12 Pro Max ရဲ့ DXO mark နဲ့ ထပ်ထူရတဲ့ iPhone 13 mini
Pre-order ကာလပြီးလို့ စျေးကွက်ထဲကိုရောက်လာပြီဖြစ်တဲ့ iPhone 13 series ရဲ့ camera ကိုစမ်းသပ်အမှတ်ပေးထားတဲ့ DXO mark တွေပေါ် ထွက်လာပြီပဲဖြစ်ပါတယ်။ ဒီနှစ်ရဲ့ စျေးအနည်းဆုံး iPhone 13 mini ဟာ ပြီးခဲ့တဲ့နှစ်က camera specs အမြင့်ဆုံးစျေးအများဆုံးဖြစ်တဲ့ 12 Pro Max ရဲ့ DXO mark 130 ကိုရရှိထားတာပဲဖြစ်ပါတယ်။ iPhone 13 series မှာအသုံးပြုပေးထားတဲ့ 1.7 µm size ရှိတဲ့ lens အသစ်တွေကြောင့် ခုလို 13 mini ရဲ့ ရမှတ်ဟာခုလိုအတူတူဖြစ်သွားတာပါ။12 Pro Max ရဲ့ Telephoto lens ကြောင့် Zooming ပိုင်းမှာတော့ပိုသာပေမယ့် 13 series ရဲ့ A15 chipset ကြောင့် photo အပြင် video processing ပိုင်းတွေမှာပါ ပိုမိုမြန်ဆန်လာပါတယ်။ ဒါ့ကြောင့် video test မှာ 13 mini ဟာ 12 Pro Max ရဲ့ 113 မှတ်ကိုကျော်ပြီး 117 မှတ်ထိတောင်ရထားတာပါ။ Xiaomi ရဲ့ Mi 11 Ultra နဲ့လဲ အမှတ်တူနေပါတယ်။ Photo score မှာတော့ အမှတ်တူနဲ့ 138 မှတ်ကိုရရှိထားပါတယ်။
iPhone 13 Pro ကတော့overall 137 မှတ်နဲ့ DXO mark ရဲ့ နံပတ် ၄ နေရာကိုယူထားပါတယ်။ ပထမ ၃နေရာမှာတော့ Huawei P50 Pro, Mi 11 Ultra နဲ့ Mate 40 Pro+ တို့ရှိနေပြီး Photo score ကတော့ 144 မှတ်နဲ့ အမြင့်ဆုံးပါ။ iPhone 13 Pro ဟာ video score မှာလဲ 119 မှတ်ထိရထားပြီး dynamic range နဲ့ autofocus ပိုင်းမှာသိသိသာသာတိုးတက်လာပါတယ်။
ပြီးခဲ့တဲ့ နှစ်က 12 Pro နဲ 12 Pro Max တို့ camera ၂ခုကြားမှာ specs ကွာခြားချက်ရှိခဲ့ပေမယ့် မှာ ဒီနှစ် Pro model ၂ခုစလုံးဟာ camera တစ်ခုထဲကိုပဲ သုံးထားတာဖြစ်လို့ ဒီနှစ်ရဲ့ ရိုးရိုး Pro Model ဟာ၀ယ်ရတာပိုတန်တယ်လို့မြင်မိပါတယ်။ ဒီနှစ်ရဲ့အမြင့်ဆုံး iPhone camera ကိုရဖို့အတွက် size ပိုကြီးတဲ့ 13 Pro Max ကိုစျေးပိုပေးပြီး၀ယ်စရာမလိုတော့ပါဘူး။