စမတ်ကျကျနေထိုင်မှုနှင့် IoT devices များရဲ့အရွေ့

တိုးတက်လာတဲ့ IT ခေတ်ရေ‌စီးကြောင်းနှင့်အတူ စမတ်ကျကျလူနေမှုဘဝမှာ IoT ပစ္စည်းတွေဟာလည်းသိသိသာသာနေရာယူလာပါတယ်။ဥပမာ- Smart watch တွေခေတ်မစားခင်အချိန်တုန်းကလတ်ပတ်နာရီမဝတ်လေ့ရှိတဲ့လူတွေဆိုရင်နာရီကြည့်ဖို့အတွက်ဖုန်းကို ခဏခဏ wake လုပ်ပြီးကြည့်ရပါတယ်။ခဏခဏ wake လုပ်တော့ Battery ကုန်တာမြန်မယ်။ Power ခလုတ်နှိပ်ပါများရင်ပျက်မယ်။အဲ့ပြဿနာကိုဖြေရှင်းဖို့အတွက် Android ဖုန်းတွေဟာ always on display ကိုစမတ်ဖုန်းတွေတော်တော်များများမှာထည့်သွင်းလာကြပါတယ်။နောက်တော့ဖန်တီးသူများဟာကိုယ့်လက်မှာပတ်ထားတဲ့နာရီကိုဇိမ်ခံပစ္စည်းသက်သက်သာအတွက်သာမဟုတ်ပဲအချိန်အပြင်တခြားနေထိုင်မှုဘဝကိုကူညီပေးနိုင်ဖို့အတွက်ပါထည့်သွင်းစဉ်းစားလာတာပေါ့။လှုပ်ရှားရုန်းကန်နေရတဲ့လူနေမှုဘဝမှာနာရီဟာအချိန်တစ်ခုတည်းကိုပြပေးဖို့အတွက်လုံလောက်မနေတော့ပါဘူး။ဒါကိုလည်းလူအများကလက်ခံလာမှုနှင့်အတူ IoT ပစ္စည်းတွေမှာ Smart watch များဟာလူငယ်တွေကြားမှာ သိသိသာသာကိုနေရာယူ လာတာပဲ ဖြစ်ပါတယ်။ Android smart watch အများစုဟာ Google ရဲ့ wear OS ကိုသုံးထားတဲ့အတွက် ဖုန်းနဲ့ Sync လုပ်နိုင်စွမ်းအားကောင်းပြီးအချိန်နဲ့တပြေးညီမိမိရဲ့အချိန်ဇယားများကိုပြသပေးနိုင်ပါတယ်။

Watch တွေဟာအလုပ်များနေတဲ့လူငယ်တွေအတွက်ဘယ်လိုနေရာတွေမှာအသုံးတည့်လဲ။

Smart watch များရဲ့အသုံးဝင်မှု

ဥပမာ လွယ်လွယ်ကူကူရနိုင်တဲ့ OPPO ရဲ့ နောက်ဆုံးထွက်ထားတဲ့ Smart Watch မှာဆိုရင် Google ရဲ့ Wear OS အသုံးပြုထားတဲ့အတွက် Google ရဲ့ Built in feature တွေကိုအကုန်သုံးလို့ရမယ်။ပြီးတော့ watch ကို OK Google လို့ပြောပြီး Google assistant ကိုတန်းသုံးလို့ရမှာပါ။နောက်တစ်ခုကတော့ Google pay သာဒီနိုင်ငံမှာရလာရင် NFC နဲ့ မုန့်ဝယ်စားလို့ရမှာပါ။နာရီနဲ့ဖုန်းကို ဖုန်းနံပါတ်တစ်ခုတည်းသုံးနိုင်သလိုဖုန်းနဲ့နာရီကိုဖုန်းနံပါတ်တစ်ခုသက်သက်ဆီထားလို့ရတဲ့အတွက်အလုပ်လုပ်နေရင်းဖုန်းကိုင်ဖို့အချိန်မရှိဘူးဆိုရင်ဖုန်းကိုင်စရာမလိုဘဲ smart watch ကနေတစ်ဆင့်ဖုန်းဖြေတာတွေအပြင် SMS နဲ့ Meeting appointment တွေကိုပါတစ်ခါတည်းကြည့်လို့ရမှာပါ။ အဲ့တာအပြင် SMS တွေကို quick reply နဲ့အမြန်ပြန်နိုင်မှာပါ။

တခြားနိုင်ငံတွေသွားမယ်ဆိုရင်လည်းကိုယ့်ရဲ့ location ကိုလိုက်ပြီးနာရီပြောင်း‌ပေးတဲ့ကမ္ဘာ့နာရီ ( OTA ) ပါဝင်တဲ့အတွက်နိုင်ငံခြားသွားဖို့အတွက်နာရီကိုတကူးတကတိုက်စရာမလိုတော့ပါဘူး။ဒီ Feature ဟာအရင်တုန်းကနာရီတွေမှာဆိုရင်အနည်းဆုံးမြန်မာ‌ငွေ ၈ သိန်းကျော်တဲ့ နာရီအချို့မှာပဲရရှိတာ ဖြစ်ပြီး အခု အချိန်မှာတော့ OPPO smart watch တွေမှာလေးသိန်းမကျော်တဲ့စျေး ဖြင့်သက်သာစွာသုံးနိုင်နေပြီပဲဖြစ်ပါတယ်။ဒါကတော့ IoT ပစ္စည်းတွေနဲ့အတူထွန်းကားလာတဲ့ smart watch တွေရဲ့သိသာတဲ့ အကျိုးကျေးဇူးတစ်ခုပါ။

Smart watch တွေဟာလူငယ်တွေကြားတဲ့ဘာကြောင့် Fashion trend တစ်ခုလိုဖြစ်လာတာလဲ?

OPPO smart watch မှာဆိုရင်Outfit-Matching AI Watch Face ကြောင့် watch face တွေကို ကိုယ့်ရဲ့ Outfit ကို ဖုန်းနဲ့ဓာတ်ပုံရိုက်လိုက်တာနဲ့ ကိုယ့် Outfit နဲ့ကိုက်ညီပြီး ဖက်ရှင်ကျတဲ့ wallpaper တွေကိုလွယ်လွယ်ကူကူပြောင်းနိုင်ပါတယ်။လှပတဲ့ဒီဇိုင်းနှင့်ပေါ့ပါးတဲ့လူနေမှုဘဝကိုပေးစွမ်းနိုင်တာကြောင့် Smart watch တွေဟာလူငယ်တွေကြားမှာ essential ပစ္စည်းတစ်ခု ဖြစ်လာပါတယ်။ အဲ့ဒါတွေအပြင်ဖုန်းနဲ့ ချိတ်ဆက်နိုင်ပြီး Ecosystem တစ်ခုထွန်းကာလာတာလဲသိသာတဲ့အကြောင်းပြချက်တစ်ခုပါ။ OPPO Smart Watch နဲ့  OPPO Reno4 ဆိုရင် ecosystemတစ်ခုဖြစ်ပြီး ဖုန်းရဲ့ပေါ့ပါးမှုနဲ့ဒီဇိုင်းသုံးရတာ လွယ်ကူမှုတွေကြောင့်လူငယ်တွေအကြိုက်ဖြစ်လာပါတယ်။ OPPO smart watch 46 mm ကို 319900 နဲ့ 42 mm ကို 229900 ကျပ်အပြင် ecosystem ထဲကတစ်ခုဖြစ်တဲ့ Reno4 ကို ၄၉၉၉၀၀ ကျပ်စုစုပေါင်း မြန်မာငွေကိုးသိန်းမပြည့်တဲ့စျေးနဲ့ဝယ်ယူနိုင်ပါတယ်။

အားကစားလိုက်စားတဲ့လူငယ်နဲ့လူလတ်ပိုင်းတွေအတွက် 5 min work out ဗီဒီယိုလေးတွေနဲ့ နေရာတိုင်းမှာအလွယ်တကူလုပ်နိုင်ပါတယ်။ ကိုယ်လုပ်တဲ့ အားကစားပေါ်လိုက်ပြီး ရေစိုခံရေစိမ်ခံတဲ့အတွက် ရေကူးတာပဲဖြစ်ဖြစ် စက်ဘီးစီးတာပဲဖြစ်ဖြစ် အမြန်နှုန်း နှလုံးခုန်နှုန်းနဲ့ကယ်လိုရီများကိုမှတ်ထားလို့ရပါတယ်။

အသုံးဝင်မှုနှင့်ဘက်ထရီအား

OPPO Smart Watch မှာ Qualcomm snapdragon 3100 chip နဲ့ wireless အတွက် Ambiq Micro’s Apollo3 chip ကိုသုံးထားတဲ့အတွက် battery system 2 ခုပါဝင်ပါတယ်။ Smart mode မှာဆိုရင် 46mm နှင့် 41mm နာရီ တွေရဲ့အသုံးပြုနိင်သောအချိန်ဟာ 36 နာရီနဲ့ 24 နာရီအသီသီးရှိမှာပါ။ Power saver mode ဖွင့်ထားရင် 430 mAh ပါဝင်တဲ့ 46 mm အတွက် 21 နာရီဆက်တိုက်သုံးနိုင်ပြီး 300 mAh ပါဝင်တဲ့ 41mm အတွက် 14 ရက်ဆက်တိုက်အသုံးပြုနိင်မှာဖြစ်ပါတယ်။ OPPO ရဲ့ VOOC charge လည်းပါဝင်တဲ့အတွက်အားကုန်သွားမှာသိပ်တော့စိတ်ပူစရာမလိုပါဘူး။



Previous
Previous

Nvidia ရဲ့ RTX 3000 series ကိုစက်ဘီးထုတ်ပြီးတုံ့ပြန်လိုက်တဲ့ AMD

Next
Next

ကမ္ဘာ့ပထမဆုံး Under-Display camera ဖုန်းကိုကြေငြာခဲ့တဲ့ ZTE