နောက်နှစ်ထွက်မဲ့ iPhone မှာ Notch ပျောက်ဖို့မမျှော်လင့်သင့် | 2024 ခုနှစ်မှာ ခေါက်ချိုး iPhone ကိုမိတ်ဆက်လာနိုင်
Apple ရဲ့ iPhone X က စလိုက်တဲ့ Notch နဲ့ face ID ဟာ 2017 ခုနှစ်မှ အခု အချိန်ထိ လေးနှစ်ကျော်ကြာမြင့်လာပြီပဲဖြစ်ပါတယ်။ ဒီဇိုင်းတစ်မျိုးထဲ Concept တစ်ခုထဲကိုပဲ လေးနှစ်ကျော်ကြာအောင်သုံးနိုင်တယ်ဆိုတာ Apple တစ်ခုပဲရှိပါတယ်။ အဲ့တော့ ထုံးစံအတိုင်းပဲ စိတ်ပျက်နေတဲ့လူထုကြီးကိုဖြေသိမ့်ဖို့အတွက် Apple ကအရင်ကလည်းလုပ်ခဲ့ရသလို အခုလဲလုပ်ရတော့မှာပါ။ ပြောရရင် iPhone 13 ကို စိတ်ကျေနပ်အားရတဲ့လူတွေဟာ အရင် 12 line up ထက်ပိုနည်းလာပါတယ်။ အရင်က iPhone 5 နဲ့ 5s ခေတ်မှာ Android ဖုန်းအများစုက Apple ကို screen size ကြီးတာနဲ့တိုက်ခိုက်ခဲ့ကြပါတယ်။ iPhone 6 မှာ screen size ကြီးကြီးကိုစပြောင်းပြီး 8 line up အထိ အဲ့ဒီဇိုင်းအတိုင်းပဲသုံးခဲ့ပါတယ်။ အခုလည်း တူတူပါပဲ Apple အနေနဲ့ ဒီဇိုင်းပြောင်းလဲမှုကြီးကြီးမားမားလိုအပ်နေပါပြီ။
Apple ရွေးချယ်ရမဲ့လမ်း
အဲ့တော့ အခု လောလောဆယ်မှာ Superhero ကားတွေထဲကလို Nanotech တွေ quantum နည်းပညာတွေမဖြစ်ထွန်းသေးတော့ Apple ရွေးချယ်ရမှာ နှစ်ခုပဲရှိပါတယ်။ အခု အားလုံးထုတ်နေကြတဲ့ Under display နည်းပညာနဲ့ Foldable နည်းပညာတို့ပဲဖြစ်ပါတယ်။
အပေါ်က Notch ပျောက်ဖို့ဆိုရင် Apple အနေနဲ့ ရွေးချယ်ရမှာ camera အတွက် Under display camera နဲ့ Biometric security အတွက် Under display touch ID ဖြစ်ပါတယ်။ Face ID ကိုပါ screen အောက်ထဲထည့်မယ်ဆိုရင်လည်းပြီးပြည့်စုံဖို့တော်တော်အချိန်ယူရမှာဖြစ်ပါတယ်။အခုအချိန်မှာအနီးစပ်ဆုံးကတော့ under display ကင်မရာဖြစ်ပါတယ်။ Apple ရဲ့ခိုင်မာတဲ့ analyst Ming-chi Kuo ကတော့ “လူတွေအနေနဲ့ နောက်နှစ်ထွက်လာမဲ့ iPhone ကို Under display Touch ID ပါဝင်လာဖို့မမျှော်လင့်သင့်ပါဘူး။ ဒီနည်းပညာဟာ နောက်ကိုတစ်နှစ်နောက်ဆုတ်သွားပြီး 2022 iPhone line up အတွက် အဆင်သင့်မဖြစ်သေးပါဘူးလို့ဆိုပါတယ်”
ဘာလုပ်လုပ်ပြီးပြည့်စုံအောင်လုပ်တတ်တဲ့ Apple က Under display နဲ့ Foldable နည်းပညာကို လုံးဝပြီးပြည့်စုံအောင် Research and development လုပ်နေတာလည်းဖြစ်နေနိုင်ပါတယ်။ အရင် Touch ID နဲ့ Face ID ကိုပြီးပြည်စုံအောင်လုပ်ခဲ့သလိုမျိုးဒီနည်းပညာကိုလည်းပြီးပြည့်စုံသွားမှာထည့်သုံးလာနိုင်ပါတယ်။
အခု ဒီသတင်းကိုချပြခဲ့တဲ့ Kuo ကလည်း 2024 ခုနှစ်ဟာ ခေါက်ချိုးဖုန်းဒီဇိုင်းတွေဟာ High end ဖုန်းတွေမှာအရောင်းရဆုံး ဖြစ်လာနိုင်တယ်လို့လည်းဆိုပါတယ်။
Ref : Hein Htet