Nvidia ရဲ့ RTX 3000 series ကိုစက်ဘီးထုတ်ပြီးတုံ့ပြန်လိုက်တဲ့ AMD
Nvidia မှ RTX 3000 series ကိုကြေငြာအပြီးမှာ PC အတွက် Next generation Graphic ကိုစာမျက်နှာသစ်ဖွင့်လစ်လိုက်ပါတယ်။အဲ့တော့ AMD အနေနဲ့ GPU စျေးကွက်ကိုလက်လျှော့လက်ပြီလား။
အခုလို GPU နဲ့ ပက်သက်ပြီးရေငုံနှုတ်ပိတ်နေတဲ့အချိန်မှာ AMD အနေနဲ့ စက်ဘီနှစ်စီးထုတ်လုပ်လိုက်ပါတယ်။တစ်စီးကတော့ AMD Custom Cruiser Bike နဲ့နောက်တစ်စီးကတော့ AMD Custom Mountain Bike တို့ပဲဖြစ်ပါတယ်။နှစ်စီးလုံးကအံ့အားသင့်ဖွယ်အလွယ်တစ်ကူဝယ်ယူနိုင်တဲ့စျေးနဲ့ထွက်ရှိလာတာဖြစ်ပြီး 299 ဒေါ်လာပဲကျသင့်ပါတယ်။နှစ်စီးလုံးကို အဖြူအမည်း frame ကိုမှလိမ္မော်ရောင်အကျလေးနဲ့ AMD ဆန်ဆန်ထုတ်လုပ်ထားပါတယ်။ Mountain bike မော်ဒယ်မှာတော့လိမ္မော်ရောင်ဘီးအရောင်ကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဒေါ်လာ ၃၀၀ ဆိုတဲ့စျေးထဲမှာတော့ mountain bike တစ်စီးဝယ်ဖို့ဆိုတာသိပ်မဖြစ်နိုင်ပါဘူး။ စက်ဘီးရဲ့ Specification တွေကတော့ဂီယာ ၈ ချက်ပါဝင်ပြီး V-brake နဲ့ 26 လက်မဘီးတို့ပါဝင်ပါတယ်။

Nvidia ရဲ့ RTX 3000 series မေးခွန်းကို AMD ကစက်ဘီးနဲ့တုံ့ပြန်လိုက်တာလား? ဒါပေမဲ့ AMD အနေနဲ့ radeon RX 6000 series Fortnite easter egg နဲ့ ကိုအရိပ်အမြွက်ပေးထားပါတယ်။ ဒီသတင်းကို AMD ရဲ့ executive တစ်ယောက်က twitter မှာ Confirmed လုပ်ထားပြီး နောက်ထပ်လျှို့ဝှက်ချက်အသစ်တွေလည်းလာဖို့ရှိတယ်လို့ပြောထားပါတယ်။ ဒါပေမဲ့ဘယ်လိုဖြစ်ဖြစ်တစ်ဖက်မှာ Nvidia Fan တစ်ချို့ကတော့ RTX 2080 နဲ့ RTX 3000 series တို့ကြားမှာပွဲဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသစ်ထွက်ရှိလာတဲ့ ဒေါ်လာ 499 တန် RTX 3070 series ဟာ ဒေါ်လာ 1200 နဲ့ 1300 ကြားမှာရှိနေတဲ့ RTX 2080 Ti ထက်ကိုပိုပြီးမြန်နေလို့ပါ။
Hey @AMDGaming @AMDRyzen @AMD @sherkelman. Found this on Fortnite. What does it mean? pic.twitter.com/C3cpOTx8DU
— Gina (@MissGinaDarling) September 4, 2020
https://platform.twitter.com/widgets.js
အဲ့တော့ အရိပ်တွေထင်ထင်ရှားရှားမြင်ရမဲ့ ဒေါ်လာ ၅၀၀ တန် GPU အသစ်လား အပြင်မှာတောင်တက်လို့ရမယ့် ဒေါ်လာ ၃၀၀ တန် Mountain bike လား?
Author : Hein Htet
Ref : Techspot, PC mag