Facebook နဲ့ Ray-ban ‌ပေါင်းထုတ်ထားတဲ့ ဒေါ်လာ 299 ကျသင့်မဲ့ Ray-ban stories

Facebook က Ray-ban ပူးပေါင်းထုတ်လုပ်ထားတဲ့ Ray-ban Stories smart glass ဟာ မျက်မှန်မှာ Video နဲ့ ဓာတ်ပုံရိုက်ကူးဖို့အတွက် အရှေ့ဘက်မှာ 25 mega pixel ကင်မရာနှစ်လုံး ပါဝင်မှာဖြစ်ပြီး ရိုက်ကူးသမျှပုံရိပ်တိုင်းကို Facebook မှာတင်မဟုတ်ပဲ Platform အားလုံးမှာမျှဝေနိုင်မယ်လို့ဆိုပါတယ်။ record လုပ်ဖို့အတွက် ခလုတ်တစ်ခုပါဝင်မှာဖြစ်သလို “Hey Facebook take a video” လို့ပြောလိုက်ပြီး အသံနဲ့လည်းအမိန့်ပေးခိုင်းစေနိုင်မှာဖြစ်ပါတယ်။ အဲ့အတွက် မျက်မှန်မှာ mic နဲ့ Speaker ပါဝင်မှာဖြစ်ပြီး သီချင်းနားထောင်တာတွေလည်းလုပ်လို့ရမှာဖြစ်ပါတယ်။ Bluetooth ပါဝင်ပြီး ဖုန်းနဲ့ Bluetooth ချိတ်ဆက်ကာ မျက်မှန်ရဲ့ဘေးနှစ်ဖက်က speaker တွေကတစ်ဆင့် သီချင်းနားထောင်တာတွေအပြင် Podcast , ဖုန်းပြောတာတွေပါပြုလုပ်နိုင်မှာပါ။ မျက်မှန်မှာ Play, Pause , Volume အတိုးအကျယ်တွေထိန်းချုပ်နိုင်ဖို့အတွက် Touch control လုပ်ဖို့ Touch pad ပါဝင်မှာပါ။ လက်တွေ့အသုံးပြုပြီးသွားတဲ့ သူတွေပြောပြချက်အရတော့ Ray-Ban stories smart glass ဟာ သာမန်မျက်မှန်တွေလိုပဲအလေးချိန်နဲ့ခံစားမှုတူညီတယ်လို့ပြောပါတယ်။ Video နဲ့ ဓာတ်ပုံရိုက်ကူးနေချိန်မှာ Privacy အတွက် Smart Glass ရဲ့အရှေ့ဘက်က ကင်မရာ lens မှာ LED မီးလင်းလာမှာဖြစ်ပြီး Smart Feature တွေမသုံးချင်ဘူးဆိုရင် ခလုတ်တစ်ခုထဲနဲ့ပိတ်ထားလိုက်ပြီး သာမန်မျက်မှန်တစ်ခုလိုပဲ သုံးနိုင်မှာဖြစ်ပါတယ်။

rayban stories.jpg

အခု Facebook ကထုတ်လိုက်တဲ့ smart glass ဟာ 2016 တုန်းကထွက်ရှိလာတဲ့ Snapchat’s Spectacles နဲ့ဆင်တူပြီး Snapchat ကနောက်ဆုံးထုတ်လုပ်လိုက်တဲ့ smart glass လိုတော့ Display နဲ့ AR ပါဝင်ဦးမှာမဟုတ်ပါဘူး။ ဒါပေမဲ့ Facebook ကတော့ AR နဲ့ Overlay graphic တွေ Smart glass မှာ မထည့်ခင်အရင်ဆုံးစျေးကွက်နဲ့ရင်းနှီးအောင်လုပ်ချင်တဲ့ပုံပါပဲ။

Author : Hein Htet
Ref : the verge

Previous
Previous

ဆိုင်ကယ်ရဲ့မြင့်မားသောတုန်ခါမှုဟာ iPhone camera တွေကိုထိခိုက်နိုင်တယ်လို့ Apple သတိပေး

Next
Next

Apple က LEO Satellite နည်းပညာကို iPhone အသစ်မှာတစ်ကယ်ပဲထည့်နိုင်မှာလား? ဂြိုဟ်တုဆက်သွယ်ရေးတွေဘယ်လိုလုပ်သလဲလေ့လာပြီးအဖြေရှာကြည့်ရအောင်