PS5 ရဲ့စျေးနှုန်းနဲ့ထွက်ရှိလာမဲ့ဂိမ်းတွေတရားဝင်ကြေငြာ

မနေ့က Sony ရဲ့ PS5 show case မှာ PS5 ရဲ့တရားဝင်စျေးနှုန်းနဲ့ဂိမ်းအသစ်တွေကြေငြာသွားပါတယ်။Ultra HD Blu-Ray Disc Drive ပါတဲ့ Standard edition ကို 499 ဒေါ်လာနဲ့ အခွေထည့်လိုမရတဲ့ Digital edition ကို 399 ဒေါ်လာနဲ့ရောင်းချသွားမှာပါ။ November 12 ရက်နေ့မှာစတင်ရောင်းချမှာဖြစ်ပြီး Preorder ကိုတော့ September 17 ရက်နေ့မှာစတင်မှာယူနိုင်ပါပြီ။

PS5 ရဲ့ accessories အသစ်တွေကတော့

1. DualSense Wireless controller(Standalone) – US$ 69.99

2. PULSE 3D Wireless headset3D audio support and dual noise cancelling microphones – US$99.99

3. HD camera with dual 1080p lenses – US$59.99

4. Media Remote to navigate movies and streaming services  - US$29.99

5. DualSense charging station can charge two DualSense wireless controller

PS5 နဲ့အတူထွက်လာမဲ့ဂိမ်းတွေကတော့ Marvel's Spider-man: Miles Morales, Call of Duty Black Ops: Cold war, Demon's Souls တို့ပဲဖြစ်ပါတယ်။အဲ့တာအပြင်ကျွန်တော်တို့ကိုအကြီးအကျယ် Surprise တိုက်သွားကတော့ God of war ရဲ့ sequel ဂိမ်းဖြစ်တဲ့ Ragnarok ကို Teaser ချပြခဲ့ပါတယ်။ Kratos is back ပါ။

[youtube https://www.youtube.com/watch?v=kD7SNOOKmfs&w=900&h=506]

နောက်ထပ်ကြေငြာသွားတဲ့ ဂိမ်းအသစ်တွေကတော့ Devil May Cry 5 special edition, Final Fantasy XVI , Five Nights at Freddy’s Security Breach , Hogwarts Legacy တို့ပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ Harry potter ဂိမ်းအသစ်ကို PS5 မှာမြင်ရပါပြီ။Spider-man Miles Morales , Sackboy a big adventures နဲ့ Horizon Forbidden West တို့ကို PS4 မှာဆော့ခွင့်ရမှာပါ။ PS4 မှာ ဒီဂိမ်းတွေကို ဝယ်ယူထားရင် PS5မှာထပ်ဝယ်စရာမလိုတော့ပါဘူး။

PS5 ပိုင်ရှင်တွေအနေနဲ့ PS Plus subscribe လုပ်ထားရင် PS4 မှာနာမည်ကြီးခဲ့တဲ့ဂိမ်းတွေဖြစ်တဲ့ Batman Arkham Knight , Bloodborne , Fallout 4, God of war , Monster Hunter : World , Persona 5 နဲ့တခြားဂိမ်းပေါင်းများစွာကိုဒေါင်းလုပ်ဆွဲပြီးဆော့ခွင့်ရမှာပါ။အဲ့တော့ဒီဂိမ်းတွေမဆော့ရသေးရင် PS4 မဝယ်တော့ပဲ PS5 ဝယ်ပြီး PS Plus Subscribe လုပ်ဖို့အကြံပေးပါတယ်။

Author : Hein Htet

Ref : theverge

Previous
Previous

OLED နဲ့ QLED ဘာတွေကွာလဲ၊ ဘယ်ဟာပိုကောင်းလဲ?

Next
Next

Apple ရဲ့ Time Flies event မှကောက်နှုတ်ချက်