မနှစ်က Tiktok ကိုဝယ်ဖို့ ဒေါ်နယ်ထရမ့်နဲ့ ညှိနှိုင်းရခြင်း ကအထူးဆန်းဆုံးလုပ်ရပ်ဟု Microsoft CEO Satya Nadella ဆို
မနှစ်က Microsoft အနေနဲ့ TikTok ကိုဝယ်မယ်ဆိုတဲ့ သတင်းတွေကတော်တော်လေးကို ဟိုးလေးတစ်ကျော်ကျော်ဖြစ်သွားပါတယ်။ တော်တော်များများကလည်းအံအားသင့်သလိုခေါင်းတွေလည်းကုတ်ကုန်ကြပါတယ်။ Microsoft လို Software နဲ့ service တွေ ဘီလီယံနဲ့ချီရောင်းနေတဲ့ ကုမ္ပဏီအကြီးကြီးက ဘာလို့ Social network ဖြစ်တဲ့ TikTok ကိုလိုချင်နေရတာလဲ ?
CEO Satya Nadella ကတော့အဲ့အချိန်တုန်းကသူဘယ်လိုတွေးသလဲဆိုတာကိုထုတ်မပြောခဲ့ပါဘူး။ သူ့အနေနဲ့ Microsoft ကိုတာဝန်ယူပြီးတဲ့ လွန်ခဲ့တဲ့ ခုနှစ်နှစ်မှစပြီး Microsoft ဟာအကြီးမားဆုံးဝယ်ယူမှုသုံးခုပြုလုပ်ခဲ့ပါတယ်။ အဲ့တာတွေကတော့ 2014 မှာ Minecraft , 2016 မှာ LinkedIn နဲ့ 2018 မှာ Github တို့ပဲဖြစ်ပြီးဝယ်ယူခဲ့ရတာလည်း Community အတွက်လို့ပဲဆိုပါတယ်။
Microsoft အနေနဲ့လည်း TikTok ကိုကလေးတွေအတွက်လုံခြုံစိတ်ချစေရန်လုပ်ဖို့စိတ်ဝင်စားခဲ့ပြီး Xbox console တွေမှာ ပိုမိုကောင်းမွန်တဲ့ Community တစ်ခုတည်ဆောက်ဖို့အတွက်ပါ။ Nadella ကတော့ဒါဟာသူ့အတွက် အဓိပ္ပါယ်ရှိတယ်လို့ဆိုခဲ့ပါတယ်။
ညှိနှိုင်းဆဲကာလကြာရှည်လာတာနဲ့အမျှ TikTok နဲ့ဝယ်မဲ့ US ကုမ္မဏီတွေကြားထဲမှာ drama တွေပါဝင်လာခဲ့ပါတယ်။ထို့နောက် သမ္မတဟောင်း ထရမ့် က နောက်ကွယ်မှာအရောင်းအဝယ်အတွက်လုပ်ကိုင်နေတယ်လို့ဖော်ပြခဲ့ပြီး Illegal finder’s fee ကိုလည်းတောင်းဆိုခဲ့ပါတယ်။ ထို့နောက် Oracle တို့ Walmart တို့လိုကုမ္ပဏီအကြီးကြီးတွေပါဒီကိစ္စထဲပါဝင်လာပြီး New York Time သတင်းစာကတော့ဒီဖြစ်ရပ်ကို “Soup Opera” လို့သတ်မှတ်ခဲ့ပါတယ်။
CEO Nadella ကတော့ ဒါဟာကျွန်တော်လုပ်ခဲ့ဖူးသမျှအလုပ်တိုင်းမှာအထူးဆန်းလုပ်ရပ်ပါ။ ဒီဖြစ်ရပ်တွေအကုန်လုံးကလည်း 2020 ရွေးကောက်ပွဲမတိုင်ခင်လပိုင်းအလိုလောက်မှာဖြစ်သွားခဲ့ပြီး Drama လည်းဒီနေရာမှာတင်ပြီးဆုံးသွားခဲ့ပါတယ်။ Interviewer က Nadella ကို သမ္မတဟောင်းထရမ့်နဲ့ညှိနှိုင်းရတာဘယ်လိုမျိုးလဲလို့မေးမြန်ခဲ့ရာမဖြေခဲ့ပဲ ရှက်ပြုံးပဲပြုံးပြခဲ့ပါတယ်။
Ref: Cnet
Author : Hein Htet