Galaxy Z Fold3 5G ရဲ့ကောင်းမွန်တဲ့ Pre-order စွမ်းဆောင်ရည်နှင့် Foldable ဖုန်းတွေရဲ့စျေးကွက်အနာဂတ်
Samsung ရဲ့နောက်ဆုံးထုတ် Z Fold3 ဟာအရင်နှစ်က Foldable ဖုန်းတွေထက် အခုလို Global Pandemic အခြေအနေမှာ ထင်ထားတာထက်အများကြီး Pre-order တွေပိုမိုရရှိနေပါတယ်။ Z Fold 3 ဟာ အရင်နှစ်က Z Fold 2 နဲ့ ပထမဆုံးမျိုးဆက် Z fold ဖုန်းတွေထက် ပိုမိုကောင်းမွန်လာတဲ့ လုပ်ဆောင်ချက်အသစ်တွေနဲ့တစ်ကမ္ဘာလုံးက ပရိတ်သတ်အများအပြားကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ပြောင်းလဲတိုးတက်လာတဲ့ဒီဇိုင်းတွေနဲ့ဆန်းသစ်တဲ့အမြင်တွေကြောင့် Z Fold3 ကတော့ တခြား Foldable ဖုန်းအပြင်သာမန်ဖုန်းတွေထက် စျေးကွက်မှာ နေရာပိုမိုရရှိနေတာပဲဖြစ်ပါတယ်။
Z Fold3 5G နဲ့ Z Flip3 5G ကို တောင်ကိုရီးယာစျေးကွက်မှာ Pre-order မှာယူမှုအရေအတွက်က အရင်နှစ် Samsung ရဲ့ Flagship line up တွေဖြစ်တဲ့ S21 နဲ့ Note 20 series တွေထက်ပိုပြီးမှာယူမှုတွေရှိခဲ့ပါတယ်။ မိတ်ဆက်ပြီး တစ်ပတ်အတွင်းမှာပဲ တောင်ကိုရီးယားမှာ Pre-order ပေါင်း 920,000 ရရှိခဲ့ပါတယ်။ အရင်နှစ်က Z Fold 2 ဟာလည်း မိတ်ဆက်ပြီး တစ်ပတ်အတွင်းမှာပဲ Pre-order ပေါင်း 60,000 ရရှိခဲ့ပါတယ်။
UAE စျေးကွက်မှာလည်း August 11 ရက်နေ့ကနေ September 9 ရက် Pre-orders ကာလမှာ အရင်နှစ်ထက် 8 ဆ ပိုမိုများပြားခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းမိတ်ဆက်ပြီး ပထမနှစ်သုတ်မှာတင် Pre-order out of stock ဖြစ်သွားတဲ့အတွက် Samsung ရဲ့ Z fold3 ဟာ ထင်ထားတာထက်ပိုပြီး Market Performance ပိုမိုကောင်းမွန်နေတာဖြစ်ပါတယ်။ Z Fold3 ကြိုတင်မှာယူမှုတွင် အရင် Z Fold2 ထက် 3.5 ဆ ပိုမိုများပြားခဲ့ပြီး Z Flip3 ကလည်းအရင် Z Flip နှင့်နှိုင်းယှဉ်ပါက 4.9 ဆ ပိုမိုများပြားခဲ့ပါတယ်။ ဒါတွေကိုကြည့်ချင်းအားဖြင့် မိုလ်ဘိုင်းစျေးကွက်ဟာ သာမန်ဖုန်းတွေထက် Foldable ဖုန်းတွေကိုပိုမိုစိတ်ဝင်စားလာကြပြီဆိုတာကို ပြသနေတာပဲဖြစ်ပါတယ်။
အသုံးပြုရတဲ့အပိုင်းမှာလည်း Innovative ပိုဖြစ်တဲ့ Foldable ဖုန်းတွေနဲ့ပိုမိုအသားကျလာပြီဖြစ်တဲ့ စျေးကွက်ကို Z Fold 3 ဟာအရင်နှစ်က Z Fold 2 ထက်ပိုမိုအာမခံချက်ရှိတဲ့ လုပ်ဆောင်ချက်တွေ , Build Quality တွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ ခေါက်ချိုးတွေနဲ့စိမ်းမနေတော့တဲ့ လူများဟာ လည်း သာမန်ဖုန်းတွေကိုဆယ်စုနှစ်တစ်ခုကျော်သုံးပြီးနောက်ပိုင်းမှာအသစ်အဆန်းလေးတွေသုံးချင်လာကြပါတယ်။
Z Fold first generation မှာဝေဖန်မှုတွေနဲ့ပြင်းပြင်းထန်ထန်ကြုံခဲ့ရပြီးနောက် 3rd generation မှာ လက်တွေအသုံးဝင်တဲ့ပမာဏကိုတိုးမြင့်နိုင်ခဲ့ပြီး တီထွင်ဆန်းသစ်မှုတွေဖြစ်တဲ့ Under display ကင်မရာနဲ့ ကမ္ယာ့ပထမဆုံး water resistance ခေါက်ချိုးဖုန်းကိုထုတ်နိုင်ခဲ့ပါတယ်။ ဒါတွေရဲ့သက်သေဟာ အခုများပြားနေတဲ့ Pre-order အရေအတွက်တွေပဲဖြစ်ပါတယ်။ အဲ့တော့ Foldable ဖုန်းတွေကိုလူတွေဟာ လက်ခံလာကြပြီး ပိုမို innovative ဖြစ်တဲ့ဖုန်းတွေကိုတောင့်တနေကြပါပြီ။ ဒါဟာ Foldable ဖုန်းတွေရဲ့ Time to shine အချိန်ကိုစျေးကွက်မှာသေချာပေါက်မြင်တွေရဖို့အချိန်ဟာမဝေးတော့ဘူးလို့ပဲသုံးသပ်လိုက်ပါတယ်။
မျိုးဆက်သစ် Foldable ဖုန်းတွေဖြစ်တဲ့ Z Fold3 ကိုအသုံးပြုသူ ကိုမင်းသက်ထူး ၃၆ နှစ် ရဲ့ လက်တွေ့ထွက်ဆိုချက်ကတော့
“ကျွန်တော်ကတော့ Z Fold3 ကို Global မှာစမိတ်ဆက်ကတည်းက သုံးပြတဲ့ features တွေကို ကြည့်ပြီး တော်တော်လေးကို သဘောကျသွားတာ။ သူက ဖုန်းလိုလည်းသုံးလိုရသလို Tablet အနေနဲ့လည်း သုံးလိုရတယ်။ ၂ မျိုးသယ်သွားစရာ မလိုတော့ဘူး။ နောက်ပြီး S Pen Support ပါ ထည့်ပေးထားတော့ အလုပ်အတွက် တော်တော်အဆင်ပြေတယ်။ အခုစမ်းသုံးကြည့်တော့ Z Fold3 မှာကျွန်တော်အကြိုက်ဆုံး အချက်တွေကို ပြောပါဆိုရင် Water Resistance ပါလာတာရယ်၊ ပိုပြီး အကြမ်းခံလာတာရယ်၊ နောက်ပြီး Flex Mode ပဲ။ ကိုယ့် Eye Level နဲ့ အသင့်တော်ဆုံးအနေအထားမှာထားပြီး သုံးလိုရတာကတော့ တော်တော်လေးကို မိုက်တယ်။”
Z Flip3 ကိုအသုံးပြုပြီးသွားတဲ့ Professional Marketer တစ်ဦးဖြစ်တဲ့ မနေနေ ၂၉ နှစ်ကလည်း
“Flip စီးရီးကို Global launch ထဲက သူရဲ့live style ပုံစံသစ်လေးကြောင့် စပြီးစိတ်ဝင်စားခဲ့တာပါ။ ပြည်တွင်းမှာ စရောင်းတဲ့ချိန်မှာ သူရဲ့ Trade in program လေးလည်း ညီမအတွက် တော်တော်လေးကို အဆင်ပြေအာင် စီစဉ်ပေးထားတော့ အရမ်းကြိုက်ပြီးသူရဲ့ ခေါက်ရတဲ့ ဒီဇိုင်းကို အရမ်းကြိုက်လို့ပါ။ ညိီမကရုံးချိန်အတွင်းမှာဆိုရင်တော့ vdo calls တို့ con calls တို့ပြောတဲ့အခါမှာ သူရဲ့ Flex mode က လုံးဝကိုအံကိုက်ပဲ။ နောက်ပြီး cover screen ကလည်း ဖုန်းကြီးကို ဖွင့်ပြီး Spotify တို့နဲ့ ဖွင့်စရာမလိုတော့ဘဲ အလွယ်တကူနဲ့ သီချင်းနားထောင်လို့ ရတာကို အရမ်းကြိုက်တယ်။”
မစိုစိုအောင် ၂၉ နှစ် ကလည်း Z Flip3 သုံးပြီးတဲ့နောက်အခုလိုပဲမှတ်ချက်ပေးသွားပါတယ်။ “အရင် Z Flip တွေထွက်ကတည်းက သူ့ရဲ့ ခေါက်လို့ရတဲ့ဒီဇိုင်းကို တော်တော်သဘောကျခဲ့တာပါ။ ဒါပေမဲ့ အဲဒီတုန်းက သုံးနေတဲ့ ဖုန်းကလည်း အဆင်ပြေနေသေးတာကြောင့် မလဲဖြစ်ခဲ့ဘူး။ အခု Z Flip3 ကျတော့ စမိတ်ဆက်ကတည်းက ဒီဇိုင်းပိုင်းလည်း ပိုမိုက်လာတယ်။ နောက်ပြီး Cover Screen ကလည်း ပိုကြီးလာတော့ တော်တော်မိုက်တယ်လို့ခံစားရတယ်။ အဲဒါကြောင့်ပဲ Pre-order တင်ဖြစ်ခဲ့တာပါ။ အခုစမ်းသုံးကြည့်တော့လည်း တော်တော်လေးကို အဆင်ပြေတယ်။ Style အသစ်တစ်ခုလို ခံစားရတယ်။ ခေါက်ထားလိုက်လို့ရှိရင် တစ်ကယ့်သေးသေးလေးဆိုတော့ သယ်ရတာလည်းလွယ်ကူပြီး Cover Screen ရယ်၊ နောက်ပြီး Flex Mode နဲ့ ထောင်ထားပြီး သုံးလို့ရတာကိုတော့ အကြိုက်ဆုံးပဲ။ အလုပ်လုပ်တဲ့နေရာမှာရော၊ အပန်းဖြေတဲ့နေရာမှာပါ စတိုင်ကျသလို တစ်ကယ်လည်း အဆင်ပြေပါတယ်။”
မြန်မာနိုင်ငံအတွက် Galaxy Z Fold3 ကို Black နှင့် Silver အရောင်နှစ်ရောင်နှင့် ရရှိနိင်မည်ဖြစ်ပြီး ကြိုတင်မှာယူမှုဈေးနှုန်း မြန်မာငွေကျပ် ၃,၄၃၉,၀၀၀ ဖြင့်လည်းကောင်း၊ အရောင်အသစ်အဆန်းများဖြစ်သည့် Galaxy Z Fold3 ကို Cream နှင့် Lavender အရောင်နှစ်ရောင်နှင့်ရရှိနိုင်ပြီး ကြိုတင်မှာယူမှု မြန်မာငွေကျပ် ၂,၁၅၉,၀၀၀ အသီးသီးကျသင့်မှာဖြစ်ပါတယ်။
ပထမအသုတ် ကြိုတင်မှာယူထားသူများကတော့ အခုဆိုဖုန်းတွေ collect ပြီးသွားပြီ။ ဒုတိယအသုတ်၌ ကြိုတင်မှာယူထားသူများသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့ မှစတင်၍ မိမိတို့ ကြိုတင်မှာယူထားတဲ့ မိုဘိုင်းဖုန်းအရောင်းဆိုင်များမှာ လက်ကျန်ဖုန်းတန်ဖိုးငွေ အပြည့်ပေးသွင်း၍ သွားရောက် ထုတ်ယူနိုင်မှာပါ။
အဆိုပါ နောက်ဆုံးပေါ် စွမ်းဆောင်ရည်မြင့် ခေါက်ချိုးစမတ်ဖုန်းများဖြစ်သည့် Galaxy Z Fold3 နှင့် Galaxy Z Flip3 များအား မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်ရောင်းချသွားမည့်နေ့ရက်ကိုလည်း Samsung Myanmar မှ တရားဝင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည်။
Author: Hein Htet
Ref: Samsung says Galaxy Z Fold 3 and Z Flip 3 have broken its sales record - SamMobile
Australians can't stop buying Samsung's new foldable phones - SamMobile