စကားလုံးအချို့ကို အဝေးကနေ ပိတ်ပင်နိုင်စွမ်း Xiaomi ဖုန်းတွေမှာရှိနေလို့ Mi ဖုန်းများကိုလက်ရှောင်ဖို့ လစ်သူရေးနီးယားကာကွယ်ရေးဝန်ကြီးသတိပေး
လစ်သူရေးနီးယားကာကွယ်ဝန်ကြီးကတော့ Mi ဖုန်းတွေမှာ ဆင်ဆာဖြတ်တောက်နိုင်တဲ့ ပစ္စည်းထည့်သွင်းတည်ဆောက်ထားတဲ့အတွက်ကြောင့် ဝယ်ယူသုံးစွဲသူတွေကိုလက်ရှောင်ဖို့တိုက်တွန်းလိုက်ပါတယ်။Xiaomi မှ ဥရောပမှာရောင်းချနေတဲ့ Flagship ဖုန်းတွေမှာ “ Free Tibet, Long live Democracy (သို့မဟုတ်) democracy movement အစရှိတဲ့စာလုံးတွေကိုသိရှိနိုင်ပြီးအစားထိုးဖျက်ပစ်နိုင်တဲ့ Software ကိုထည့်သွင်းတည်ဆောက်ထားတယ်လို့ အင်္ဂါနေ့က လစ်သူရေးနီးယားရဲ့ Cybersecurity အဖွဲ့ကဆိုပါတယ်။
ကာကွယ်ရေးဝန်ကြီးရဲ့ Cybersecurity ဌာန ကတော့ Censorship ဖြတ်တောက်နိုင်စွမ်းရှိတဲ့ ဥရောပ အတွက် Mi 10T 5G ဖုန်းရဲ့ software ဟာပိတ်ထားပေမဲ့ အချိန်မရွေးအဝေးကနေပြန်လည်ဖွင့်နိုင်တယ်လို့ တင်ပြချက်တစ်ခုမှာဖော်ပြထားပါတယ်။
ကာကွယ်ရေးဝန်ကြီး Margiris Abukevicius ကိုယ်တိုင်ကတော့ ဒီဖုန်းတွေကိုမဝယ်ဖို့နဲ့အခုလက်ရှိကိုင်နေရင်အမြန်ဆုံးလက်ရှောင်ကြဖို့တိုက်တွန်းထားပါတယ်။
သူ့ရဲ့တင်ပြချက်ထဲမှာ သူတို့ဖုန်းတွေရဲ့ အသုံးပြမှုအချက်အလက်တွေကို စင်္ကာပူက server တစ်ခုဆီကိုလှမ်းပို့နေတယ်လို့ဖော်ပြထားပြီး လုံခြုံရေးအားနည်ချက်ပြဿနာကို P40 5G ဖုန်းတွေမှာတွေ့ခဲ့ရပြီး OnePlus ဖုန်းတွေမှာတော့မတွေ့ရဘူးလို့ဆိုပါတယ်။ ဆင်ဆာဖြတ်နိုင်တဲ့ software တွေဟာ Mi ဖုန်းတွေရဲ့ system apps တွေနဲ့ default browser တွေမှာလည်းပါဝင်နေတယ်လို့လည်းဆိုပါတယ်။
Ref : Reuters.com