Apple က LEO Satellite နည်းပညာကို iPhone အသစ်မှာတစ်ကယ်ပဲထည့်နိုင်မှာလား? ဂြိုဟ်တုဆက်သွယ်ရေးတွေဘယ်လိုလုပ်သလဲလေ့လာပြီးအဖြေရှာကြည့်ရအောင်

Apple ရဲ့ iPhone အသစ်က လိုင်းမမိတဲ့နေရာတွေမှာပါ LEO ( low earth orbit) Satellite နည်းပညာကိုသုံးပြီး Message ပို့နိုင်ဖုန်းခေါ်နိုင်အောင်လုပ်ပေးတော့မယ်ဆိုတော့ Satellite နည်းပညာနဲ့သာမန် Cellular Tower နည်းပညာနဲ့ဘာတွေကွာလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်။

Satellite ဆိုတာတော့မြန်မာလိုဂြိုဟ်တုပေါ့။ ကမ္ဘာ့ဂြိုဟ်ပတ်လမ်းကြောင်းထဲမှာ တခြားဂြိုဟ်တွေနဲ့တူတူလည်ပတ်ပြီးနေပြီးလူတွေတီထွင်ထားတဲ့အတွက်ဂြိုဟ်တုလို့ခေါ်ပါတယ်။ ဂြိုဟ်တုရဲ့အလုပ်ဟာတခြားဂြိုဟ်တွေလို Solor system ထဲမှာလည်ပတ်နေရုံ တည်ရှိနေရုံတင်မဟုတ်ပဲသူ့မှာတခြားအလုပ်တွေလည်းရှိပါတယ်။ တခြား ဂြိုဟ်တွေကိုစူးစည်းလေ့လာတာ ကမ္ဘာပေါ်မှာစောင့်ကြည့်ရေးခြေရာခံအဖြစ်အသုံးပြုတာ ကမ္ဘာပေါ်က လူအချင်းချင်း ဆက်သွယ်ရေးအတွက်တင်မဟုတ်ပဲ တခြားဂြိုဟ်ပေါ်ကနေကမ္ဘာ့ပေါ်ကိုဆက်သွယ်ရေးအတွက်ပါအသုံးချပါသေးတယ်။ International Space station ကနေကမ္ဘာပေါ်ကို Data လှမ်းပို့တဲ့နေရာမှာ Relay Satellite ကိုအသုံးပြုပါတယ်။ သူက Tracking and Data Relay Satellite (TDRS မြန်မာလိုတော့ ခြေရာခံခြင်းနှင့် လက်ဆင့်ကမ်းခြင်း ဂြိုဟ်တု) ဖြစ်ပြီး မက်ဆီကို နဲ့ ပစိဖိတ်သမုဒ္ဒရာမြောက်ပိုင်းက Guam ကို data တွေပေးပို့ပါတယ်။

untitled-1-05.png

Satellite မှာ ဆက်သွယ်ရေးစနစ်ဖြစ်တဲ့ Transponder လို့ခေါ်တဲ့ ရေဒီယို လှိုင်းကိုဖမ်းယူနိုင် လွှင့်နိုင်တဲ့စနစ်ပါဝင်ပါတယ်။သူအလုပ်လုပ်နိုင်ဖို့လိုအပ်တဲ့ Power system ကိုတော့ နေရောင်ခြည်စွမ်းအင်သုံး solar panel ကိုအသုံးပြုပြီး ကမ္ဘာပတ်လမ်ကြောင်းထဲမှာလည်ပတ်နိုင်ဖို့ Rocket Propulsion (ဒုံးကြည်တွန်းအား) တို့အခြေခံအားဖြင့်ပါဝင်ပါတယ်။ ဂြိုဟ်တု တစ်ခုဟာ လွှင့်တင်ထားပြီးရင် အနှစ်နှစ်ဆယ်လောက်ပြန်ကြည့်စရာမလိုပဲအလုပ်လုပ်နိုင်ပါတယ်။

Satellite တွေဟာ ကမ္ဘာပတ်လမ်းကြောင်းအကွာအဝေးမတူညီတဲ့ သုံးနေရာမှာအလုပ်လုပ်ပါတယ်။ Low earth orbit (LEO), middle Earth Orbit (MEO) နဲ့ Geostationary (GEO) တို့ဖြစ်ပါတယ်။ Apple ကအသုံးပြုမယ်လို့သတင်းထွက်တဲ့ LEO Satellite ဟာ ကမ္ဘာမြေပြင်ကနေအထက် မိုင်ပေါင်း 100 ကနေ 1000 အတွင်းလည်ပတ်ပြီး MEO Satellite ဟာ ကမ္ဘာမြေပြင်ကနေမိုင်ပေါင်း 6300 ကနေ 12500 အတွင်းလည်ပတ်ပါတယ်။ဂြိုဟ်တုတွေဟာ LEO satellite နဲ့ MEO Satellite ကြားမှာ လျှပ်စစ်စီးလှိုင်းဂုဏ်ဒြပ်တွေရှိတာကြောင့် သူတို့နှစ်ခုကြားမှာအလုပ်မလုပ်နိုင်ပါဘူး။ ဒါကိုတော့ Van Allen radiation Belt လို့ခေါ်ပါတယ်။ GEO satellite တွေကတော့ ကမ္ဘာမြေပြင်နဲ့မိုင်ပေါင်း 22236 အကွာအဝေးမှာအလုပ်လုပ်တာဖြစ်တဲ့အတွက်သူ့အနေနဲ့ ကမ္ဘာကိုတစ်ပတ်ပြည့်အောင်ပတ်နိုင်ဖို့ ၂၄ နာရီပဲကြာပြီး သီအိုရီအရ ကမ္ဘာတစ်ခုလုံးကိုကွန်ယက်လွှမ်းခြုံနိုင်ဖို့အတွက် GEO satellite သုံးခုပဲလိုအပ်ပါတယ်။

LEO satellite အတွက်ကမ္ဘာတစ်ခုလုံးကွန်ယက်ဖြန့်ကျက်နိုင်ဖို့ Satellite ပေါင်း အခု နှစ်ဆယ်လိုအပ်ပါတယ်။ (သီအိုရီအရ) အဲ့တာကြောင့်ကမ္ဘာနဲ့ပိုဝေးလေ ကွန်ယက်ပိုဖြန့်ကျက်နိုင်လေဖြစ်ပြီးကုန်ကျစရိတ်လည်းပိုကြီးပါတယ်။ အခု Apple သုံးမယ်လိုသတင်းထွက်နေတဲ့ဂြိုဟ်တုဟာ LEO satellite ဖြစ်တဲ့အတွက် ပါလာမယ်ဆိုရင်တောင် ဆက်သွယ်ရေးတစ်ခုလုပ်ဖို့ ဂြိုဟ်တုပေါင်း အခုနှစ်ဆယ်လိုအပ်တဲ့အတွက် ကမ္ဘာတစ်ခုလုံးကိုဖြန့်ကျက်နိုင်ဖို့လုံးဝမဖြစ်နိုင်သေးပါဘူး။ Elon Musk ရဲ့ Star link Satellite ကိုအားကိုးမယ်ဆိုရင်တောင် သူလဲတစ်ကမ္ဘာလုံးကိုကွန်ယက်မမိသေးပါဘူး။  

gsmarena_002.jpg

Apple ကဘာကြောင့် LEO Satellite ကိုရွေးချယ်ရတာလဲ?

GEO Satellite ကနေကမ္ဘာပေါ်ကို Signal တစ်ခုပြန်လာဖို့အတွက်အလင်းရဲ့အမြန်နှုန်းနဲ့သွားမယ်ဆိုရင်တောင် 0.22 စက္ကန့်ကြာပါတယ်။ဒါဟာခဏလေးဆိုပေမဲ့ အဲ့ Delay ဟာ Voice service တွေနဲ့ ဖုန်းပြောတဲ့နေရာမှာတော်တော်သိသာပါတယ်။နောက်ပြီးဆက်သွယ်မှုတစ်ခုအတွက်ကုန်ကျစရိတ်လည်းတအားကြီးတဲ့အတွက်မကိုက်ပါဘူး။ အဲ့တာကြောင့် Mobile နဲ့ Voice service အများစုဟာ LEO နဲ့ MEO satellite တွေကိုပဲအသုံးများကြတာပါ။  

ကမ္ဘာပေါ်မှာဖုန်းလိုင်းမမိတဲ့နေရာတွေအများကြီးရှိပါတယ်။ Satellite ဖုန်းတွေဟာ သာမန် cellular phone တွေလိုမျိုး Tower အားကိုးခြင်းမရှိဘဲ signal ကိုအနီးဆုံး ဂြိုဟ်တုဆီလှမ်းပစ်ပါတယ်။အဲ့ကမှတစ်ဆင့် Signal ကို အနီးဆုံး Gateway သို့မဟုတ် ကမ္ဘာပေါ်က Based center တစ်ဆင့်လက်ခံပြီး ဆက်သွယ်လိုတဲ့ဖုန်း, သို့မဟုတ် land line , Satellite ဖုန်းတွေဆီပြန်လည်ပေးပို့ပါတယ်။ Satellite တွေဟာ Tower တိုင်တွေကိုအားမကိုးတဲ့အတွက် ဖုန်းလိုင်းမမိလူသူအရောက်အပေါက်နည်းတဲ့နေရာတွေမှာအသုံးဝင်ပါတယ်။တစ်ကမ္ဘာလုံးအနှံ Tower တိုင်တွေလိုက်ထောင်ဖို့ဆိုတာလည်းလက်ရှိမှာတော့ ဖြစ်မနေနိုင်ပါဘူး။

 Satellite ဖုန်းတွေရဲ့အားသာချက်ကတော့ cell phone tower တိုင်တွေပါဝါပျက်တောက်သွားသည့်တိုင်အောင်သုံးနေနိုင်တာပဲဖြစ်ပါတယ်။ အရေးပေါ်အခြေအနေတွေအတွက်အသုံးတည့်ပါတယ်။ Cell phone တွေကတော့ ဖုန်းခေါ် အင်တာနက်သုံး message ပို့ဖို့အထူးထုတ်လုပ်ထားတာကြောင့်စျေးလည်းပေါသလိုအလွယ်တကူလည်းရနိုင်ပြီး Satellite ဖုန်းတွေကတော့စျေးကြီးနေဦးမှာပဲဖြစ်ပါတယ်။ အဲ့တော့ Apple ကဒါကိုတစ်ကယ်လုပ်နိုင်မလား မလုပ်နိုင်ဘူးလားဆိုတာတော့ September လ မှာသိရမှာပါ။

REF : NASA

britannica.com

getgds

Previous
Previous

Facebook နဲ့ Ray-ban ‌ပေါင်းထုတ်ထားတဲ့ ဒေါ်လာ 299 ကျသင့်မဲ့ Ray-ban stories

Next
Next

မျိုးဆက်သစ်ခေါက်ချိုးဖုန်းတွေကို အခုလ Galaxy Unpacked Event မှာမိတ်ဆက်လာနိုင်ခဲ့တဲ့ Samsung ရဲ့အောင်မြင်ခြင်းနောက်ကွယ်ကစိတ်ဝင်စားဖွယ်အချက်များ