ကမ္ဘာ့ပထမဆုံး Under-Display camera ဖုန်းကိုကြေငြာခဲ့တဲ့ ZTE
အချိန်တော်တော်ကြာအောင် Tease လုပ်ပြီးတဲ့နောက်မှာ ZTE ကတော့ ကမ္ဘာ့ပထမဆုံး Under display camera ဖုန်း Axon 20 5G ကိုကြေငြာခဲ့ပါတယ်။ဒီဖုန်းကို အစက Flagship ဖုန်းလို့ထင်ခဲ့ပေမဲ့တကယ်ထွက်လာတဲ့အခါမှာ Mid range ဖုန်းတစ်လုံးအနေနဲ့ပဲထွက်လာခဲ့ပါတယ်။ ZTE ကတော့ Display အောက်က ကင်မရာက 32 Megapixel ရှိတယ်လို့ပြောပါတယ်။ ဖောက်ထွင်းမြင်ရတဲ့ Material ကိုသုံးပေးထားပြီး ဓာတ်ပုံအရည်အသွေးအတွက် Software ပိုင်းကိုလည်း Optimized လုပ်ပေးထားတယ်လို့ပြောပါတယ်။
ဒါပေမဲ့ ဒီဖုန်းရဲ့ ဓာတ်ပုံအရည်အသွေးကိုတော့အပြင်မှာတစ်ကယ်မဆန်းကြည့်ရသေးပဲနဲ့ကောင်းတယ်လို့တပ်အပ်မပြောနိုင်ပါဘူး။နောက်တစ်ခုမေးစရာရှိတာကအခုလက်ရှိသုံးနေရတဲ့ Punch hole တွေ notch တွေထက် selfie အရည်အသွေး video အရည်အသွေးပိုပြီးကောင်းနေပြီးလား? နောက်ပြီး Face unlock အတွက်ကော? မေးစရာတွေကအများကြီးရှိပါတယ်။အနောက်ဘက်ကင်မရာကတော့ 64 Megapixel main camera , 8 Megapixel ultrawide နဲ့ 2 Megapixel depth နဲ့ 2 Megapixel macro lens တို့လေးလုံးပါဝင်ပါတယ်။အနောက်ဘက်မှာတော့ Video recording ကို 4K မှာ 60Fps အထိရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ဒီဖုန်းမှာ Under display camera လည်းပါဝင်သလို Under display speaker လည်းပါဝင်ပါသေးတယ်။ refresh rate အနေနဲ့ကတော့ 90 Hz နဲ့ screen size ကတော့ 6.9 inches အထိရှိမှာပါ။
ဒီဖုန်းရဲ့ Spec တွေကတော့ Mid range ဖုန်းဖြစ်တဲ့အတွက်ထုံးစံအတိုင်းပဲ Snapdragon 765G , 5G connection နဲ့ 4200 mAh Battery တို့ပါဝင်ပါတယ်။ 6GB နဲ့ 8GB နှစ်မျိုးရွေးချယ်နိုင်ပြီး Storage ကိုလည်း 128GB နဲ့ 256GB နှစ်မျိုးထပ်ရွေးနိုင်ပါသေးတယ်။ဒါပေမဲ့သူမှာ Micro SD card စိုက်ဖို့နေရာလည်းပါပါသေးတယ်။ ဒီ ZTE ရဲ့ Axon 20 5G ဖုန်းကိုတရုတ်နိုင်ငံမှာစတင်အော်ဒါမှာယူလို့ရနေပြီဖြစ်ပြီးစျေးနှုန်ကတော့ဒေါ်လာ 320 ရှိပါတယ်။တခြားဘယ်နိုင်ငံတွေမှာရဦးမလဲဆိုတာတောာ့အတိအကျမသိရသေးပါဘူး။
Author : Hein Htet
Ref : the verge