Huawei က 5Gစမတ် ကပ်ရောဂါတိုက်ဖျက်ရေးစီမံကိန်းအတွက်“ဆန်းသစ်တီထွင်မှု အရှိဆုံး 5G Enterprise မိတ်ဖက်/ Trial”ဆု နှင့် Telco Converged Cloud (TCC) Solution အတွက် 5G World 2020 ဆုကို ရရှိ

Huawei သည် ကပ်ရောဂါတိုက်ဖျက်ရေး စီမံကိန်းတွင်အသုံးပြုခဲ့သည့် 5G စမတ် နည်းပညာကြောင့်  “ ဆန်းသစ်တီထွင်မှု အရှိဆုံး5G Enterprise မိတ်ဖက်/ Trial” ဆု နှင့် “Huawei ၏Telco Converged Cloud (TCC) Solution က “အကောင်းဆုံး ကွန်ရက်Virtualization ရှေ့ပြေးစနစ်” ဆုကို5G World 2020 ထိပ်သီးဆွေးနွေးပွဲ အခမ်းအနားတွင် လက်ခံရရှိခဲ့သည်။ Huawei ၏ဆန်းသစ်သည့် 5G နည်းပညာ သုံးစွဲမှုများက စမတ် ကျန်းမာရေးစောင့်ရှောက်မှုကို များစွာအကျိုးပြုလျက်ရှိပြီး ဆန်းသစ်သော virtual machine နှင့် container dual engines များကလည်း 5G လုပ်ငန်းနယ်ပယ်အတွင်း အလေးအနက် အသိအမှတ်ပြုမှုကို ရရှိနေကြောင်း ယင်းကဖော်ပြနေသည်။

Wuhan 5G စမတ်ကပ်ရောဂါတိုက်ဖျက်ရေးစီမံကိန်းသည်၂၀၂၀ခုနှစ်အစောပိုင်း၊ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားချိန်မှစတင်၍Huwei နှင့်များပြားလှသောဆေးရုံကြီးများ၊ဆေးပညာအဖွဲ့အစည်းများနှင့်အစိုးရဌာနများပူးပေါင်းဆောင်ရွက်သည့်စီမံကိန်းတစ်ခုဖြစ်သည်။

5G World summit ၏ ဆန်းသစ်တီထွင်မှု အရှိဆုံး 5G Enterprise မိတ်ဖက်/ Trial

ယင်းစီမံကိန်းက5G ၏ မြင့်မားသော bandwidth ၊ဒေတာ အကူးအပြောင်းကြာချိန် နည်းပါးမှု၊site ပိုင်းဆိုင်ရာ ရိုးရှင်းမှု၊ တပ်ဆင်ရလွယ်ကူအဆင်ပြေမှုတို့ကို အကောင်းဆုံးအသုံးချပြီး ဆရာဝန် ၁,၈၅၀ဦး၊ သူနာပြု ၃,၄၀၀ဦးနှင့် လူနာပေါင်း ၈,၃၅၀ဦးတို့ကို အကျိုးပြုနိုင်ခဲ့ကာ ရောဂါပျောက်ကင်းမှုနှုန်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု၏ ထိရောက်မှုကို သိသာစွာမြှင့်တင်နိုင်ခဲ့သည်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းများအပေါ် ရောဂါကူးစက်နိုင်ချေကိုလည်း လျှော့ချပေးနိုင်ခဲ့သည်။ ကျန်းမာရေးဝန်ထမ်းများအတွက် အင်အားကောင်းမွန်သည့်  ဒီဂျစ်တယ်ပံ့ပိုးမှုများ ပေးပြီးဗိုင်းရပ်စ်၏ သက်ရောက်မှုများနှင့် ပျံ့နှံ့ပုံများအကြောင်း သင်ခန်းစာများ ပေးနိုင်ခဲ့သည်။ ဤနည်းအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများတွင် 5G နည်းပညာများ၏ဆန်းသစ်သည့် အသုံးချနိုင်မှုကို အကောင်းဆုံးဖော်ပြနိုင်ခဲ့သည်။

ဥပမာအားဖြင့် Huoshenshan နှင့်Leishenshan ယာယီဆေးရုံများတွင် ကပ်ရောဂါကာကွယ်ရေးနှင့် တိုက်ဖျက်ရေးတို့အတွက် big data ပလက်ဖောင်းနှင့် အတူ အခြေခံဆေးဝါးအချက်အလက်ဆိုင်ရာ ကွန်ရက်များကို အမြန်ဆုံး တပ်ဆင်နိုင်ခဲ့သည်။  အဆိုပါ ကွန်ရက်နှင့်ပလက်ဖောင်းများပေါ် အခြေခံ၍5G တိုက်ရိုက် ထုတ်လွှင့်မှု၊ ကုသရေးအတွက်5G အဝေးရောက် ပူးပေါင်းဆောင်ရွက်မှု၊ အကာအကွယ်ဝတ်စုံ ဝတ်ဆင်ခြင်းကို ကိုယ်တိုင်ပြန်လည်စစ်ဆေးမှု၊ ဆွေးနွေးကုသခြင်းနှင့် ဆေးရုံတွင်း တွန်းလှည်းဖြင့် ပစ္စည်းပေးပို့ရယူခြင်း စသည့်ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများစွာကို ပြုလုပ်နိုင်လာသည်။ CT-scanning ၊ ultra-B examination နှင့် X-ray film screening စသည့်အဝေးထိန်းစနစ်ဖြင့် ရောဂါစစ်ဆေးသည့် ဝန်ဆောင်မှုများစွာကိုလည်း ဆောင်ရွက်လာနိုင်သည်။ မျိုးရိုးဗီဇဆိုင်ရာ စစ်ဆေးခြင်း၊ အနီအောက် ရောင်ခြည်သုံးအပူချိန်တိုင်းတာခြင်း၊ စက်ရုပ်သုံးပိုးသတ်ခြင်းစသည့် အဝေးထိန်း5G စနစ်ဖြင့် အကာအကွယ်ပေးမှုများကိုလည်း ဆောင်ရွက်လာနိုင်သည်။ ထို့အပြင် ရောဂါကာကွယ်ကုသခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုချောမွေ့စေရန်အတွက် အွန်လိုင်းအစည်းအဝေးခေါ်ဆိုမှုဆိုင်ရာ အထောက်အပံ့များကိုလည်း များစွာ ပံ့ပိုးပေးထားသည်။

5G World 2020 “အကောင်းဆုံး ကွန်ရက် Virtualization ရှေ့ပြေးစနစ်” ဆု

တချိန်တည်းမှာပင် 5G ကွန်ရက်များသည် အဝေးရောက် ပညာရေး၊ပူးပေါင်းဆောင်ရွက်မှုနှင့် တယ်လီကွန်းနည်းပညာသုံး ဗီဒီယိုအစည်းအဝေးခေါ်ဆိုမှု(teleconferencing) အတွက် အရေးပါသည့်အထောက်အပံ့လမ်းကြောင်းများ အဖြစ်ဆောင်ရွက်လျက် ရှိသည်။ ယင်းကတရုတ်နိုင်ငံတွင်း ဗိုင်းရပ်စ်ပြန့်ပွားမှု လျော့ပါးသွားချိန်တွင် ထုတ်လုပ်မှုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်စေခဲ့ပြီး ဗိုင်းရပ်စ်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးတို့အတွက်လည်း အထောက်အကူပြုခဲ့သည်။

5G က လေယာဉ်ကွင်းများ၊ ရထားဘူတာများ၊ရုံး အဆောက်အအုံများနှင့် လူနေရပ်ကွက်များတွင်cloud ဗီဒီယိုဆိုင်ရာ application များ၊  အနီအောက်ရောင်ခြည်သုံး အပူချိန်တိုင်းတာမှုများ၊ စက်ရုပ်သုံးပိုးသတ်မှုများကို ဖြစ်လာစေခဲ့သည်။ ယင်း အသုံးပြုမှုများက ဗိုင်းရပ်စ်ပျံ့နှံ့နှုန်းကို လျှော့ချပြီးရောဂါကာကွယ်ခြင်းနှင့် တိုက်ဖျက်ခြင်းများတွင် အကူအညီပေးခြင်း၊ အများသွားလာနေသည့် ဧရိယာများတွင် ရောဂါဖြစ်ပွားနိုင်ချေ ရှိသူများကို ခွဲခြားထုတ်ဖော်ပေးခြင်း၊ အိမ်တွင်းနှင့် အိမ်ပြင်ပတ်ဝန်းကျင်များကို ပိုးသတ်ပေးခြင်းတို့တွင် ထိရောက်စွာဆောင်ရွက်ပေးနိုင်ပြီး ကပ်ရောဂါအပြီးကာလတွင်ပါ ယင်းတို့ကို ဆေးဘက်ဆိုင်ရာအခြေခံအဆောက်အအုံများ အဖြစ်ထည့်သွင်းသတ်မှတ်ရမည် ဖြစ်သည်။

Huawei Global Marketing and Solution Sales ဌာန ဒုတိယဥက္ကဌ Hao Guangming က “ဝူဟန်ပူးပေါင်း 5G စမတ် ကပ်ရောဂါတိုက်ဖျက်ရေး စီမံကိန်းမှာ အသုံးပြုခဲ့တဲ့ အဆင့်မြင့် 5G စမတ်ကျန်းမာရေးစောင့်ရှောက် ဝန်ဆောင်မှုဆိုင်ရာ အသုံးပြုမှုတွေကို တခြားနိုင်ငံတွေမှာပါ အသုံးပြုလာကြပါပြီ။ ဥပမာ- 5G ဆေးဝါးနဲ့ ထောက်ပံ့ပို့ဆောင်ရေး စက်ရုပ်ဝန်ဆောင်မှုတွေကို ထိုင်းနိုင်ငံမှာ အသုံးပြုလာကြပါပြီ။5G ဗီဒီယို အစည်းအဝေးခေါ်ဆိုမှု စနစ်တွေကိုလည်း ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံတကာဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းအတွက် ပံ့ပိုးပေးထားပါတယ်။ ဟောင်ကောင်နဲ့ စင်္ကာပူတို့ကမြို့ကြီးတွေမှာလည်း 5G စက်ရုပ်စနစ်သုံး ကူးစက်ရောဂါကာကွယ်ရေး ဝန်ဆောင်မှုတွေကို အသုံးပြုထားပါတယ်။5G စမတ် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အသုံးပြုမှုတွေက ကမ္ဘာ့စမတ်ကျန်းမာရေးစျေးကွက်မှာ ဒေါ်လာဘီလီယံနဲ့ ချီတဲ့ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုတွေ ဖြစ်စေပြီးတော့ ဆေးဘက်ဆိုင်ရာလုပ်သားတွေအတွက်ရော လူနာတွေအတွက်ပါ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ပါတယ်” ဟုဆိုသည်။

Infroma Tech က ဦးစီးကျင်းပသည့် 5G World 2020 ထိပ်သီးဆွေးနွေးပွဲက5G နယ်ပယ်တွင် ထူးချွန်သည့် အောင်မြင်မှုများ ရရှိသော ထိပ်တန်းတယ်လီကွန်းလုပ်ငန်းများအား အသိအမှတ်ပြုဆု၁၄ ခု ကိုချီးမြင့်သည်။ 5G အသုံးချမှုများနှင့် 5G လုပ်ငန်း၏တိုးတက်မှုကို အရှိန်မြှင့်တင်ရန်အတွက် ယင်းဆွေးနွေးပွဲကို ကျင်းပခြင်း ဖြစ်သည်။5G Wireless access network များ၊ core network များ၊အလိုအလျောက် လည်ပတ်လုပ်ဆောင်မှုနည်းပညာ (automation)များ၊လုပ်ငန်းများ၊ ဆိုင်ဘာလုံခြုံရေး၊ ဖွံ့ဖြိုးရေးနှင့် စမ်းသပ်မှုများစွာကိုလည်း ယင်းဆွေးနွေးပွဲတွင် ပြသခဲ့သည်။

၂၀၂၀ ခုနှစ် ဒုတိယနှစ်ဝက်အရောက်တွင် Huawei က ကမ္ဘာအနှံ့ telco ကွန်ရက်စာချုပ်ပေါင်း ၈၀၀ ကျော် ချုပ်ဆိုထားပြီး တယ်လီကွန်း ကွန်ရက်များ၏ cloud စနစ် ကူးပြောင်းခြင်း၊ 5G ဝန်ဆောင်မှုကို ဆန်းသစ်မြှင့်တင်ခြင်း၊လုပ်ငန်းကဏ္ဍ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းတို့မှတဆင့် လုပ်ငန်းအောင်မြင်မှုများဖန်တီးပေးနိုင်ရန်လည်း Huawei က ကတိကဝတ်ပြုထားသည်။

ပိုမိုသိရှိလိုပါက

http://www.linkedin.com/company/Huawei

http://www.twitter.com/Huawei

http://www.facebook.com/Huawei

http://www.google.com/+Huawei

http://www.youtube.com/Huawei

တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

Previous
Previous

Apple ရဲ့ Time Flies event မှကောက်နှုတ်ချက်

Next
Next

HDMI 2.1 နဲ့ ရိုးရိုး HDMI ဘာတွေကွာလဲ?