Intel မှ လပ်တော့များအတွက် 10nm Tiger lake 11th Gen CPU များကိုမိတ်ဆက်
11thGen CPU အသစ်များကို Intel မှ i3, i5 နဲ့ i7 မော်ဒယ်များအတွက်စုစုပေါင်း CPU ၉ခုမိတ်ဆက်ခဲ့ပါတယ်။ ဒီ 11 Gen CPU တွေကိုမတူညီတဲ့ Laptop အမျိုးအစားတွေမှာတွေ့ရမှာပါ။ စုစုပေါင်း CPU ကိုးမျိုးအတွက် Graphic မှာ Iris Xe သုံးထားတဲ့မော်ဒယ်နဲ့ UHD Graphic သုံးထားတဲ့နှစ်မျိုးကွဲထွက်မဲ့အပြင်မော်ဒယ်အလိုက် Speed တွေလည်းကွာသွားဦးမှာပါ။

အမြင့်ဆုံး Core i7-1185G7 မှာ Core လေးခုကို Hyper-threading နဲ့ run နိုင်ပြီး Base frequency က core အားလုံးမှာ 3 GHz ရှိပြီး Single core ရဲ့ Boost speed ကတော့ 4.3 GHz ကနေ 4.8 GHz အထိ Run နိုင်ပါတယ်။ဒီမော်ဒယ်မှာတော့ execution unit 96 ခုထိပါတဲ့ Xe graphic ရရှိမှာဖြစ်ပါတယ်။ Iris Xe graphic ကို Core i7 နဲ့ i5 မော်ဒယ်နှစ်မျိုးမှာပဲတွေ့ရမှာဖြစ်ပြီး i3 မော်ဒယ်မှာတော့ intel ရဲ့ UHD Graphic အဟောင်းကိုပဲပြန်သုံးထားပါတယ်။i3 ရဲ့အနိမ့်ဆုံးမော်ဒယ်မှာတော့ core 2 ခုကိုပဲ Hyperthreading မှာသုံးနိုင်မှာပါ။

11th Gen မော်ဒယ်အသစ်မှာပါဝင်တဲ့ Specs တွေကတော့ intel ရဲ့ Xe graphic architecture ပေါ်မှာ design ဆွဲထားတဲ့ integrated GPU အသစ်, AI performance အသစ်, Thunderbolt 4 , Wifi 6 နဲ့ PCIe Gen 4 တို့ပါဝင်ပါတယ်။ရလဒ်ကတော့ CPU performance မှာ 20 % ပိုကောင်းလာမယ်။ Graphic performance က 2 ဆနဲ့ AI performance က 5ဆ နဲ့ Wifi 6 ကြောင့် connectivity ပိုင်းမှာ 3 ဆ ပိုကောင်းလာမှာဖြစ်ပါတယ်။အသစ်ထပ်ထည့်ထားတဲ့ Thunderbolt 4 ကြောင့် USB 4 compliance ဖြစ်လာမှာပါ။ PCIe Gen 4 ကြောင့် SSD ကိုတိုက်ရိုက်ချိတ်ဆက်နိုင်မှာဖြစ်ပြီး 32 Gigabyte per second အထိရရှိမှာပါ။ ဒါ့အပြင် ဒီ Tiger Lake CPU အသစ်တွေဟာ နောက်လာမဲ့ Platform တွေအတွက် 4K display ကို လေးခုအထိ support လုပ်မှာဖြစ်ပါတယ်။ Intel ကြေငြာခဲ့တဲ့အထဲမှာတော့ Image scaling တွေမှာ AMD ထက် အဆ 200 အထိပိုမြန်ဆန်မှာဖြစ်ပါတယ်။ Photo editing အတွက် တခြား CPU တွေထက် 2.7 ဆပိုမြန်မှာဖြစ်ပြီး video editing မှာလည်းအရင်ကထက် 2ဆ ပိုမြန်ဦးမှာဖြစ်ပါတယ်။
[youtube https://www.youtube.com/watch?v=3Kg2DymFmDI&w=900&h=506]
Media ပိုင်းအတွက်လည်း Dolby vision နဲ့ AV1 codec တို့ကလည်းပါဝင်အားဖြည့်ထားပါသေးတယ်။ အသုံးပြုသူတွေအနေနဲ့ ဂိမ်းမင်းအတွက် 1080p resolution မှာ 2ဆမြန်တဲ့ Frame rate ကိုမျှော်လင့်နိုင်ပါတယ်။

11 Gen CPU အသစ်တွေနဲ့အတူနောက်ထပ်ကြေငြာလိုက်တာတော့ Project Athena , EVO ဖြစ်ပါတယ်။
နောက်ထွက်လာမဲ့ EVO certified laptop တွေမှာ 11 Gen processor နှင့် Iris Xe Graphic အပြင် 1080p screen resolution ပါတဲ့ Laptop တွေအတွက် EVO certified ဆိုရင် sleep ကနေ wake လုပ်ဖို့အတွက်စက္ကန့် ဝက်လောက်ပဲကြာမှာဖြစ်ပါတယ်။ နောက်ထပ် Power efficacy ပိုင်းအတွက် Battery life အနေနဲ့လည်းကိုးနာရီနှင့်အထက်ရရှိမှာဖြစ်ပြီး ၄ နာရီစာသုံးနိုင်ဖို့အတွက်နာရီဝက်လောက်ပဲအားသွင်းရမှာဖြစ်ပါတယ်။ Intel EVO partner တွေကတော့ Acer , Dell , Dynabook, HP, Lenovo, LG, MSI, Razer နဲ့ Samsung တို့ပဲဖြစ်ပါတယ်။
Author : Hein Htet
Ref: Intel