ကွန်ပြူတာတွေမှာ အခုစိုက် အခုသုံးလို့ရတဲ့ Plug and Play (PnP) နည်းပညာဆိုတာဘာလဲ?
ဒီနေ့ခေတ်မှာတော်တော်များများ Keyboard ,mouse , memory stick တွေနဲ့ external hard disk (storage) တွေကကွန်ပြုတာမှာထိုးလိုက်တာနဲ့တန်းသုံးလို့ရပါတယ်။အခုခေတ်မှာတော့ကိုယ့်ရဲ့ကွန်ပြုတာမှာ Graphic card အသစ်စိုက်ပြီးသုံးချင်ရင်တောင် ကိုယ့် system နဲ့ကိုက်ညီတဲ့ card ကိုရွေးပြီးရင်စက်ကိုပြန်ဖွင့်သုံးအားလုံးလွယ်လွယ်ကူကူနဲ့ပုံမှန်ပါပဲ။အဲ့တာ Plug and Play (PnP) ဆိုတဲ့နည်းပညာကြောင့်ပါ။အရင်ခေတ် (Plug and Play)နည်းပညာမရှိသေးတုန်းကအဲ့လိုမျိုးလုပ်ဖို့နာရီပေါင်းများစွာကြာပါတယ်။
အဲ့တော့ Plug and Play နည်းပညာဆိုတာဘာလဲ?
Plug and play ဆိုတာ ( Universal plug and play မဟုတ်) device တွေသိဖို့နဲ့ configure ချတာတွေကိုအလိုအလျှောက်လုပ်ဖို့အတွက် Operating system ကသုံးတဲ့ standard တစ်ခုပါ။ Plug and play မတိုင်ခင်ခေတ်တုန်းကရှုပ်ထွေးတဲ့ Setting ပေါင်းများစွာကိုအသုံးပြုသူအနေနဲ့ (ဥပမာ switch , jumper block , I/O address ) စတာတွေကိုတစ်ခုချင်းဆီ OS သိဖို့ Hardware ကပုံမှန်အလုပ်လုပ်နေဖို့လိုက်ပြင်ရပါတယ်။ဒီလိုတစ်ခုချင်းဆီ manual လိုက်လုပ်ရတာက Plug and Play ပုံမှန်အလုပ်မလုပ်တော့မှအရေးပေါ်အနေနဲ့လုပ်ရတာပါ။ဒါပေမဲ့အဲ့လိုလုပ်တာဟာသေချာမလုပ်တတ်ရင် device ကိုစက်ကမသိတာတို့အော်တိုအလုပ်လုပ်တာတို့စတဲ့ Function တွေ Fail သွားနိုင်ပါတယ်။ဒါကတော့ဒီနေ့ခေတ် Plug and Play နည်းပညာရဲ့အကျိုးကျေးဇူးတွေပါ။

Plug and Play ရဲသမိုင်းကြောင်း
အရင်ခေတ်တုန်းကကွန်ပြူတာဆင်ဖူးတဲ့သူတွေဆိုရင်ကိုယ်သုံးတဲ့ hardware ကိုသိဖို့အတွက် Manual configuration အဆင့်တွေကိုကျော်ဖြတ်ဖို့ဘယ်လောက်တောင်အလုပ်ရှုပ်လဲဆိုတာမှတ်မိကြမှာပါ။ Hardware ကို Install လုပ်တယ်။ firmware နဲ့ software တွေဖွင့်တယ် ပြီးရင် Hardware နဲ့ BIOS setting တွေပြင်ရတယ်။နောက်ဆုံး အလုပ်မလုပ်ရင် reboot ချ troubleshoot လုပ်ပြီးရင် reboot ပြန်ချ ဖြုတ်လိုက်တပ်လိုက်လုပ်ကြည့် အဲ့တာတွေနဲ့တင်နှစ်ရက်လောက်အချိန်ကြာသွားပါတယ်။ဒါတွေအားလုံးရဲ့ပြဿနာဟာ Plug and Play နည်းပညာရောက်လာခဲ့တဲ့အချိန်မှာတော့အားလုံးအဆင်ပြေသွားပါပြီ။ (motherboard ပေါ်မှာ Pin ခေါင်းကို အပေါင်း နဲ့ အနှုတ်တော့မှားမထိုးမိစေနဲ့ပေါ့ xD)
PnP ကို Microsoft က window 95 နဲ့မိတ်ဆက်ပြီးနောက်ပိုင်းမှာနာမည်ကြိးလာတာဖြစ်ပါတယ်။တစ်ခြား OS တွေဖြစ်တဲ့ Linux နဲ့ Mac ကလည်းကြိုပြီးသုံးခဲ့ပေမဲ့ Microsoft ရဲ့ window OS ကလူတိုင်ရဲ့စားပွဲပေါ်မှာနေရာယူလာတာကစပြီး Plug and play နည်းပညာဟာ universal ဖြစ်လာတာပါ။စပေါ်ကာစတုန်းကတော့သူ့မှာလည်းကျရှံးခန်းတွေရှိခဲ့ပါတယ်။ချက်ချင်းမသိတာတွေခဏခဏ troubleshoot ပြန်လုပ်ရတာတွေနောက်ဆုံးကိုယ့်ဘာသာကိုယ်ပဲ Manual configure ချလိုက်ရတာတွေအစရှိသဖြင့်အမျိုးမျိုးပါပဲ။ Keyboard နဲ့ mouse ကို P2 သုံးဖူးတဲ့လူတွေဆိုသိမှာပါ။

PnP အလုပ်လုပ်ဖို့ဆိုရင် OS , BIOS နဲ့ PnP components တွေကြားမှာ three way compatibility ဖြစ်ဖို့လိုပါတယ်။ကောင်းတာတစ်ခုက PnP feature ကအသုံးပြုသူဘက်ကနေဘယ်လိုအလုပ်လုပ်သလဲဆိုတာကိုမမြင်ရပဲသူ့အလိုလိုအလုပ်လုပ်သွားတာပါ။ရိုးရိုးရှင်းရှင်းလေးပဲ device အသစ်ကိုစသုံးတယ်သူ့ဘာသာသူအလုပ်လုပ်သွားတယ်သစတဲ့အကျိုးကျေးဇူးကလူတိုင်းလက်ထဲနည်းပညာလွယ်လွယ်ကူကူရောက်စေပါတယ်။ OS က devices ရဲ့ပြောင်းလဲမှုကိုသူ့အလိုလိုသိပြီး Hardware type ကိုသိတာနဲ့ driver သူ့အလိုလိုသွင်းလိုက်ပြီးအလုပ်လုပ်စေပါတယ်။ တခြား device တွေပြိုင်တူသုံးနေရင်လဲ setting တွေ conflict မဖြစ်တော့ပါဘူး။
PCI နဲ့ PCI Express ( Plug and Play interface ) တွေကတော့ device ကိုအဖြုတ်အတပ်လုပ်တဲ့အခါမှာ computer ကိုပိတ်ထားဖို့လိုပါတယ်။အဲ့တာတွေကတော့ Graphic card တို့ network card တို့ sound card တို့ပါ။ PnP ရဲ့ ယေဘုယျစည်းကမ်းချက်ကတော့အဖြုတ်အတပ်လုပ်တဲ့အခါမှာကွန်ပြူတာကိုပိတ်ထားဖို့ပါ။ဒါပေမဲ့ USB တို့ HDMI တို့ thunderbolt တို့ကတော့အဖြုတ်အတပ်လုပ်တဲ့အခါမှာ system ကို shutdown ချဖို့မလိုပါဘူး။ ဥပမာ Keyboard နဲ့ Mouse အပြင် external hard disk တို့ပါ။ တခြား OS တွေဖြစ်တဲ့ Linux နဲ့ Mac OS တို့မှာလည်းအတူတူပါပဲ။
Author : Hein Htet
Ref : lifewire