Bethesda softworks နဲ့မိခင်ကုမ္ပဏီ ZeniMax ကို 7.5 billion နဲ့ဝယ်ယူလိုက်တဲ့ Microsoft

Doom နဲ့ Fallout ဂိမ်းတွေဖန်တီးခဲ့တဲ့ Bethesda Softworks ရဲ့  မိခင်ကုမ္ပဏီကို 7.5 billion နဲဝယ်ယူဖို့ Microsoft မှသဘောတူညီမှုရရှိခဲ့ပါတယ်။ဒီဝယ်ယူမှုဟာ Bethesda ရဲ့ဂိမ်းတွေ Xbox ရဲ့ Game Pass ‌‌‌‌‌ပေါ်ကိုရောက်လာတာကနေစပြီးဖြစ်လာဝာာပါ။အဲ့အတွက်နောက်ထွက်လာမဲ့ Games Starfield အတွက်ထိန်းချုပ်မှုကို Microsoft ကရရှိသွားမှာပါ။Xbox နဲ့ PC အတွက် Starfield ကို Xbox Game pass ကနေတစ်ဆင့်ဆော့နိုင်မယ်လို့ Microsoft ကပြောခဲ့ပါတယ်။ ဒီသီတင်းကို Xbox ရဲ့ console အသစ်တွေဖြစ်တဲ့ Xbox series X နဲ့ series S ကိုရောင်းချဖို့ပြင်ဆင်နေတုန်းမှာပဲ Microsoft ကကြေငြာခဲ့တာပါ။ Bethesda အနေနဲ့ PS5 နဲ့ PC exclusive game နှစ်ခုဖြစ်တဲ့ Arkane’s Deathloop နဲ့ Tango Gamework ရဲ့ Ghostwire : Tokyo ဂိမ်းနှစ်ခုကိုကြေငြာပြီးသွားပါပြီ။ ဒီဂိမ်းနှစ်ခုလုံးဟာ PS5 အတွက် time exclusive ဂိမ်းနှစ်ခုဖြစ်ပြီး PC ပေါ်ကိုတော့ 2021 မှာရောက်လာမှာပါ။ GhostWire :Tokyo ဂိမ်းကတော့ First person shooter ဂိမ်းဖြစ်ပြီးTokyo မှာရှိတဲ့သရဲတွေနဲ့ဆော့ရမှာပါ။ ဒီဂိမ်းကိုတော့ Tango work ကဖန်တီးခဲ့တာဖြစ်ပြီး The Evil Within နဲ့ The Evil Within 2 တို့ကိုရေးဆွဲခဲ့တဲ့ကုမ္ပဏီလည်းဖြစ်ပါတယ်။ Deathloop လည်း First person shooter ဂိမ်းဖြစ်ပြီး Time loop ထဲမှာပိတ်မိနေတဲ့ Assassins တစ်ယောက်နေရာကဆော့ရမှာပါ။ Dishonored series ကိုဖန်တီးခဲ့သူ Arkane studio ရဲ့နောက်ဆုံးထွက်ဂိမ်းပါ။ ဒါ့အပြင် Platform အားလုံးမှာရရှိနေတဲ့ The Elder Scrolls ဂိမ်းကိုလည်း PS5 နဲ့ Xbox series X အတွက်ထွက်လာဦးမှာပါ။

Xbox CEO Phil Spencer မှဒီလို PC နဲ့ PS5 time exclusive deal ကိုအလေးထားမှာဖြစ်ပြီးနောက်ထွက်လာမဲ့ Game တွေကိုလည်း Xbox မဟုတ်တဲ့ တခြား Platform တွေမှာတစ်ခုခြင်းဆီရရှိသွားမှာဖြစ်တယ်လို့‌ပြောကြားခဲ့ပါတယ်။ အဲ့တော့နောက်လာမဲ့ Game တွေကို Xbox ပေါ်မှာ Time exclusive အနေနဲ့တွေရဖို့များပါတယ်။ Microsoft ရဲ့ Xbox နည်းဗျူဟာကတော့ Bethesda studio ရဲ့ ဂိမ်းတွေကို Xbox exclusive လုပ်ချင်တဲ့ပုံစံပါပဲ။ Sony ကတော့ အောင်မြင်ဖို့အလားအလာများတဲ့ Developer တွေနဲ့လက်တွဲခဲ့ပြီးခိုင်မာယုံကြည်ရတဲ့နည်းဗျူဟာကိုကျင့်သုံးခဲ့ပါတယ်။အဲ့တာကြောင့်လည်း Spiderman နဲ့ Horizon Zero Dawn တို့လိုဂိမ်းတွေရဲ့ အဆက်ကိုထုတ်နိုင်ခဲ့တာပါ။နောက်တစ်ခုက Sony အနေနဲ့ ဂျပန်က Partner တွေဖြစ်တဲ့ From Software နဲ့ Square Enix တို့လို Studio တွေနဲ့ခိုင်မာတဲ့ဆက်ဆံရေးကြောင့် Final Fantasy game အသစ်နဲ့ Demon’s soul remake game တွေဟာသူများထက်အရင် PS5 ကိုရောက်လာခဲ့တာဖြစ်ပါတယ်။

Author : Hein Htet

Ref: theverge

Previous
Previous

သတ်မှတ်အမြန်နှုန်းထက်ပိုမောင်းခဲ့တဲ့ Tesla ကားကိုလိုက်ဖမ်းခဲ့ရာမောင်းသူမဲ့ဖြစ်နေ

Next
Next

US operation ပိုင်း Tiktok ကိုဝယ်ယူနိုင်ခဲ့တဲ့ Oracle ဆိုတာဘယ်လိုကုမ္ပဏီမျိုးလဲ?