US ဒေါ်လာ 1999 နဲ့ စက်တင်ဘာလ ၁၈ ရက်မှာစတင်ရောင်းချမဲ့ Galaxy Z fold 2

Samsung Galaxy Fold ရဲ့နောက်မျိုးဆက်သစ်တစ်ခုဖြစ်တဲ့ Galaxy Z fold 2 ရဲ့အသေးစိတ်အချက်အလက်တွေကိုကြေငြာခဲ့ပါတယ်။ Preorder တင်လို့ရနေပြီဖြစ်ပါတယ်။Samsung ရဲ့ fold ဖုန်းမျိုးဆက်သစ် Z fold 2 ရဲ့ ဗျူဟာကတော့ပထမ Fold ဖုန်းရဲ့ ဒီဇိုင်းပိုင်းအားနည်းချက်တွေကိုအဓိကပြန်လည်ပြင်ဆင်ထားတယ်ဆိုတာကိုအဓိကပြသချင်တာပဲဖြစ်ပါတယ်။ပြန်လည်ပြင်ဆင်ထားတာတွေကတော့ ဖန်သား Screen အဖွင့်အပိတ်နေရာကိုပိုမိုခိုင်မာတောင့်တင်းအောင်လုပ်ထားပြီးအကြမ်းပိုခံအောင်လည်းမွမ်းမံထားပါသေးတယ်။ဒီ Z fold 2 ဟာ Samsung ရဲ့ တတိယမြောက် ခေါက်ချိုးဖုန်းဖြစ်ပါတယ်။

သိသာတဲ့အဆင့်မြင့်တင်မှုကတော့ Z fold 2 မှာအပြင်ဘက်က အရှေ့ဘက်က Screen ကိုအရင် Fold ဖုန်းထက်ပိုကြီးအောင်ထုတ်လုပ်ထားပြီး 6.2 inches အထိရှိပါတယ်။ကြီးတယ်လို့ထင်ရပေမဲ့နည်းနည်းတော့ရှည်မြောမြောဖြစ်နေပါတယ်။အရင် 4.2 inches ရှိတဲ့ Fold ဖုန်းထက်စာရင်တော့ပိုကြီးလာတယ်လို့ပြောနိုင်ပါတယ်။

အထဲက Screen ကိုတော့ Samsung ရဲ့ Ultra Thin Glass (UTG) ကို Z flip မှာသုံးတဲ့အတိုင်းပဲပြန်သုံးထားပါတယ်။အရင်‌Original Fold ဖုန်းထက်ပိုပြီးအကြမ်းခံနိုင်မယ်လို့မျှော်လင့်လို့ရပါတယ်။ Samsung ကတော့ ဒီ Z fold 2 ကိုဝယ်ယူသုံးစွဲမယ့်လူတွေအတွက်သတိပေးချက်အချို့ကိုဖုန်းပျက်စီးခြင်းမှာကာကွယ်နိုင်ရန်ထုတ်ပြန်ထားပြီး 149 ဒေါ်လာနဲ့ Screen တစ်ခါလဲလှယ်မှုကိုခွင့်ပြုပေးထားပါတယ်။နောက်တစ်ခုသိသာတဲ့ပြောင်းလဲမှုကတော့အရင် fold ဖုန်းမှာသုံးခဲ့တဲ့ Notch အကြီးကြီးကိုဖြုတ်ပစ်လိုက်ပြီးပုံမှန် Punch hole cut out လေးနဲ့ပဲပြန်သုံးထားပါတယ်။နောက်တစ်ခုကတော့ သူ့မှာ S20 series မှာစသုံးခဲ့တဲ့ 120 refresh rate ကိုဒီ Z fold 2 မှာတော့ Dynamic refresh rate လို့ပြန်သုံးထားပါတယ်။အရင် original Fold ဖုန်းတုန်းကအလည်ကခေါက်ရာကိုလည်းမြင်ရတော့မှာမဟုတ်ပါဘူး။

ပတ္တာကိုလည်း Samsung ကအရင် Fold ဖုန်းမှာလွယ်လွယ်နဲ့ပျက်စီးနိုင်တဲ့အနေအထားကနေပြန်လည်ပြင်ဆင်ခဲပါတယ်။ခေါက်ရာနေရာမှာလည်း Sweeper brush လေးတွေထည့်သွင်းပေးထားပြီးဒီ Brush လေးတွေဟာ ဖုန်စုတ်စက်တွေမှာသုံးတဲ့ Brush လေးတွေနဲ့တူပါတယ်။

ဒီဖုန်းရဲ့ Spec တွေကတော့ Samsung ရဲ့ Flagship ဖုန်းတွေနဲ့သိပ်တော့မကွာပါဘူး။သူ့မှာ snapdragon 865 plus processor 256 GB storage နဲ့ 12 GB Ram တို့ပါဝင်ပါတယ်။ Wireless charging , Fast charging နဲ့ Reverse wireless charging တို့ပါဝင်ထားပြီး 4500 mAh Battery လဲအားဖြည့်ထားပါတယ်။ ဒီဖုန်းမှာ 5G ပါဝင်မှာဖြစ်ပြီး Finger Print ကိုတော့ဘေးဘက်က ပါဝါခလုတ်ကနေတစ်ဆင့်ဖွင့်နိုင်မှာပါ။

ကင်မရာမှာတော့ 12 MP ကင်မရာသုံးလုံးထည့်ပေးထာပါတယ်။ Wide , Ultra wide နဲ့ Telephoto lens သုံးလုံးတို့ပါ။ Selfie ကင်မရာက 10 MP camera နှစ်လုံးပါဝင်ပါတယ်။အနောက်ဘက်ကခေါက်ထားရင် 6.2 inches ပေါ်ကကင်မရာနဲ့ ဖြန့်လိုက်ရင် Tablet mode မှာသုံးလို့ရမဲ့ကင်မရာဆိုပြီးနှစ်ခုပါဝင်ပါတယ်။ Z fold 2 မှာ စုစုပေါင်းကင်မရာငါးလုံးပါဝင်ပါတယ်။ စျေးနှုန်းက 1999 ဆိုတော့ Galaxy Fold နဲ့အတူတူပါပဲ။ဒေါ်လာနှစ်ထောင်တန်ဖုန်းဖြစ်တဲ့အတွက် Z Fold 2 ကိုဇိမ်ခံပစ္စည်းအဖြစ်သတ်မှတ်လို့ရပါတယ်။

Ref: the verge

Author : Hein Htet

Previous
Previous

ကိုဗစ်အလွန် အာရှပစိဖိတ်ဒေသတွင်း ဒီဂျစ်တယ် ကျွမ်းကျင်မှုလိုအပ်ချက်ကို ဖြည့်စွက်ခြင်း

Next
Next

မြန်မာ့စျေးကွက်တွင် itel တရားဝင် ဝင်ရောက်ခြင်းနှင့် Vision 1 စီးရီး စမတ်ဖုန်းများကို စတင်မိတ်ဆက်ခြင်း