အနာဂတ်ကိုကြိုတင်မြင်နိုင်သလား ? 2050 ခေတ်ကကမ္ဘာကြီးကိုသွားကြည့်ရအောင်

ကျွန်တော်တို့လူသားတွေဟာ ခေတ်အဆက်ဆက်ကမ္ဘာကြီးကိုကြိုတင် မြင်ချင်ကြပါတယ်။အနာဂတ်မှာ ကမ္ဘာကြီးဘယ်လိုပုံစံဖြစ်နေမလဲ လူသားတွေနဲ့ မြို့ပြကြီးတွေဘယ်လိုတည်ရှိနေကြမလဲဆိုတာကိုလည်း ရုပ်ရှင်တွေ ဂိမ်းတွေ TV series တွေမှာလည်းအမျိုးမျိုးမှန်းဆကြပါတယ်။အနာဂတ်မှာတိုးတက်လာမဲ့ နည်းပညာတွေနဲ့ ပြောင်းလဲလာမဲ့လူနေမှုပုံစံတွေကိုလည်းအခုခေတ်အခြေအနေကိုတွက်ဆက်ပြီး မှန်းဆကြပါတယ်။ ယခုခေတ်ဟာဘီလီယံနဲ့ချီတဲ့ဒေတာတွေအပေါ်အခြေခံထားတာဖြစ်တဲ့အတွက်၂၁ ရာစု ဟာ Digital စာအုပ်နဲ့တူတဲ့အတွက်အခုလက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့နည်းပညာတွေနဲ့လူနေမှုစရိုက်တွေကိုမှန်းဆပြီးအနာဂတ်ကိုအနီးစပ်ဆုံးမှန်းဆနိုင်တဲ့ AI Algorithm တွေတောင်ပေါ်ထွက်နေပါပြီ။   

Back-to-the-future_Movie-screenshots_technology_dezeen_1568_4.jpg

အခု လက်ရှိအချိန်ကနေနောက်ထပ်နှစ်ပေါင်းသုံးဆယ်ကို Website တစ်ခုတည်းမှာပဲကြည့်နိုင်ပါတယ်။ တစ်ကယ်မှန်မမှန်ကတော့ 2050 ‌ရောက်ရှိသိရမှာပါ။

Google မှာ 2050.earth လို့ရှာလိုက်ပြီး ပထမဆုံး လင့်ခ်ကိုနိုပ်လိုက်ရင် 2050 မှာဖြစ်ပေါ်လာမဲ့ ကမ္ဘာကြီးနဲ့ပြောင်းလဲလာမဲ့လူနေမှုပုံစံနဲ့နည်းပညာတွေကိုခန့်မှန်းပြီးပြထားပါတယ်။ ဒီ website ကို Kaspersky က ဖန်တီးထားတာဖြစ်ပြီး 2050 ခုနှစ်ကိုကြိုတင်ခန့်မှန်းထားတာဖြစ်ပါတယ်။ website ကိုဝင်လိုက်တာနဲ့အနာဂတ်ကမ္ဘာထဲရောက်သွားသလိုခံစားရမှာပါ။

Screenshot (19).jpg

Make it stand out

Whatever it is, the way you tell your story online can make all the difference.

သူ့မှာအထင်ကရမြို့ကြီးတစ်မြို့ချင်းဆီရဲ့ပြောင်းလဲလာမဲ့ ပုံစံတွေနဲ့နည်းပညာတွေကိုပါဖော်ပြထားပါတယ်။ ကိုကြည့်ချင်တဲ့မြို့တစ်မြို့ချင်းဆီကိုလည်းကမ္ဘာလုံးပေါ်မှာထောက်ကြည့်လို့ရသလို့ Demo mode နဲ့လည်း ကြည့်နိုင်ပါတယ်။ အထူးသဖြင့်ရေအေက်မြို့တော်တွေ စက်ရုပ်တွေနဲ့ VR AR နည်းပညာတွေ ကိုပါ show ပြထားပါတယ်။ အဲ့တာအပြင် 2050 တင်မကပဲနှစ်တစ်နှစ်ချင်းဆီအလုက်လဲဝင်ကြည့်နိုင်သလို ခန့်မှန်းချက်တွေနဲ့ အနုပညာ အပါအဝင်လက်ရှိဖြစ်ပေါ်နေတဲ့နည်းပညာတွေကိုပါတစ်ခါတည်းပြထားပါတယ်။

2050 ကိုအိမ်မှာပဲနေရင်းတစ်ထိုင်တည်း သွားချင်တဲ့ဆိုရင် တော့ ဒီလင်ခ့် မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Author : Hein Htet

Previous
Previous

လက်ရှိ design ကိုပဲ iPhone SE 3 မှာဆက်သုံးလာနိုင်လား?

Next
Next

vivo Y53s မှာပါဝင်တဲ့ Feature တွေက Y53s ကို All Rounder ကောင်းမွန်စေတဲ့ ဖုန်းတစ်လုံး ဖြစ်စေပြီလား