OPPO မှ Android 11 အခြေခံထားသော ကိုယ်ပိုင်တီထွင်ဖန်တီးမှုများကို စိတ်ကြိုက်ပြုလုပ်နိုင်သည့် ColorOS 11 ကို ကမ္ဘာအနှံ့တွင် စတင်မိတ်ဆက်

PPO သည် ColorOS 11 Global launch မိတ်ဆက်ပွဲကို အွန်လိုင်း Conference မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပြီး တစ်ကမ္ဘာလုံးရှိ သုံးစွဲသူများထံသို့ နောက်ဆုံးပေါ် Android 11 Update ကို ယူဆောင်လာပေးသည့် ပထမဆုံး OEM ကုမ္ပဏီများထဲမှ တစ်ခုဖြစ်လာခဲ့သည်။ “ Make Life Flow” ဟု သဘောဆောင်သော ColorOS 11 သည် OPPO သုံးစွဲသူများ နှစ်သက် သဘောကျကြသည့် Stock Android Feature များအပြင်  UI Customization များကို စိတ်ကြိုက်ပြုလုပ်နိုင်အောင် ထည့်သွင်းပေးထားသည်။ Google ၏ Android 11 ကြေညာချက်နှင့်အတူ ၎င်း၏ ColorOS 11 မိတ်ဆက်ပွဲသည် ကုမ္ပဏီ နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှု၏ ကောင်းမွန်သောရလဒ်ပင်ဖြစ်သည်။

သုံးစွဲသူများ၏ ပင်ကို အမူအကျင့်ကို ဖော်ကျူးနိုင်မည့် ဆန်းသစ်သော UI Customization

ColorOS 11 သည် သုံးစွဲသူများအတွက် ၎င်းတို့၏ စိတ်ကူးစိတ်သန်းများနှင့် အတွေ့အကြုံများကို စိတ်ကြိုက်ဖော်ထုတ် နိုင်စေရန် လူအများ မတွေ့ကြုံဖူးသေးသော အဆင့်မြင့် UI customization ကို ပြုလုပ်ပေးထားသည်။ သုံးစွဲသူများသည် Always-On Display၊ Theme၊ Wallpaper များ အပါအဝင် Font၊ Icons နှင့် Ringtones များကိုပါ မိမိတို့စိတ်ကြိုက် ဖန်တီးပြုလုပ်နိုင်မည်ဖြစ်သည်။ ယခု နောက်ဆုံးပေါ် Upgrade သည် Android ၏ Dark Mode စနစ်ကို အရောင်သုံးရောင် စနစ်နှင့် ဆန့်ကျင်ဘက် အဆင့်များဖြင့် ပိုမိုကောင်းမွန်လာစေရန် ဖန်တီးထားသည်။ ထို့ပြင် OPPO Relax 2.0 ဖြင့် သုံးစွဲသူများသည် မိမိတို့စိတ်ကြိုက် White Noise Mix ကို ပြုလုပ်နိုင်မည်ဖြစ်ပြီး ကမ္ဘာအနှံ့ရှိ မြို့များမှ အလွန်သာယာ စွဲငြိဖွယ်ရာကောင်းသော Sound collection ကိုလည်း ရရှိနိုင်မည်ဖြစ်သည်။

OPPO ColorOS Design Project Lead ဖြစ်သူ Lynn Ni က “ ColorOS 11 ရဲ့ UI Customization က သုံးစွဲသူတွေကို ဆန္ဒအလျောက် ကိုယ်ပိုင်ဖန်းတီးမှုတွေ ပိုမိုပြုလုပ်နိုင်စေဖို့နဲ့  ထူးခြားတဲ့ ဖုန်းသုံးစွဲမှုအတွေ့အကြုံကို ရရှိစေဖို့ ဆန်းသစ် ပြုလုပ်ထားတာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ “ColorOS အဖွဲ့ကနေ အသုံးပြုသူတွေရဲ့ တုံ့ပြန်ချက်တွေကို လိုက်နာ ပြီးတော့ ပိုမိုကောင်းမွန်တဲ့ စိတ်ကြိုက်ဖန်တီးမှုများအပြင် အခြား Feature တွေကို လုပ်ဆောင်နိုင်ရန် မွမ်းမံပြုလုပ်ထား ပါတယ်။ အခုလို လုပ်ဆောင်ချက်တွေဟာ ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေကို သူတို့ကိုယ်ပိုင် တီထွင်ဖန်တီးမှုတွေကို ပြသစေနိုင်မှာဖြစ်ပြီးတော့ သူတို့ရဲ့ ဖုန်းတွေကို စိတ်ကြိုက် ထိန်းချုပ်နိုင်စွမ်း ရရှိစေမှာဖြစ်ပါတယ်" ဟု ၎င်းမှ ဆက်လက် ပြောကြားခဲ့သည်။

ယခင်ထက် ပိုမိုသာလွန်သော စွမ်းဆောင်နိုင်မှု

ColorOS ၏ သာလွန်ကောင်းမွန်သော Feature များသည် နေ့စဥ်ဘဝလုပ်ငန်းဆောင်တာများအတွက် ထိရောက် တိုးတက်စေမည်ဖြစ်သည်။ ထို Feature များထဲတွင် OPPO နှင့် Google တို့၏ ပထမဦးဆုံး ပူးပေါင်းတီထွင်ထားသည့် Google Lens မှ ပံ့ပိုးထားသော Three-Finger Translate Feature သည် လက်သုံးချောင်းအမူအရာ ပြုလုပ်၍ Sreenshot ရိုက်ကူးထားသောပုံမှ စာများကို အလွယ်တကူ ဘာသာပြန်ပေးမည်ဖြစ်သည်။

ထို့အပြင် အခြား Feature အသစ်ဖြစ်သော Flexdrop[1] သည် Multi-tasking ပြုလုပ်ရန်အတွက် ရိုးရှင်းလွယ်ကူသည့် လုပ်ဆောင်ချက်များကို ပံ့ပိုးပေးသည်။ ဂိမ်းကစားသူများနှင့် ဗီဒီယိုကြည့်ရှုနေသူများအနေဖြင့် ဗီဒီယိုကြည့်နေစဥ်တွင်ပင် စာပို့ခြင်းများကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထို့ပြင် အသုံးပြုသူများသည် အက်ပလီကေးရှင်း အသစ်များကို ဒေါင်းလုတ် ပြုလုပ်စရာမလိုဘဲ Device Control Menu ကို အသုံးပြု၍ အမျိုးမျိုးသော စမတ်အိမ်သုံး ပစ္စည်းများကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။

ယခုအခါ ဆန်းသစ်ထားသော Super Power Saving Mode သည် ကျန်ရှိနေသော ဘက်ထရီသက်တမ်းကို တိုးမြှင့်နိုင်ရန် အတွက် သုံးစွဲသူများကို ဘက်ထရီနည်းသော အခြေအနေများတွင် အသုံးပြုနိုင်ရန် အက်ပလီကေးရှင်း ခြောက်ခုအထိ ရွေးချယ်ခွင့်ပေးထားသည်။ ဤအတောအတွင်း Battery Guard သည် သုံးစွဲသူ၏ အလေ့အထများကို လေ့လာခြင်း အားဖြင့် မတည်ငြိမ်သော Power Voltages  တွင် ကြာရှည်စွာ အားသွင်းရာမှ ပျက်စီးခြင်းကိုကာကွယ်ပေးသည်။ ညအချိန် အားသွင်းရာတွင် ဘက်ထရီ ၈၀ ရာခိုင်နှုန်း ရောက်သည်နှင့် တစ်ပြိုင်နက် အလိုလို အားသွင်းခြင်းကို ရပ်တန့်ပေးသွားမည် ဖြစ်ပြီး မနက်နိုး၍ ပြန်လည်အားသွင်းသောအခါတွင်သာ အားအပြည့်အထိ သွင်းပေးမည်ဖြစ်သည်။

“Make Life Flow” ၏ မတူညီသော ချောမွေ့မှု

High Frame Rates များသည် ကောင်းမွန်သော တိုးတက်မှုတစ်ခုဖြစ်သော်လည်း ဖုန်းများတွင် လေးလံ၍ ထစ်ငေါ့ နှောင့်နှေးခြင်းများကို ကြုံတွေ့စေရတတ်သည်။ ၎င်းကို တိုက်ဖျက်ရန် ColorOS 11 သည် OPPO ၏ ကိုယ်ပိုင် Lag-reducing engine နှင့် Quantum Animation တို့ ပူးပေါင်းပြုလုပ်ထားသော UI First 2.0 ကို မိတ်ဆက်လိုက်သည်။ ၎င်းသည် RAM ကို ၄၅ ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး တုံ့ပြန်မှုနှုန်းကို ၃၂ ရာခိုင်နှုန်း နှင့် Frame Rate ကို ၁၇ ရာခိုင်နှုန်း တိုးတက်စေသည်။[2]

ထို့ပြင် AI App Preloading စနစ်သည် သုံးစွဲသူ၏ အလေ့အထများကို လေ့လာခြင်းဖြင့် အသုံးပြုမှု အများဆုံးသော Apps များကို ကြိုတင် Pre-load ပြုလုပ်ပေးကာ Loading ပြုလုပ်သည့်အချိန်ကို လျှော့ချပေးသည်။ Super Touch ဖြင့်လည်း သုံးစွဲသူ၏ အခြေအနေကို ခွဲခြားလေ့လာကာ Touch Reponse အရှိန်ကို လျင်မြန်အောင် ဆောင်ရွက်ပေး၍ System ကို ပိုမို ပြေပြစ်ချောမွေ့လာစေသည်။

အသုံးပြုသူ၏ လုံခြုံရေးနှင့် Privacy အတွက် ဦးတည်၍ ပြုလုပ်ထားခြင်း

ColorOS 11 တွင် Android 11 ၏ Privacy Option အသစ်များ ပါဝင်သည့်အပြင် ထပ်မံ၍ အပိုဆောင်း Privacy Protection နှင့် Data Security Feature များကိုပါ ထည့်သွင်းပေးထားသည်။ ထို့ပြင် Private System သည်[3]သီးခြား System တစ်ခုအဖြစ် App နှင့် Data များကို  မူရင်း အချက်အလက်များနှင့် မသက်ဆိုင်ဘဲ ဒုတိယဗားရှင်း အဖြစ်  ဖန်တီးပြုလုပ်ပေးထားမည်ဖြစ်ပြီး သီးခြား လက်ဗွေ သို့မဟုတ် လျှို့ဝှက်နံပါတ် ထည့်သွင်းမှသာ ဝင်ရောက်ကြည့်ရှု နိုင်မည်ဖြစ်သည်။

Shortcut အသစ်တစ်ခုဖြစ်သော App Lock ကို အသုံးပြု၍လည်း Password နှင့် Fingerprint သာမက Facial Verification စနစ်ဖြင့် App များကို လော့ခ်ချနိုင်သည်။ App များ ပိတ်ထားသောအချိန်တွင်လည်း Temporary Permission ဖြင့် ကင်မရာ၊ မိုက်ခရိုဖုန်းနှင့် တည်နေရာများကို Reset ပြုလုပ်ပေးနိုင်ရန် ဖန်တီးထား၍ Permission System ကို တိုးမြှင့်ထားသည်။ ထို့ပြင် အချိန်ကြာမြင့်စွာ အသုံးမပြုတော့သော App များရှိပါက Auto-reset Permissions မှ ၎င်း App များ၏ Permission Setting ကို အလိုအလျောက် Default ပြုလုပ်ပေးသွားမည်ဖြစ်သည်။ အန္တရာယ်ရှိသော App များမှ အခြား App များ၏ အချက်အလက်များရယူခြင်းမှ ကာကွယ်ရန် သုံးစွဲသူ၏ ခွင့်ပြုချက်ကို ရယူကာ Scoped Storage ဖြင့် အခြား App များ ဖုန်းဒေတာသို့ ဝင်ရောက်ခြင်းကို တားမြစ်ပေးမည်ဖြစ်သည်။

Previous
Previous

HDMI 2.1 နဲ့ ရိုးရိုး HDMI ဘာတွေကွာလဲ?

Next
Next

Body ကျစ်ကျစ်လစ်လစ် နဲ့ ဒေါ်လာ 1799 ကျသင့်မဲ့ Sony ရဲ့ Full frame mirrorless A7C camera အသစ်