေးသင့်ပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်

8GB RAM + 4GB Extended RAM နဲ့ 8nm Snapdragon 480 5G အပြင် Adreno 619 GPU ကြောင့် ပိုမိုကောင်းမွန်တဲ့ ဂိမ်းစွမ်းဆောင်ရည်ကို စျေးအသင့်အတင့်နဲ့ ရရှိနိုင်မယ့်ပြင် 5000 mAh Battery ကြောင့် ဖုန်းကို အချိန်ကြာမြင့်စွာ ပိုမိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။

55.jpg

၅. ရွေးချယ်သင့်တဲ့ vivo Y53s

ဒီလိုမျိုး လုပ်ဆောင်ချက်တွေနဲ့ အတူ 5000 mAh ဘက်ထရီနဲ့ 33W Flash charge တွေ ပါဝင်တဲ့ vivo Y53s ဟာ ပုံမှန်မြင်တွေ့နေကျ High-end ဖုန်းတွေမှာ ပါဝင်နေတဲ့ လုပ်ဆောင်ချက်တွေဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ လူငယ်တွေနဲ့ သင့်တော်တဲ့ ဒီဇိုင်းပိုင်း ဖြစ်တာကြောင့် စျေးသက်သက်သာသာနဲ့ ဝယ်သုံးနိုင်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ vivo ရဲ့ High-end ဖုန်းတွေမှာပဲ ထည့်ပေးထားတဲ့ Camera နဲ့ All Rounder ကောင်းမွန်တဲ့ Feature တွေကိုတော့ vivo Y53s မှာ ရှာတွေ့နိုင်ပါတယ်။ ဒီ vivo Y53s ကို Deep Sea Blue နဲ့ Fantastic Rainbow ဆိုပြီးအရောင်နှစ်မျိုးနဲ့ vivo Myanmar Showroom ၊ လက်လီအရောင်းဆိုင်များနှင့် E-commerce ဝက်ဘ်ဆိုက် (https://bit.ly/3DjXDPJ ) တို့မှာ ၅၃၉၈၀၀ ကျပ်ဖြင့်ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

Previous
Previous

အနာဂတ်ကိုကြိုတင်မြင်နိုင်သလား ? 2050 ခေတ်ကကမ္ဘာကြီးကိုသွားကြည့်ရအောင်

Next
Next

Whistleblower Frances Haugen ရဲ့စွပ်စွဲချက်များပြီးနောက် မနေ့က Facebook နှင့် ဆက်စပ် Application များ user အများအပြားတွင်ပြတ်တောက်သွားခဲ့