HDMI 2.1 နဲ့ ရိုးရိုး HDMI ဘာတွေကွာလဲ?

မျိုးဆက်သစ် gaming console တွေနဲ့ RTX graphic card အသစ်တွေဟာ 2020နှစ်ကုန်ပိုင်းရောက်ရင်လူတိုင်းလက်ထဲရောက်လာတော့မှာဖြစ်ပါတယ်။ Graphic card တွေနဲ့ Gaming console အသစ်တွေ နည်းပညာမြင့်လာတာနဲ့အမျှ HDMI 2.1 ဟာလည်းထင်ထားတာထက်ပိုပြီးအရေးပါလာပါတယ်။

Bandwidth များလေ pixel ပိုများလေ

အခုစျေးကွက်ထဲမှာရှိနေတဲ့ Display တော်တော်များများဟာ ပုံမှန် HDMI 2.0 standard တွေဖြစ်ပြီး Bandwidth cap ပမာဏ 18 Gbits per second ရှိပါတယ်။ ဒီပမာဏက 8 bit color မှာ compressed မလုပ်ထားတဲ့ 4k 60fps ကိုသယ်ဆောင်ဖို့မလုံလောက်ပါဘူး။ဒါပေမဲ့လည်း ဒီပမာဏဟာပုံမှန် ultra HD Blu-rays ကြည့်တာနဲ့ အရင် console တွေဖြစ်တဲ့ Xbox one နဲ့ PlayStation 4 တို့မှာဂိမ်းဆော့တာတို့လောက်ကတော့လုံလောက်ပါတယ်။

HDMI 2.1 ကတော့နောက်တစ်ဆင့်ဖြစ်သွားပါပြီ။ 12-bit color မှာ compressed မလုပ်ထားတဲ့ 8k 60fps အထိ support လုပ်ပါတယ်။ဘာလို့လဲဆိုတော့ Bandwidth ပမာဏက 48 Gbits per second အထိရှိလို့ပါ။ Display stream compression (DSC) ကိုအသုံးပြုပြီး 10K signal ကို 12-bit color မှာ 120 fps အထိ HDMI 2.1 က Push လုပ်နိုင်ပါတယ်။

ဒါပေမဲ့ HDMI 2.1 ကိုတစ်ကယ်အသုံးချကြည့်တဲ့အခါတစ်ချို့မှာ bandwidth speed ကို 40 Gbits per second အထိပဲရပါတယ်။ဒီပမာဏဟာ 4K ကို 10-bit color မှာ 120 fps အထိပဲသယ်နိုင်ပါတယ်။ဒီပမာဏဟာစျေးကွက်ထဲမှာရှိတဲ့ 10-bit panel TV တွေအတွက်လုံလောက်ပါတယ်။

Nvidia ကလည်း RTX 3000 series မှာ 10-bit ကိုအထောက်အပံ့ပေးထားတယ်လို့ကြေငြာထားတော့ display မှာ 48 Gbits per second အထိ support မပေးဘူးဆိုလည်းရပါတယ်။

အခုအချိန်မှာတော့ HDMI 2.1 ဟာ next gen console နဲ့ graphic အသစ်တွေကိုအသုံးပြုတော့မဲ့ Gamer တွေအတွက်တာဆူနေပါတယ်။ XBOX series X ကော PS5 ကော 4K ကို 120 fps အထိ support လုပ်ပါတယ်။အဲ့တော့ HDMI 2.1 လိုပါတယ်။ HDMI 2.1 ကို support မလုပ်တဲ့ TV ဆိုရင်တော့ 4k ကို 60 fps အထိပဲရမှာပါ။အရင် console တွေအတွက်ဂိမ်းတွေဟာ 30fps မှာပဲ Ran တာဖြစ်တဲ့အတွက် Next gen console လို့ဘာကြောင့်ခေါ်သလဲဆိုတဲ့အဖြေပါပဲ။

PC ဘက်မှာလည်းဒီလိုပါပဲအရင် RTX 2000 နဲ့ GTX 1000 series card တွေဟာ HDMI 2.1 မပါပါဘူး။ 3000 series ကျမှသာပါလာတဲ့ဖြစ်ပါတယ်။ အဲ့တော့ Sony အပါအဝင် TV ထုတ်လုပ်သူများအတွက်နောက်ထွက်လာမဲ့မော်ဒယ်သစ်တွေမှာ HDMI 2.1 ထည့်ကိုထည့်ပေးရတော့မှာပါ။

အဲ့တော့ HDMI 2.1 အတွက်သပ်သပ်ကြိုးတစ်ချောင်းလိုလား?

ဟုတ်ကဲ့လိုပါတယ်။ HDMI 2.1 နည်းပညာဟာပိုကြီးတဲ့ Bandwidth ကိုသယ်ဆောင်ထားတာဖြစ်တဲ့အတွက် Feature အသစ်လိုချင်ရင် Ultra high speed ဆိုတဲ့ HDMI License ပါတဲ့ကြိုးမှရပါမယ်။ဒါပေမဲ့ HDMI 2.1 ကိုသုံးတဲ့ devices အသစ်တွေနဲ့ next gen console တွေဝယ်ရင်တော့သူတို့ဘူးထဲမှာ 2.1 ကြိုးပါလာပြီးသားဖြစ်မှာပါ။ဒီ အခြေအနေမျိုးမှာသာမန်အသုံးပြုသူတွေအတွက်တော့ HDMI 2.1အလောတကြီးမလိုအပ်သေးပါဘူး။ဒီနည်းပညာကြောင့် တစ်ကယ်အကျိုးရှိသွားမှာကတော့ next gen console ဝယ်မဲ့ gamerတွေ နဲ့ Graphic series အသစ်တွေဝယ်မဲ့ gamer တွေဖြစ်ပါတယ်။

Author : Hein Htet

Ref : Howtogeek

Previous
Previous

HDMI 2.1 နဲ့ ရိုးရိုး HDMI ဘာတွေကွာလဲ?

Next
Next

OPPO မှ Android 11 အခြေခံထားသော ကိုယ်ပိုင်တီထွင်ဖန်တီးမှုများကို စိတ်ကြိုက်ပြုလုပ်နိုင်သည့် ColorOS 11 ကို ကမ္ဘာအနှံ့တွင် စတင်မိတ်ဆက်