Motherboard ဝယ်တော့မယ်ဆိုရင်သိထားသင့်တဲ့အချက်များ

အခုမှကွန်ပြုတာစဆင်တာပဲဖြစ်ဖြစ်ဆင်ပြီးသားကွန်ပြုတာကို Upgrade လုပ်မှာပဲဖြစ်ဖြစ်ပထမဆုံးဝယ်မယ့်သူ Upgrade လုပ်မယ့်သူတွေအတွက် Motherboard အကြောင်းအခြေခံသိထားသင့်တာလေးတွေရှိပါတယ်။အဓိကကတော့ကိုယ်ဝယ်မဲ့Motherboard ကကိုယ့်ရဲ့ Casing ထဲမှာဆန့်ဖို့ပါပဲ။

1. အဲ့တော့ပထမဆုံးအနေနဲ့ Form Factor လို့ခေါ်တဲ့ ကိုယ့် Motherboard ရဲ့ Hardware design ကိုသိရပါမယ်။

Motherboard တွေမှာအခြေခံ Form Factor (ဝါ) Hardware design ၃ မျိုးရှိပါတယ်။ (ATX, MicroATX , Mini-ITX ) ။ ကိုယ်ဝယ်လိုက်တဲ့ Motherboard ဆိုဒ်ကအရေးကြီးပါတယ်ဘာလို့လဲဆိုတော့ ကိုယ်ဝယ်လိုက်တဲ့ Size အတိုင်း casing ထဲကိုထည့်ရမှာဆိုတော့motherboard ဆိုဒ်ကိုလိုက်ပြီး casing ဆိုဒ်ကိုပါချိန်ညှိရမှာပါ။ဘယ် casing က ဘယ် formfactor ကို support လုပ်လဲ သိဖို့လိုပါတယ်။

ATX ကတော့ဆိုဒ်အကြီးဆုံးဖြစ်ပြီးသူက High end ကွန်ပြုတာတွေနဲ့ Workstation တွေမှာသုံးကြပါတယ်။သူမှာ Graphic card လည်း နှစ်ကဒ်သုံးလို့ရသလို sound card တွေ Network card တွေပါသုံးလို့ရပါသေးတယ်။ Micro ATX ကတော့ သာမန် user တွေနဲ့တစ်ချို့ High end PC တော်တော်များများမှာတွေ့ရလေ့ရှိပြီး ပုံမှန်တွေ့နေကြ Mini ATX ကတော့ ခြောက်လက်မဝန်းကျင်စတုရန်းဆိုဒ်လောက်ပဲရှိပါတယ်။သူ့မှာ PCI Express 3.0 Slot ကတစ်ခုထဲပါပြီး အဲ့ slot မှာ Graphic card သုံးလိုက်ရင်တော့ Sound card တို့ network card တို့သုံးလို့ရတော့မှာမဟုတ်ပါဘူး။ ATX နဲ့ တခြား formfactor တွေနဲ့အဓိကကွာခြားချက်ကတော့ဆိုဒ်နဲ့ PCI Express slot တွေပါ။အဲ့တော့ကိုယ်က Graphic card နဲ့ network card နှစ်ခုသုံးမယ်ဆိုရင်တော့ Micro ATX board လောက်ဝယ်ရမှာပါ။ casing မှာတော့ Micro ATX ကို support လုပ်တဲ့ Casing ဆိုရင် mini-ITX လည်း support လုပ်မှာပါပဲ။

BIOS နဲ့ UEFI

UEFI (Unified Extensible Firmware Interface) လို့ခေါ်ပါတယ်။သူ့ကတော့ အရင် BIOS ကို 21 ရာစုရဲ့ပိုမိုကောင်းမွန်တဲ့ version ဖြစ်အောင်လုပ်ထားတာပါ။ အရင်တုန်းက BIOS မှာကန့်သတ်ခံခဲ့ရတဲ့သတ်မှတ်ချက်တွေကိုဖယ်ရှားပစ်ဖို့ပါပဲ။ BIOS အနေနဲ့ drive တွေရဲ size ကို 2.2 Terabyte ပဲ support လုပ်တဲ့အချိန်မှာ UEFI အနေနဲ့ 9 zettabyte ( 9000000000 terabyte)  အထိ support လုပ်ပါတယ်။ UEFI တွေကြတော့ Motherboard ထုတ်လုပ်သူတွေအနေနဲ့ စိတ်ကြိုက်customized လုပ်နိုင်စွမ်းအားပိုကောင်းသွားပြီး Design ပေါ်မူတည်ပြီးနောက်ပိုင်း UEFI တွေအကုန်လုံးမှာ Mouse cursor တွေတောင်တွေ့ရမှာပါ

BIOS ကိုတော့ (basic input output system) လို့ခေါ်ပါတယ်။ firmware တစ်ခုဖြစ်ပြီး Operating system မလာခင်အပြင်ဘက်မှာအလုပ်လုပ်ပါတယ်။ သူ့ကို Motherboard ရဲ့ chipလေးတစ်ခုအနေနဲ့တွေ့နိုင်ပြီး တစ်ချို့ Motherboard တွေမှတော့သူ့ကိုဖြုတ်လို့တပ်လို့ရအောင်လုပ်ပေးထားပါတယ်။သူကတော့ Boot device order တွေ , integrated component တွေအတွက် Parameter သတ်မှတ်တာတွေအစရှိတဲ့ Operating system မလာခင်အရေးကြီးတဲ့ Process တွေကိုလုပ်ပေးပါတယ်။ အရင်တုန်းကတော့ board ဝယ်မယ်ဆိုရင် UEFI နဲ့ BIOS ဆိုပြီးဝယ်ယူရပေမဲ့အခုတော့ Board တွေအကုန် UEFI တွေပဲဖြစ်ကုန်ပါပြီ။

I/O shield

ဒီကောင်လေးကတော့ motherboard ဝယ်ကတည်းကတစ်ခါတည်းပါလာတဲ့ သံပြားအဖြူလေးပါ။ Board ရဲ့ ဆိုဒ်ပေါ်လိုက်ပြီးအရွယ်အစားလည်းပြောင်းလဲသွားတတ်ပါတယ်။ဒီကောင့်ကိုတပ်မယ်ဆိုရင် Motherboard casing ထဲကိုမတပ်ခင်အရင် casing ရဲ့ အထဲကနေအပြင်ဘက်ကိုလှည့်တပ်ရမှာပါ။သူ့က Motherboard ထဲကိုဖုန်မှုန့်နဲ့တခြားပစ္စည်းတွေမဝင်အောင်ကာကွယ်ပေးပါတယ်။သူ့ကိုတပ်ဖို့မေ့သွားရင်တော့System တစ်ခုလုံးအကုန်ဖြုတ်ပြီးအစအဆုံးပြန်တပ်ရမှာပါ။

Chipset

Chipset ကိုတော့ Board ရဲ့ controller တွေ Northbridge chipset တွေ Southbridge chipset တွေအားလုံးကိုခေါ်ပါတယ်။ ကိုယ့်ရဲ့ Motherboard ကဘယ် Chipset ကို support လုပ်သလဲဆိုတာအရေးကြီးပါတယ်။ Intel လား AMD လား စသဖြင့်သိထားဖို့လိုပါတယ်။ Intel မှာတောင်မှ Generation အလိုက် Support လုပ်တာတွေကွဲပါသေးတယ်။ High end Board တွေဆို Intel မှာ 10th gen အထိ support လုပ်ပြီး AMD မှာ 4000 series အထိ support လုပ်တာလား 3000 series အထိ support လုပ်တာလားစသဖြင့်ကိုယ်က System စဆင်ကတည်းကဘယ် CPU သုံးမလဲကစပြီးစဉ်းစားထားဖို့လိုပါတယ်။နောက်တစ်ခုကတော့ AMD ရဲ့ Threadripper CPU တွေကိုသုံးမယ်ဆိုရင်သူ့အတွက်သီးသန့်ထုတ်ထားတဲ့ Socket နဲ့ Board ကိုဝယ်ယူရမှာပါ။ AMD ရဲ့ EPYC server CPU တွေနဲ့ဆင်တူပါတယ်။

DIMM Slots

Dual in-line Memory လို့ခေါ်ပြီး Motherboard ပေါ်က RAM စိုက်လို့ရမယ့် Slot တွေဖြစ်ပါတယ်။အနည်းဆုံး နှစ်ခု ကနေ ၈ခု အထိပါတတ်ပါတယ်။Motherboard က DDR4 support လုပ်တယ်ဆိုရင် Board ရဲ့ DIMM slot နားမှာ DDR4 လို့ရေးထားတတ်ပါတယ်။ RAM မှာ dual channel နဲ့ quad channel ဆိုပြီးရှိပါသေးတယ်။ Spec တူတဲ့ RAM နှစ်ချောင်းကို Motherboard ရဲ့ color တူ Slot မှာစိုက်ပြီးသုံးရင်ပိုကောင်းတဲ့ Performance ကိုရပါတယ်။

M.2 slot

အခုနောက်ပိုင်း Motherboard တွေမှာတော့အကုန်ပါလာပါပြီ။ M.2 SSD တွေဟာနဂို SATA SSD တွေထက်ကိုပိုပြီးအဆပေါင်းများစွာမြန်ပြီး Traditional HHD တွေနဲ့ SSD တွေထက်အဆပေါင်းများစွာအရွယ်အစားသေးပါတယ်။တစ်ချို့ Motherboard တွေမှာ M2 slot နှစ်ခုပါတတ်ပါတယ်။တစ်ခုကိုတော့ Micro ATX Board တွေမှာ Graphic card slot ရဲ့အောက်မှာတွေ့တက်ပါတယ်။

Author : Hein Htet
Ref : pcmag

Previous
Previous

ကွန်ပြူတာတွေမှာ အခုစိုက် အခုသုံးလို့ရတဲ့ Plug and Play (PnP) နည်းပညာဆိုတာဘာလဲ?

Next
Next

Nvidia ရဲ့ RTX 3000 series ကိုစက်ဘီးထုတ်ပြီးတုံ့ပြန်လိုက်တဲ့ AMD