Nanotechnology

ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိနေတဲ့နည်းပညာတွေဟာသေးသထက်သေးလာပါပြီ။ Smart phone တွေကွန်ပြူတာတွေနဲ့ Chipset တွေဟာပိုသေးပြီးပိုအစွမ်းထက်လာကြပါပြီ။အရင်ခေတ်က 5MB လောက်ဒေတာကိုသိမ်းဆည်းနိုင်ဖို့အတွက်ရေခဲသေတ္တာနှစ်လုံးစာလောက်ကြီးမားတဲ့ Hard drive တွေဟာဒီနေ့ခေတ်မှာ Terabyte ပေါင်းများစွာသိုလှောင်နိုင်တဲ့ Hard drive တွေအဖြစ်ပြောင်းလဲလာပြီးလက်တစ်ဖဝါးစာတောင်မရှိတော့ပါဘူး။

လူတွေမျက်စိနဲ့မမြင်နိုင်တဲ့ဘက်ခြမ်းမှာကမ္ဘာအသစ်တွေရှိပါတယ်။ Microscopic ကမ္ဘာဆိုတာအံ့သြဖို့ကောင်းပြီးဆန်းကြယ်တဲ့အရာတွေနဲ့ပြည့်နှက်နေပါတယ်။ဒီနေ့ခေတ်မှာမြင်တွေ့နေရတဲ့အရာတွေထက်ဘီလီယံနဲ့ချီသေးငယ်တဲ့စကေးမှာအလုပ်လုပ်နိုင်တဲ့အရာတွေရှိပါတယ်။အဲ့တာကတော့ Nano technology ဖြစ်ပါတယ်။ Nanotechnology ဆိုတာ Nano စကေးပေါ်မှာအလုပ်လုပ်နိုင်တဲ့နည်းပညာတိုင်းခေါ်ဆိုတာဖြစ်ပါတယ်။Nano အရွယ်အစားလောက်ပဲရှိတဲ့အရာတွေကိုတည်ဆောက်တဲ့သိပ္ပံပညာလည်းဖြစ်ပါတယ်။ဘယ်လောက်တောင်သေးငယ်လည်းဆိုတာခန့်မှန်းရတောင်ခက်ပါတယ်။လူတစ်ယောက်ရဲ့ဆံပင်ဟာnanometer ၅သောင်းဝန်းကျင်ရှိပါတယ်။အဲ့တာနည်းနည်းလေးတောင်မနီးစပ်သေးပါဘူး။ တစ်ကယ်လို့ Nanometer တစ်ခုသာ သာဘောလုံးအရွယ်အစားဖြစ်နေခဲ့ရင် Corona virus ဟာ လူတစ်ယောက်ရဲ့အရွယ်အစားဖြစ်နေပါပြီ။ ဒီုးနတ်မုန့်ဟာ New Zealand နိုင်ငံတစ်နိုင်ငံစာဖြစ်နေပြီးကြက်တစ်ကောင်ဟာကမ္ဘာတစ်ခုအရွယ်အစားရှိမှာပါ။ကမ္ဘာပေါ်ကာလူတစ်ယောက်ချင်းစီသာ Nanometer အရွယ်အစားလောက်ပဲရှိရင်တစ်ကမ္ဘာလုံးကလူတွေကို 5 လက်မပတ်လည်အရုပ် ကားတစ်စီးထဲမှာထည့်ထားလို့ရပါတယ်။

Nano ဆိုတာအလွန်သေးငယ်ပြီး Atom ထက်သေးငယ်တဲ့ Subatomic အရွယ်အစားပဲရှိပါတယ်။တစ်ကယ်လို့ Nano စကေးပေါ်မှာသာအလုပ်လုပ်နိုင်ခဲ့ရင် တခြား scale တွေအနေနဲ့သက်ရောက်မှုမရှိနိုင်တဲ့ Physic ကိုခြယ်လှယ်နိုင်မှာပါ။ Nano သိပ္ပံပညာနဲ့ Nano နည်းပညာဟာကမ္ဘာပေါ်မှာရှိနေသမျှအရာဝတ္ထုတွေကိုပုံစံတစ်မျိုးပြောင်းလဲနိုင်ပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိရှိသမျှအရာတွေဖြစ်တဲ့ ကျွန်တော်တို့လူခန္တာကိုယ် ,စားစရာ အစာ နေစရာအိမ်နဲ့ အဝတ်အစားတွေ နဲ့ရှိရှိသမျှအရာဝတ္ထုတိုင်းဟာ Atom တွေနဲ့ဖွဲ့စည်းထားလို့ဖြစ်ပါတယ်။ တစ်ကယ်လို့အရာဝတ္ထုတိုင်းရဲ့နောက်ကွယ်မှာရှိနေတဲ့ Atom တိုင်းကို Nano နည်းပညာနဲ့ ကိုယ်စိတ်တိုင်းကျခြယ်လှယ်နိုင်ခဲ့မယ်ဆိုရင်အရာအားလုံးကပြောင်းလဲသွားမှာဖြစ်ပါတယ်။ Lego Block လေးတွေနဲ့လေယာဉ်ပျံတည်ဆောက်သလိုပေါ့။ဒီနည်းပညာရဲ့အကျိုးဆက်ကိုဒီနေ့ခေတ်ဘယ်နေရာတွေမှာတွေရလဲ? ကွန်ပြူတာ chipset တွေကိုသေးသထက်သေးအောင်လုပ်ပြီး Memory အရွယ်အစားကိုကြီးသထက်ကြီးအောင်ဒီနေ့ခေတ်မှာလုပ်နေတာပါ။စမတ်ဖုန်းတွေကိုလည်းပိုမို smart ဖြစ်အောင်လုပ်နေကြပြီး Nano generator ကြောင့်လမ်းလျှောက်ရင်းဖုန်းအားသွင်းရင်ကြိုးတန်းလန်းနဲ့လျှောက်စရာမလိုတော့ပါဘူး။ဒါတွေဟာ Nano နည်းပညာရဲ့အလားအလားတွေဖြစ်ပါတယ်။

Author : Hein Htet

Ref : Aperture

Previous
Previous

Upper mid-range ကြိုက်သူများအတွက် S20 Fan edition ကိုမိတ်ဆက်

Next
Next

သတ်မှတ်အမြန်နှုန်းထက်ပိုမောင်းခဲ့တဲ့ Tesla ကားကိုလိုက်ဖမ်းခဲ့ရာမောင်းသူမဲ့ဖြစ်နေ