သတ်မှတ်အမြန်နှုန်းထက်ပိုမောင်းခဲ့တဲ့ Tesla ကားကိုလိုက်ဖမ်းခဲ့ရာမောင်းသူမဲ့ဖြစ်နေ
ကနေဒါနိုင်ငံကရဲကားဟာသတ်မှတ်အရှိန်ထက်ပိုမောင်းခဲ့တဲ့ Tesla ကားကိုလိုက်ဖမ်းခဲ့ရာဘယ်သူမှအထဲမှာရှိမနေပါဘူး။ Highway လမ်းမှာသွားနေတဲ့ဒီကားမှာ ခရီးသည်ရောယဉ်မောင်းပါကားးထဲမှာအိပ်ပျော်နေတာပဲဖြစ်ပါတယ်။
July လမှာဖြစ်ပွားခဲ့တာဖြစ်ပြီး Highway ရဲများဟာ Tesla model S ကားကိုလိုက်ဖမ်းခဲ့တာပဲဖြစ်ပါတယ်။ရဲကားကအနောက်ကနေကပ်လိုက်တာပြီးအရေးပေါ်မီးဖွင့်လိုက်တာနဲ့ Tesla ကားဟာ 140kmh ကနေ 150 kmh ကိုအရှိန်တင်လိုက်တာပဲဖြစ်ပါတယ်။
A man says he was driving on an interstate in Massachusetts when he noticed a @Tesla with its driver and passenger both asleep. 😮
Details: https://t.co/wwEKYiKTek pic.twitter.com/k0CYVCGyqL— NBC DFW (@NBCDFW) September 10, 2019
https://platform.twitter.com/widgets.js
ကားထဲမှာဘယ်သူမှရှိမနေပါဘူးလို့ရဲအရာရှိမှပြောခဲ့ပါတယ်။နောက်ပြီးဘာလို့ဒီကားကအရှိန်မြင့်လိုက်တာလည်းဆိုတော့ ရဲကားမီးဖွင့်လိုက်တဲ့အခါမှာ Tesla ကားရဲ့အရှေ့မှာရှိနေတဲ့ကားတွေရှင်းသွားလို့ဖြစ်ပါတယ်လို့ဖြေကြားခဲ့ပါတယ်။ကျွန်တော်ရဲ့လုပ်သက် 23 နှစ်မှာပထမဆုံးအကြိမ်အံအားသင့်ခဲ့တာဖြစ်ပြီးအရင်တုန်းကနည်းပညာတွေမထွန်းကားသေးတော့ဒီလိုမျိူးတစ်ခါမှမတွေ့ဘူးပါဘူးလို့ပြောခဲ့ပါတယ်။
အသက်နှစ်ဆယ်အရွယ်ယဉ်မောင်းသူကတော့သတ်မှတ်အမြန်နှုန်းထက်ပိုမောင်းမှုနဲ့ 24 နာရီယဉ်မောင်းလိုင်စင်ပိတ်သိမ်းခြင်းခံလိုက်ရပါတယ်။နောက်ပြီးအန္တရယ်ရှိစွာမောင်းနှင်မှုနဲ့ December လမှာတရားရုံးကဆင့်ခေါ်ထားပါတယ်။
ဒါပေမဲ့ဒီလိုမျိုးယဉ်မောင်းအိပ်ပျော်နေတဲ့ Tesla ကားတွေကိုရံဖန်ရခါတွေ့မြင်ရပါတယ်။ Tesla ကတော့သူ့ရဲ့အလိုလျောက်မောင်းနှင်မှုစနစ်ဟာလုံးဝမောင်းသူမဲ့စနစ်အစစ်မဖြစ်သေးပါဘူးလို့သတိပေးထားပါတယ်။နောက်ပြီး driver ကစတီယာရင်ပေါ်ကလက်ကိုလွှတ်လိုက်တာနဲ့ကားကချက်ချင်းသတိပေးမှာပါ။အဲ့တောဒီလိုသတိပေးမှုတွေကိုလျှစ်လျှရှုရမှာလား?
Author: Hein Htet
Ref :Techspot