Body ကျစ်ကျစ်လစ်လစ် နဲ့ ဒေါ်လာ 1799 ကျသင့်မဲ့ Sony ရဲ့ Full frame mirrorless A7C camera အသစ်
Alpha range Full frame mirrorless camera တွေထဲမှာအသေးဆုံးမော်ဒယ်ဖြစ်လာမဲ့ A7C ကင်မရာအသစ်ကို Sony မှကြေငြာခဲ့ပါတယ်။A7 ထက် 6400 နဲ့ပိုတူပြီး ကျစ်ကျစ်လစ်လစ် Body နဲ့ ကင်မရာ back panel ရဲ့ဘယ်ဘက်အပေါ်ထောင့်မှာ viewfinder အသေးလေးကိုတွေ့ရမှာပါ။ A7C ရဲ့ထုထည်က အလျား 124.0mm အနံ71.1mm နဲ့ အမြင့် 59.7mm ပဲရှိပါတယ်။အလေးချိန်ကတော့ 509g လေးပါတယ်။ သူ့မှာ ဒေါ်လာနှစ်ထောင်တန် a7iii မော်ဒယ်လို 24 megapixel full frame sensor ပါဝင်ပါတယ်။

In-body image stabilization အပြင် standard ISO range ကတော့51200 အထိပါ။ autoexposure နဲ့ 10fps အထိရိုက်ကူးနိုင်မှာဖြစ်တဲ့အပြင် 4k ကို30fps , 1080/120fps ပါရိုက်ကူးနိုင်မှာပါ။ files size ကတော့ နှစ်ခုလုံးကို 100 Mbps အထိသိမ်းနိုင်ပါတယ်။ ကင်မရာ Body ထဲမှာတော့ USB-C, Wifi နဲ့ 3 လက်မပတ်လည် LCD display ပါဝင်ပါတယ်။ SD card ကတော့ slot တစ်ခုပဲစိုက်လို့ရမှာပါ။ Menu system အဟောင်းနဲ့ Touch screen လဲပါဝင်မှာမဟုတ်ပါဘူး။ Display ကိုတော့ 360 degree လှည့်လို့ရမှာဖြစ်ပြီး ဒီကင်မရာက Vlog ကောင်းကောင်းရိုက်ချင်သူတွေအတွက်ဖြစ်လာမှာပါ။

A7C နဲ့တွဲသုံးလို့ရမဲ့ 28-60mm f4-5.6 zoom Kit lens ကိုပါ Sony မှထုတ်လုပ်ခဲ့ပါတယ်။ Sony ရဲ့ဖော်ပြချက်အရ Kit lens နဲ့ A7C အတွဲကို “ကမ္ဘာ့အသေးငယ်ဆုံးနဲ့အပေါ့ပါးဆုံး Full frame camera system” လို့ဖော်ပြခဲ့ပါတယ်။ ဒီ A7C ကင်မရာကိုတော့နောက်လထဲမှာစစတင်ဝယ်ယူနိုင်မှာဖြစ်ပြီး ကင်မရာသီးသန့် ကို 1799 ဒေါ်လာကျသင့်မှာဖြစ်ပြီး Kit zoom lens နဲ့ဆိုရင်တော့ 2099 ဒေါ်လာကျသင့်မှာဖြစ်ပါတယ်။
Ref : theverge
Author : Hein Htet