ဆိုင်ကယ်ရဲ့မြင့်မားသောတုန်ခါမှုဟာ iPhone camera တွေကိုထိခိုက်နိုင်တယ်လို့ Apple သတိပေး
ဆိုင်ကယ်စီးလေ့စီးထရှိတဲ့ iPhone ပိုင်ရှင်များအနေနဲ့ ဆိုင်ကယ်ရဲ့မြင့်မားတဲ့တုန်ခါမှုတွေက iPhone camera ကိုထိခိုက်နိုင်တယ်လို့ Apple ကသတိပေးလိုက်ပါတယ်။ Apple ရဲ့ Support document ထဲက ဒီသတိပေးချက်ကို Mac Rumors ကအရင်စပြီးသတိထားမိခဲ့တာဖြစ်ပါတယ်။
ဆိုင်ကယ်ရဲ့ပြင်းထန်တဲ့တုန်ခါမှုက iPhone ရဲ့ Optical Image Stabilization နဲ့ အနီးကပ် ရိုက်တဲ့နေရာတွေမှာ ကြည်လင်ပြတ်သားတဲ့ပုံရိပ်ရစေဖို့ Autofocus လုပ်ဆောင်ချက်တွေကိုပျက်စီးစေနိုင်တယ်လို့ဆိုပါတယ်။အဲ့တော့ iPhone အသုံးပြုသူတွေအနေနဲ့ ဖုန်းကိုဆိုင်ကယ်ရဲ့ တုန်ခါမှုများပြားတဲ့နေရာတွေမှာတွဲဖက်ပြီးမသုံးသင့်ဘူးလို့ဆိုပါတယ်။ ဥပမာ ဆိုင်ကယ်ရဲ့ လက်ကိုင်တန်းထိပ်မှာ ဖုန်းကို တပ်ပြီးမြေပုံအနေနဲ့ သုံးတာမျိုးတွေရှောင်ရှားသင့်တယ်လို့ပြောပါတယ်။ Apple ကတော့ iPhone မော်ဒယ်အများစုရဲ့ ကင်မရာစနစ်တွေဟာ ဆိုင်ကယ်ရဲ့မြင့်မားတဲ့တုန်ခါမှုဒဏ်ကိုခံနိုင်ရည်မရှိဘူးလို့ဆိုပါတယ်။
အဲ့တော့ ဆိုင်ကယ်စီးတဲ့ iPhone ပိုင်ရှင်တွေအနေနဲ့ တုန်ခါမှုဒဏ်ခံနိုင်တဲ့ အကာအကွယ်မျိုးတပ်သုံးသင့်ပါတယ်။ Apple ကတော့ iPhone မော်ဒယ်အများစုရဲ့ ကင်မရာစနစ်တွေဟာ ဆိုင်ကယ်ရဲ့မြင့်မားတဲ့တုန်ခါမှုဒဏ်ကိုခံနိုင်ရည်မရှိဘူးလို့ဆိုပါတယ်။
Apple ရဲ့သတိပေးချက်ကတော့ အချို့သော iPhone မော်ဒယ်များတွင်အဆင့်မြင့်ကင်မရာစနစ်များသည်ခက်ခဲသောအခြေအနေများတွင်ပင်ကောင်းမွန်သောဓာတ်ပုံများကိုဖမ်းယူနိုင်ရန် optical image stabilization နှင့်ပိတ်ထားသော loop autofocus ကဲ့သို့နည်းပညာများပါဝင်ပါတယ်။ ဤစနစ်များသည်သင့်အားကောင်းမွန်သောရိုက်ချက်ကိုအာရုံစိုက်စေနိုင်ရန်လှုပ်ရှားမှု၊ တုန်ခါမှုနှင့်ဆွဲငင်အား၏သက်ရောက်မှုများကိုအလိုအလျောက်တန်ပြန်ရန်လုပ်ဆောင်ပေးပါတယ်။” လို့ဖော်ပြထားပါတယ်။
Ref: BBC news , Sky news