ကိုဗစ်အလွန် အာရှပစိဖိတ်ဒေသတွင်း ဒီဂျစ်တယ် ကျွမ်းကျင်မှုလိုအပ်ချက်ကို ဖြည့်စွက်ခြင်း
ကျွန်တော်တို့တွေဟာ အသိဉာဏ်မြင့်မားတဲ့ ကမ္ဘာကြီးတစ်ခုထဲကို ခုမှစတင်ဝင်ရောက်လာတာမဟုတ်ပါဘူး၊အဲဒီကမ္ဘာကြီးမှာကျွန်တော်တို့ နေထိုင်နေကြတာပါ။ ကျွန်တော်တို့ ကမ္ဘာကြီးကို ဒီဂျစ်တယ်signal တွေအဖြစ်အသွင်ပြောင်းထားပြီး လူသားတွေကိုလည်း စက်တွေနဲ့ချိတ်ဆက်ထားပြီး ဖြစ်ပါတယ်။ Big data နဲ့artificial intelligence နည်းပညာတွေကလည်း ကျွန်တော်တို့ရဲ့ ဘဝတွေကို ပိုမိုလွယ်ကူအဆင်ပြေလာအောင်၊ ပိုမိုတုံ့ပြန်လုပ်ဆောင်နိုင်လာအောင်၊ ပိုမိုအလိုအလျောက်ဆောင်ရွက်နိုင်အောင် ဖန်တီးပေးလာကြပါတယ်။
ဒီလိုတွေ ဖြစ်လာတာဟာ5G၊IoT နဲ့artificial intelligence စတဲ့ နည်းပညာတွေကြောင့်ပါ။ ဒါပေမယ့်Korn Ferry ရဲ့ တွေ့ရှိလေ့လာချက်တစ်ခုအရ ၂၀၃၀ခုနှစ်မှာကျွန်တော်တို့တွေဟာ ခန့်မှန်းခြေအားဖြင့် နည်းပညာကျွမ်းကျင်ပညာရှင် ဦးရေ ၄၇သန်းလောက်လိုအပ်နေမှာဖြစ်ပါတယ်။PwC ရဲ့အကြိမ်၂၀မြောက်CEO စစ်တမ်းတွေအရလည်းလိုအပ်နေတဲ့အရည်အချင်းနဲ့ ကိုက်ညီတဲ့ ဒီဂျစ်တယ်ပညာရှင်တွေငှားရမ်းခန့်အပ်နိုင်ဖို့က ခက်ခဲကြောင်းAPAC ဒေသကCEO ၅၀% ကျော်ကပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒီလို ကျွမ်းကျင်ပညာရှင် လိုအပ်နေမှုကို ဆန့်ကျင်တိုက်ဖျက်နိုင်ဖို့နဲ့ လက်ရှိအချိန်မှာCOVID-19 ကြောင့် ဖြစ်လာတဲ့သင်ကြားရေးစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် Huawei ဟာ အဝေးရောက်သင်ယူမှုတွေ အဆင်ပြေလွယ်ကူစေပြီးနည်းပညာအရည်အချင်းတွေကို မြှင့်တင်ပေးနိုင်မယ့် ရှေ့ပြေးအစီအစဉ်များကို အာရှပစိဖိတ်ဒေသမှာ စတင်ဆောင်ရွက်ခဲ့ပါတယ်။
Cloud ဖြင့် သင်ကြားခြင်း
Huawei ဟာe-learning နည်းနဲ့ သင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေအတွက်ရော ကျွမ်းကျင်ပညာရှင်တွေ အတွက်ပါချိတ်ဆက်မှုတွေ ပံ့ပိုးပြီး အကူအညီနေပါတယ်။ အဝေးရောက်သင်ယူမှုတွေ အဆင်ပြေစေဖို့နဲ့ ဒီဂျစ်တယ် solution တွေပေးနိုင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်မှာ UNESCO၊Bijoy Digital တို့နဲ့ မိတ်ဖက်အဖြစ်လုပ်ငန်းတွေဆောင်ရွက်နေသလို အင်ဒိုနီးရှားမှာလည်း အွန်လိုင်းသင်ကြားမှုဆိုင်ရာ စီမံခန့်ခွဲမှု စနစ်တစ်ခုကိုပံ့ပိုးပေးနိုင်ဖို့အတွက် Huawei Cloud နဲ့ ULearning တို့ပူးပေါင်းလုပ်ဆောင်နေကြပါတယ်။
Cloud ပေါ်ကAI ကျန်းမာရေးစောင့်ရှောက်မှု၊ Enterprise ဝန်ဆောင်မှုတွေနဲ့ အတူပညာရေးဟာလည်းCOVID-19 တိုက်ဖျက်ရေးမှာ မိတ်ဖက်တွေကို အကူအညီပေးဖို့အတွက် လုပ်ငန်းအစီအစဉ်(action plan ) အဖြစ် Huawei Cloud ကမိတ်ဆက်ထားတဲ့ အခြေခံ ဝန်ဆောင်မှုကြီး သုံးရပ်မှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။သင်ကြားမှု၊သင်ယူမှုလုပ်ငန်းစဉ်တွေ အပြတ်အတောက်မရှိ ဆက်လက်လည်ပတ်နိုင်စေဖို့အတွက် ဒီကပ်ရောဂါကာလအတွင်းကျောင်းတွေကို အွန်လိုင်းသင်ကြားမှုဆုင်ရာ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ မိတ်ဖက်များနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေပါတယ်။
ကျောင်းသူကျောင်းသားတွေနဲ့ ဆရာဆရာမတွေကြား အသံ၊ ဗီဒီယိုနဲ့chat room တွေကတဆင့်ချိတ်ဆက်ပြောဆိုနိုင်ဖို့ cloud platform က အဝေးရောက်ပညာသင်ယူမှုစနစ်ကို ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။အွန်လိုင်းtools တွေကသင်ရိုးညွှန်းတမ်းတွေရဲ့ ထိရောက်မှုကို မြှင့်တင်ပေးမှာ ဖြစ်သလိုဆရာဆရာမတွေကိုလည်း အဝေးရောက် ချိတ်ဆက်လုပ်ကိုင်မှုတွေ ပြုလုပ်နိုင်စေပြီး သင်ကြားရေးဆိုင်ရာ ကိရိယာတွေကိုမျှဝေစေနိုင်မှာ ဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားတွေကို ဒေတာအကူးအပြောင်းကြာချိန် (latency) နည်းပါးတဲ့ HD VOD နဲ့ကိုယ်တိုင်သင်ယူဖို့အထောက်အကူပြုပေးမယ့် အပြင် cloud ပလက်ဖောင်းကသင်ကြားရေးဆိုင်ရာcontent တွေပိုမိုမြန်ဆန်စေဖို့၊online စာမေးပွဲတွေစစ်ဆေးနိုင်စေဖို့နဲ့ သင်ကြားမှုရဲ့ တိုးတက်မှုကို အချိန်နဲ့တပြေးညီစောင့်ကြည့်နိုင်ဖို့ အကူအညီပေးသွားမှာ ဖြစ်ပါတယ်။
ဒေသဆိုင်ရာမိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်မှုများ
အစောပိုင်းက စင်္ကာပူမှာကျင်းပခဲ့တဲ့Huawei Ecosystem Summit 2020 အခမ်းအနားမှာ စင်ကာပူဟာCovid-19 အလွန်စီးပွားရေးနာလန်ထူရေးကို ဦးတည်လာတာနဲ့ အမျှHuawei ကဆန်းသစ်တဲ့solution တွေကို ပူးပေါင်းရှာဖွေမှုတွေပြုလုပ်ဖို့အတွက် ဒေသခံမိတ်ဖက်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ အွန်လိုင်းက အခမဲ့သင်တန်းပေါင်း ၁၅၀ ကျော်ပါဝင်တဲ့Virtual AI Academy အစီအစဉ်ကိုလည်း ကြေညာခဲ့ပါတယ်။ စင်္ကာပူနိုင်ငံအနေနဲ့ ယင်းရဲ့ဒီဂျစ်တယ်အနာဂတ်အတွက်အားသွန်ခွန်စိုက် ဆောင်ရွက်နေတဲ့ အချိန်မှာဒီအစီအစဉ်ဟာစင်္ကာပူICT ကျွမ်းကျင်ပညာရှင်တွေကို အရည်အသွေးမြှင့်တင်ပေးရေးနဲ့ SME ဒီဂျစ်တယ် အသွင်ကူးပြောင်းရေး တွေကို အရှိန်အဟုန်မြှင့်တင်ပေးသွားမှာ ဖြစ်ပါတယ်။
အခြားအာရှပစိဖိတ် နိုင်ငံတွေဖြစ်တဲ့မလေးရှား၊ထိုင်း၊အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာလည်း အလားတူအစီအစဉ်တွေကို ကျင်းပနေပြီး နိုင်ငံအဆင့်ဒီဂျစ်တယ်ဂေဟစနစ်တွေကို တည်ဆောက်ဖို့အတွက် ICT သင်တန်းအရေအတွက်ထောင်ချီနဲ့ကျွမ်းကျင်သင်ကြားနည်းပြသူပေါင်း ရာချီကိုလည်းပံ့ပိုးပေးထားပါတယ်။Huawei ရဲ့အစီအစဉ်မှာအဆင့်မြင့်သင်ကြားရေးဒီဇိုင်းနဲ့ ကမ္ဘာ့အဆင့်တက္ကသိုလ်ကြီးတွေအတွက် Huawei ICT အကယ်ဒမီ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းလည်း ပါဝင်ပါတယ်။ ပိုမိုအရေးကြီးတဲ့ ဆောင်ရွက်ချက်တွေအနေနဲ့ ကျောင်းသူကျောင်းသားတွေ အရည်အချင်းတည်ဆောက်မြှင့်တင်နိုင်ဖို့၊ သူတို့ အရည်အချင်းတွေအတွက် အသိအမှတ်ပြုခံရနိုင်ဖို့နဲ့ သူတို့ရွေးချယ်တဲ့နယ်ပယ်တွေထဲကအလုပ်အကိုင်အခွင့်အလမ်းတွေကို ရရှိဆုပ်ကိုင်ထားနိုင်ဖို့အတွက် ကျွန်တော်တို့ကICT ပြိုင်ပွဲတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းပွဲတော်တွေကိုလည်း ဖန်တီးပေးပါတယ်။
Malaya တက္ကသိုလ်(UM) ဟာမလေးရှားနိုင်ငံမှာ သက်တမ်းအကြာဆုံးနဲ့ စံချိန်စံနှုန်း အမြင့်ဆုံးပိုင်ဆိုင်ထားတဲ့ တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။ ယင်းတက္ကသိုလ်ဟာHuawei ရဲ့အသိပညာကြွယ်ဝမှုကို အသုံးပြုပြီးတော့ သင်ကြားရေးဆိုင်ရာcontent တွေကိုတိုးချဲ့တာ၊ကျောင်းသားကျောင်းသူတွေရဲ့ ဗဟုသုတကိုမြှင့်တင်ပြီး အရည်အချင်းကို တိုးတက်စေတာစတာတွေကိုဆောင်ရွက်ခဲ့ပါတယ်။ ၄ ကြိမ်မြောက်ကမ္ဘာ့အဆင့်Huawei ICT ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်မှာUM တက္ကသိုလ်အသင်းဟာ နိုင်ငံပေါင်း ၃၀ကျော်ကတက္ကသိုလ်ပေါင်း ၆၅ ခုနဲ့ယှဉ်ပြိုင်ပြီး ကွန်ရက်ပြိုင်ပွဲမှာ ပထမဆုကိုရရှိခဲ့ပါတယ်။
“မလေးရှားနိုင်ငံမှာရှိတဲ့ Huawei အာဆီယံ အကယ်ဒမီဟာဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေတဲ့ICT ဖွံ့ဖြိုးမှုအပိုင်းမှာ အရေးကြီးအခန်းကဏ္ဍကပါဝင်နေပါတယ်။ အစဉ်အမြဲ ပြောင်းလဲနေတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း အခင်းအကျင်းနဲ့ ကိုက်ညီမယ့် ICT အသိပညာတွေအသေအချာရှိနေစေဖို့အတွက် ဒေသခံ ကျွမ်းကျင်ပညာရှင်တွေကို ပြုစုပျိုးထောင်ပေးဖို့ဟာ အရင်ကထက်များစွာပိုမိုအရေးကြီးလာပါတယ်” လို့မလေးရှားနိုင်ငံ ဆက်သွယ်ရေးနှင့် multimedia ဝန်ကြီးYB Dato Saifuddin Abdullah က ဆိုပါတယ်။
အရည်အချင်းဖွံ့ဖြိုးတိုးတက်မှု

တက္ကသိုလ်တွေနဲ့ ပူးပေါင်းပြီး နောက်ထပ် ငါးနှစ်အတွင်းICT ကျွမ်းကျင်ပညာရှင် ဦးရေ ၂သန်းကိုလေ့ကျင့်ပျိုးထောင်ပြီး ဒီဂျစ်တယ်ကျွမ်းကျင်မှုတွေအပေါ် လူထုနှစ်သက်မှုပိုမိုများပြားလာစေဖို့ရည်ရွယ်ချက်နဲ့ ကျင်းပသွားမယ့်Huawei ICT အကယ်ဒမီအစီအစဉ် ၂.၀ကိုHuawei ကဒီနှစ်ထဲမှာတရားဝင်ကြေညာခဲ့ပါတယ်။Huawei ကနောက်လာမယ့်ငါးနှစ်တာအတွင်းHuawei ICT အကယ်ဒမီ ဖွံ့ဖြိုးရေးရန်ပုံငွေ(ADIF) အတွက်အနည်းဆုံးUS ဒေါ်လာသန်း၅၀ရင်းနှီးမြုပ်နှံသွားမှာ ဖြစ်ပါတယ်။
ဇူလိုင်လမှာ Huawei အင်ဒိုနီးရှားဟာ ပညာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ သဘောတူညီမှု စာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့e-learning ပလက်ဖောင်းတွေ၊ ICT လေ့ကျင့်သင်ကြားမှုတွေ၊ ပြိုင်ပွဲတွေ၊ ကျောင်းသားကျောင်းသူတွေအတွက် အလုပ်သင်အစီအစဉ်တွေနဲ့ သုတေသနအစီအစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့အတွက် ဖြစ်ပါတယ်။
“ဒီဂျစ်တယ်စီးပွားရေးဟာနိုင်ငံတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်နေတဲ့ အရာတွေထဲက တစ်ခုဖြစ်ပါတယ်။အခုလိုပူးပေါင်းဆောင်ရွက်မှုဟာ အလွန်အရေးကြီးပါတယ်၊ ဘာကြောင့်လဲဆိုတော့ ICT နယ်ပယ်ထဲမှာပညာပြည့်ဝတဲ့လူသားရင်းမြစ်တွေ လိုအပ်နေမှုကို ပူးပေါင်းဆောင်ရွက်မှုက ဖြေရှင်းပေးနိုင်တာကြောင့် ဖြစ်ပါတယ်” လို့အင်ဒိုနီးရှား ပညာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး၊အဆင့်မြင့်ပညာရေး အထွေထွေ အမှုဆောင်ညွှန်ကြားရေးမှူး ပရော်ဖက်ဆာIr. Nizam ကပြောကြားခဲ့ပါတယ်။“ Huawei ရဲ့ နည်းပညာနဲ့ကျွမ်းကျင်မှုဟာ တက္ကသိုလ်တွေရဲ့ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ အထောက်အကူပေးရုံတင် မကဘဲအင်ဒိုနီးရှားနိုင်ငံ အဆင့်မြင့်ပညာရေးကဏ္ဍရဲ့ ကမ္ဘာ့အဆင့်မီ ပါဝင်ယှဉ်ပြိုင်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးမှာ ဖြစ်ပါတယ်” လို့သူကဆိုပါတယ်။
လိုအပ်တဲ့ အကူအညီတွေပေးနိုင်ဖို့Huawei ကပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပံ့ပိုးပေးပြီးHuawei အသိအမှတ်ပြုသင်ကြားမှုတွေ ပြုလုပ်ပေးနိုင်တဲ့ မိတ်ဖက်တွေကိုလည်း ကမ္ဘာအနှံ့မှာ ထားရှိထားပါတယ်။ အကယ်ဒမီနဲ့ သင်ကြားလေ့ကျင့်ရေးဆိုင်ရာ မိတ်ဖက်တွေကတဆင့် ကျွန်တော်တို့ဟာ အသိအမှတ်ပြုလက်မှတ်က ပေးတဲ့ တန်ဖိုးကိုလည်း မြှင့်တင်နိုင်ပြီး ICT နယ်ပယ်အတွင်းအများအပြားလိုအပ်နေတဲ့ ကျွမ်းကျင်ပညာရှင်တွေကိုလည်း လေ့ကျင့်ပျိုးထောင်ပေးနိုင်မှာ ဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ ကျွန်တော်တို့ဟာ လုပ်ငန်းနယ်ပယ်နဲ့ သက်ဆိုင်တဲ့ကျွန်တော်တို့ရဲ့ အသိပညာတွေကို အကောင်းဆုံးအသုံးချပြီးကျောင်းသားတွေကို သင်ကြားဖို့၊ အရည်အချင်းသစ်တွေ ရယူဖို့ ခွင့်ပြုပေးတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ solutions တွေကတဆင့်Huawei အသိအမှတ်ပြုလက်မှတ်တွေကို ပေးသွားမှာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ ကျောင်းသားတွေ အနေနဲ့အသိအမှတ်ပြုမှု ရရှိဖို့နဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ၊ မိတ်ဖက်တွေနဲ့ ကျွန်တော်တို့ Huawei ဆီမှာတန်ဖိုးရှိတဲ့ အလုပ်အကိုင်တွေ အခိုင်အမာရရှိနိုင်စေဖို့အတွက်ICT ပြိုင်ပွဲတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းပြပွဲတွေကို ကျင်းပသွားမှာ ဖြစ်ပါတယ်။
“ ရှေ့ဆက်ကြုံရမယ့်ကမ္ဘာကြီးကိုကျွန်တော်တို့ ပတ်ဝန်းကျင်က အရာအားလုံးနဲ့ ချိတ်ဆက်နိုင်မှု၊ အာရုံခံစားတုံ့ပြန်မှုတွေ ပြုလုပ်နိုင်မယ့် စက်ပစ္စည်းတွေက လွှမ်းမိုးထားမှာပါ။ ကျွန်တော်တို့ အခုဆောင်ရွက်နေတဲ့ ပညာရေးအစီအစဉ်တွေဟာ ကျွန်တော်တို့ရဲ့ လူမှုတာဝန်တွေ အပေါ် အလေးအနက်ထားမှုကို ထပ်မံ သက်သေထူနေရုံသာမက နောက်မျိုးဆက်သစ်ပညာရှင်တွေ အတွက်လည်းဒီဂျစ်တယ်အခင်းအကျင်းကို ပုံဖော်နိုင်ဖို့၊ ကောင်းမွန်စွာ လမ်းကြောင်းဖော်ဆောင် သွားလာနိုင်ဖို့အတွက် ပြင်ဆင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ အနာဂတ်ဟာဒီအပေါ်မှာမှီတည်နေပါတယ်“