vivo Y53s မှာပဲ ပါဝင်လာတဲ့ ထူးခြားတဲ့ ကင်မရာလုပ်ဆောင်ချက်အသစ်တွေက ဘာဖြစ်မလဲ
မိုလ်ဘိုင်းဖုန်းတွေဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အသုံးဝင်လာတဲ့အမျှ ဖုန်းမှာပါဝင်တဲ့ Camera ဟာလည်း အသုံးပြုမယ့် လူတွေအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာနေပါတယ်။ ဖုန်းတစ်လုံးမှာ ပါဝင်လာတဲ့ Feature တွေက များလာတဲ့အပြင် ပေးရတဲ့စျေးနဲ့ တန်တဲ့ Feature တွေ ပါဝင်လာဖို့လည်း လိုပါတယ်။ လက်ရှိ Mid-range ဖုန်းတစ်လုံးအနေနဲ့ အသစ်ထွက်လာမယ့် vivo Y53s ကလည်း သုံးစွဲသူတွေအတွက် လိုအပ်တဲ့ ကင်မရာ Feature တွေ ပါဝင်လာတဲ့ ပထမဆုံး ဖုန်းအနေနဲ့ ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
64MP Rear Camera နဲ့ Y series အတွက် ပထမဆုံး Eye Auto focus
vivo Y53s မှာ 64 MP ရှိတဲ့ Rear Camera ပါဝင်လာပါတယ်။ ထို့အပြင် ကင်မရာ Feature တွေအနေနဲ့ ထူးခြားတဲ့ Eye Autofocus ပါဝင်လာပါတယ်။ Eye Auto focus က Portrait ရိုက်တဲ့အခါမှာ ရိုက်မယ့်လူဟာ လှုပ်ရှားမှုတွေ ရှိလာခဲ့မယ်ဆိုရင်တောင် ကိုယ်ရိုက်ချင်တဲ့လူကို၊ ပုံကို Focus ပြတ်သားမှုရရှိနိုင်ပါတယ်။ လူမဟုတ်ပဲ အရာဝထ္တုနဲ့ ရှုခင်းတွေကို ရိုက်တဲ့အခါမှာလည်း Composition တွေနဲ့ အဓိက ရိုက်ချင်တဲ့ ပုံတွေကို ကိုယ်လိုချင်တဲ့ Focus မပြတ်ဘဲ ရိုက်ကူးနိုင်ပါတယ်။ Portrait မှာ Eye Autofocus က ပထမဆုံး မျက်လုံးခြေရာခံတဲ့ စနစ်ဖြစ်တဲ့အတွက်ကြောင့် အဓိကကတော့ လက်လှုပ်မိတာပဲဖြစ်ဖြစ်၊ ရိုက်တဲ့လူလှုပ်မိတာပဲဖြစ်ဖြစ် ပြတ်သားတဲ့ Portrait Mode မပျောက်ဘဲ ပြတ်သားတဲ့ပုံတွေကို ထုတ်ပေးနိုင်ပါတယ်။
ဒီ Feature ဟာ 64MP Rear Camera ကို Eye Autofocus နဲ့တွဲဖက်ပေးထားတဲ့ vivo Y series ဖုန်းတွေထဲမှာ ပထမဆုံး ပါဝင်လာတဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။
vivo Y53s မှာ ကင်မရာသုံးလုံးကို အနောက်ဖက်မှာ တြိဂံပုံစံ တပ်ဆင်ထားပြီး 64MP Rear Camera နဲ့အတူ 2MP Macro lens, 2MP Bokeh lens တို့နဲ့ တွဲဖက်ပေးထားကာ အရှေ့ဘက်မှာတော့ 16MP Front Camera တပ်ဆင်ပေးထားပါတယ်။ Hardware အပြင် Y53s ရဲ့ ကင်မရာနည်းပညာမှာ PDAF (Phase Detection Auto Focus) နည်းပညာလည်း ပါဝင်လာပါတယ်။ vivo ရဲ့ခေတ်သစ် ဓာတ်ပုံနည်းပညာဖြစ်ပြီး Wide ပဲရိုက်ရိုက် Portrait ပဲရိုက်ရိုက် Autofocus ကို ထင်ထားတာထက် ပိုပြီး မြန်မြန်ဆန်ဆန် Focus ဖြတ်ပေးနိုင်ပါတယ်။
Front Camera
အရှေ့ဘက် selfie ကင်မရာပိုင်းမှာဆိုရင် Y53s က အကောင်းဆုံး Feature တွေနဲ့ ထပ်ပေါင်းပေးထားပါတယ်။ ညဘက် Selfie ရိုက်တာတွေအတွက် အကောင်းမွန်ဆုံးဖြစ်အောင် Super Night Selfie က Frame ပေါင်းများစွာကို ပေါင်းစပ်ပေးပြီး Noise ကို လျှော့ချပေးကာ ကြည်လင်ပြတ်သားတဲ့ Selfie ပုံတွေကို ရိုက်ကူးနိုင်ပါတယ်။ ထို့အပြင် ဒီ Feature က AI Face Beauty နဲ့ တွဲဖက် အလုပ်လုပ်ပြီး အလင်းရောင်နည်းတဲ့ အခြေအနေတွေမှာ ရိုက်ကူးဖို့အတွက် Frame တိုင်းကို အလင်းထပ်ဖြည့်ပေးမယ့် Aura Screen Light လည်း ပါဝင်ပါသေးတယ်။ Aura Screen light ကို ရှေ့ကင်မရာနဲ့ ရိုက်ကူးတဲ့အခါမှာ အသုံးလိုတဲ့အချိန်မှာ သုံးနိုင်အောင် Manual Control နဲ့ ထိန်းချုပ်နိုင်ပါတယ်။
Super Night Mode
Super Night Mode ရဲ့ လုပ်ဆောင်ချက်ကြောင့် Scene တစ်ပုံရိုက်တဲ့အခါတိုင်းမှာ အလိုလို Frame ပေါင်းများစွာ ရိုက်ယူပေါင်းစပ်ပြီး Noise များကို ဖျောက်ပေးကာ အကောင်းဆုံးသော ပုံတစ်ပုံကို ထုတ်လုပ်ပေးမှာဖြစ်ပါတယ်။ ဒီ လုပ်ဆောင်ချက်ဟာ ပုံများစွာကို စုစည်းပြီး Color တွေကို အလိုလိုချိန်ညှိပေးကာ လိုနေတဲ့ နေရာတွေမှာ အလင်းတွေကို ဖြည့်ပေးနိုင်တာကြောင့် အကောင်းဆုံး သဘာဝအကျဆုံး Night Mode ပုံတစ်ပုံကို ထုတ်ပေးနိုင်ပါတယ်။
Multi-Style Portrait
vivo Y35s ရဲ့ Multi-Style Portrait က AI Face Beauty, Tone Adjustment နဲ့ Bokeh Effects တို့ကို ပေါင်းစပ်ပြီး မတူညီတဲ့ အနေအထားတွေမှာ အကောင်းဆုံး ရှေ့ကြည်နောက်ဝါး ပုံရိပ်အလှတွေကို ပေါင်းစပ်ပြီး အကောင်းဆုံးပုံတစ်ပုံအဖြစ် ထုတ်ပေးပါတယ်။ နောက်ပြီး Bokeh အထူ အလျှော့ကိုလည်း ကိုယ်စိတ်ကြိုက်ထားလို့ရပါတယ်။
Ultra Stable Video mode
Ultra Stable Video Mode နဲ့ ဗီဒီယိုရိုက်ရင် လက်လှုပ်တာတွေ လက်မငြိမ်တာတွေကြောင့်၊ ကင်မရာ Lens မငြိမ်ဘဲ လှုပ်ခါမှုကြောင့် Blur သွားတာတွေကို ဖျောက်ပေးပြီး ပိုမိုကောင်းမွန်တဲ့ Video တွေကို ထုတ်ပေးနိုင်ပါတယ်။ Electronic Image Stabilization (EIS) နည်းပညာကြောင့် သာမန်ဖုန်းတွေထက် ပုံရိပ်ကို ၂၀ ရာခိုင်နှုန်း ပိုမိုတည်ငြိမ်စေပြီး ဗီဒီယိုသာမက ဓာတ်ပုံရိုက်တဲ့နေရာမှာလဲ Detail မပျောက်ဘဲ ပိုမိုတည်ငြိမ်တဲ့ပုံရိပ်တွေကို ထုတ်ပေးနိုင်ပါတယ်။
အခု ဒီ Feature တွေက vivo Y53s မှာပထမဆုံးပါဝင်လာတဲ့ High-end ကင်မရာ Feature တွေဖြစ်ပြီး ကင်မရာကောင်းကောင်း ဖုန်းအသစ်တစ်လုံးဝယ်ဖို့ စိတ်ကူးထားတဲ့လူများအတွက် လုံးဝကို သင့်တော်စေမယ့် ဖုန်းတစ်လုံးဖြစ်ပါတယ်။
Author: Hein Htet