Apple ရဲ့ Time Flies event မှကောက်နှုတ်ချက်

iPhone အသစ်မမိတ်ဆက်ခဲ့တဲ့ Apple ရဲ့ Fall event ကတော့မနေ့ကပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။ iPhone အသစ်တွေကိုစောင့်မျှော်နေခဲ့ကြပေမဲ့ ကုပ္မဏီကတော့ Apple watch အသစ်နှစ်မျိုးနဲ့ iPad အသစ်နှစ်မျိုးကိုပဲအဓိကထားပြီးကြေငြာသွားခဲ့ပါတယ်။

[youtube https://www.youtube.com/watch?v=LMk1PYowq8M&w=900&h=506]

သွေးထဲကအောက်ဆီဂျင်ကိုတိုင်းတာနိုင်မယ့် Apple watch series 6

Health sensor အသစ်ပါတဲ့ Apple watch အသစ်ကို Apple မှကြေငြာခဲ့ပါတယ်။ဒီ sensor အသစ်ကြောင့်သွေးထဲကအောက်ဆီဂျင်ပမာဏကိုတိုင်းတာနိုင်ပါတယ်။ Series 6 ကို S6 chip အသစ်ကမောင်းနှင်မှာပါ။ Apple ကတော့ S6 chip ဟာ iPhone 11 မှာပါတဲ့ A13 bionic chip ကိုအခြေခံထားတဲ့ Dual core processorပါတဲ့။ Series 6 ရဲ့ screen ဟာ အပြင်ဘက်အလင်းရောင်မှာ 2ဆခွဲပိုမိုတောက်ပမှာဖြစ်ပြီး Altitude (အမြင့်ပေတိုင်း /တောင်နဲ့အမြင့်နေရာတွေတက်တဲ့နေရာမှာ ) တိုင်းတဲ့ Altimeter ကိုလည်း always-on အဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။ Series 6 ကိုအ‌ရောင်အသစ်တွေနဲ့ဝယ်ယူနိုင်မှာဖြစ်ပြီး ပထမဆုံးအကြိမ်နဲ့ Series 6 ကို product red အနေနဲ့လည်းထုတ်ထားပါသေးတယ်။ Solo loop လို့ခေါ်တဲ့ Apple watch အတွက်Band အသစ်ကိုလည်းကြေငြာခဲ့ပြီးအရွယ်အစားမျိုးစုံကိုမတူတဲ့အ‌ရောင်ခုနှစ်မျိုးနဲ့ထုတ်ထားပါတယ်။ Series 6 ကို GPS version ကစပြီးစျေးနှုန်းဒေါ်လာ 399 ကနေစတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

စျေးသက်သာပြီး Series 6 လုပ်‌ဆောင်ချက်တွေထည့်သွင်းထားတဲ့ Apple watch SE

စျေးပိုသက်သာတဲ့ iPhone တွေမိတ်ဆက်ပြီးနောက်စျေးပိုသက်သာတဲ့ Apple watch model အသစ် watch SE ကိုလည်းမိတ်ဆက်ခဲ့ပါတယ်။ သွေးထဲကအောက်ဆီဂျင်တိုင်းတဲ့ feature ကလွဲရင် Series 6 ရဲ့ Feature တော်တော်များများပါပါတယ်။ Accelerometer , gyroscope , always on altimeter နဲ့ Fall detection တို့ပါ။အရင်နှစ် Series 5 မှာသုံးထားတဲ့ S5 chip ကိုပဲပြန်သုံးထားပါတယ်။ဒါပေမဲ့ series 5 မှာပါခဲ့တဲ့ always-on display တော့ပါမလာပါဘူး။ Apple watch SE ကိုစျေးနှုန်း ဒေါ်လာ 279 မှစတင်ဝယ်ယူနိုင်ပြီး series 3 ကိုတော့ ဒေါ်လာ 199 ကနေစတင်ဝယ်ယူနိုင်ပါတယ်။Apple watch အသစ်ရဲ့ Box ထဲမှာ USB power adaptor ပါဝင်လာမှာမဟုတ်ပါဘူး။

iPad pro နဲ့ ဆင်တဲ့ iPad Air အသစ်

iPad Air အသစ်ကို‌‌တော့ Screen ကိုလုံးဝဒီဇီုင်းအသစ်နဲ့မိတ်ဆက်လိုက်ပါတယ်။ဒီဇိုင်းအသစ်ဆိုပေမဲ့ iPad Pro လိုပါပဲ။ 10.9 inches Retina display ကို 2360x1640 resolution နဲ့ Touch ID ကို sleep / wake button နဲ့တွဲပေးထားပါတယ်။ iPad air အသစ်မှာ 5nm A14 bionic chip နဲ့ ပထမဆုံး A14 chip သုံးတဲ့ Apple product ဖြစ်လာပါပြီ။A14 ကို 6 core CPU , 4 core GPU architecture နဲ့ 16-core neural engine တို့နဲ့ဖွဲ့စည်းထားပါတယ်။ Camera ကတော့ အနောက်ဘက်မှာ 12-megapixel single camera ပါပါတယ်။သူကတော့ iPad Pro လိုပါပဲဒါပေမဲ့ video stabilization ကိုအဆင့်မြင့်တင်ထားပါတယ်။အရှေ့ဘက်မှာ 7-megapixel facetime HD camera နဲ့ပါ။ အကြီးမားဆုံးပြောင်းလဲမှုကြီးက‌တော့နောက်ဆုံးမှာ Lighting ကို USB-C အဖြစ်ပြောင်းလဲလိုက်ပါပြီ။iPad air အသစ်ကို‌တော့အ‌ရောင်ငါးမျိုးနဲ့ရရှိနိုင်မှာဖြစ်ပြီးစျေးနှုန်းကတော့ 599 ဒေါ်လာပါ။နောက်လထဲမှာဝယ်ယူနိုင်ပါပြီ။

iPad 8th generation

ဒီဇိုင်းတူတူပဲဒါပေမဲ့ Processor အသစ်နဲ့ပါ။ Processor အသစ်ဆိုပေမဲ့ iPhone XS မှာသုံးခဲ့တဲ့ A12 bionic chip ကိုပဲပြန်သုံးထားတာပါ။ Bezel ကြီးတွေလည်းအကြီးကြီးနဲ့ Touch ID ကို Home Button မှာထည့်ပေးထားပါတယ်။စျေးနှုန်းကတော့ ဒေါ်လာ 329 ကျသင့်မှာဖြစ်ပါတယ်။

Fitness Plus subscription အသစ်နဲ့ Apple One subscription Bundles

Premium service အသစ်ပါ။ iPhones , iPad , Apple TV နဲ့ Apple watch တွေအတွက်ထုတ်ထားတာပါ။ work out ပုံစံဆယ်မျိုးပါဝင်ပြီးအပတ်တိုင်းအပတ်တိုင်းမှာ workouts အသစ်တွေထပ်ထဲ့ပေးသွားမယ်လို့ပြောပါတယ်။တစ်လစာဆို 9.99 ဒေါ်လာကျသင့်မှာဖြစ်ပြီးတစ်နှစ်လုံးစာကိုတော့ 79.99 ဒေါ်လာကျသင့်မှာပါ။ Apple one subscription Bundles ကိုတော့ service တွေအကုန်လုံးကိုတစ်ခုထဲမှာအတူရယူနိုင်မှာပါ။စျေးအသက်သားဆုံး Bundles ကတော့ 14.95 ‌ဒေါ်လာရှိပြီး Apple music , Apple TV plus , Apple arcade နဲ့ 50 GB iCloud storage တို့ပါဝင်ပါတယ်။

September လ 16 ရက်နေ့မှာရရှိမဲ့ IOS 14, iPadOS 14 နဲ့ watch OS 7 နဲ့ tvOS အသစ်

မနက်ဖြန်မှာ Software update အသစ်တွေကိုထုတ်ပေးတော့မှာပါ။ IOS 14, iPad OS 14 , watchOS 7 နဲ့ tvOS 14 တို့ပါ။ event မှာကြေငြခဲ့သမျှ Hardware Product တွေအားလုံး Software အသစ်ကိုရရှိမှာပါ။

Author: Hein Htet

Ref : theverge

Previous
Previous

PS5 ရဲ့စျေးနှုန်းနဲ့ထွက်ရှိလာမဲ့ဂိမ်းတွေတရားဝင်ကြေငြာ

Next
Next

Huawei က 5Gစမတ် ကပ်ရောဂါတိုက်ဖျက်ရေးစီမံကိန်းအတွက်“ဆန်းသစ်တီထွင်မှု အရှိဆုံး 5G Enterprise မိတ်ဖက်/ Trial”ဆု နှင့် Telco Converged Cloud (TCC) Solution အတွက် 5G World 2020 ဆုကို ရရှိ