မြန်မာ့စျေးကွက်တွင် itel တရားဝင် ဝင်ရောက်ခြင်းနှင့် Vision 1 စီးရီး စမတ်ဖုန်းများကို စတင်မိတ်ဆက်ခြင်း

လွန်ခဲ့​သော ၁၀ နှစ်မတိုင်မီကပင် itel သည် ကမ္ဘာ့ ​စျေးကွက်အတွင်း ဝင်​ရောက်ခဲ့​သော တံဆိပ်တစ်ခုဖြစ်ပြီး ကမ္ဘာ့မိုဘိုင်း​စျေးကွက်တွင် ယုံကြည်စိတ်ချရသော အမည်တံဆိပ် တစ်ခုဖြစ်လာရန် လုပ်​ဆောင်ခဲ့ပါသည်။ itel ၏ နည်းပညာများကို လူတိုင်း လက်လှမ်းမီလာ​စေရ​န် ဖြေရှင်းခြင်းနှင့် စူးစိုက် လုပ်​ဆောင်ခြင်းတို့ကြောင့် မြတ်မြတ်နိုးနိုးနှင့် ဂုဏ်ယူစွာ၊ စိတ်ချယုံကြည်စွာ ကိုင်တွယ်နိုင်​သော ပစ္စည်းများအဖြစ် ဖန်တီး နိုင်ခဲ့သည်။ ယခုအချိန်တွင် itel သည် မြန်မာနိုင်ငံ​၏ စျေးကွက်အတွင်း စီးပွား​ရေးအရ ဝင်​ရောက်ချဲ့ထွင်ရန် စိတ်အား ထက်သန်လျက်ရှိပြီး သူ၏ ​အထင်ကရ စမတ်ဖုန်းများဖြစ်သည့် 2GB နှင့် 3GB Vision 1 Plus စီးရီးများကို ပွဲဦးထွက်အ​နေဖြင့် မိတ်ဆက်သွားပါမည်။ စမတ်ဖုန်း အတွေ့အကြုံကောင်းကောင်းပေးစွမ်းမည့် ၆.၅ လက်မ HD+ IPS Waterdrop မျက်နှာပြင်နှင့် ကြီးမား​သော 5000 mAh ဘက်ထရီရှိသည့် Vision 1 Plus 2GB ကို တန်ဖိုး ငွေကျပ် (၁၁၉၉၀၀) ဖြင့်လည်း​ကောင်း၊ 3GB ကို တန်ဖိုးငွေကျပ် (၁၃၉၉၀၀) ဖြင့်သာလည်း​ကောင်း ဝယ်ယူနိုင်မည်ဖြစ်ပြီး Vision 1 Plus စီးရီးသည် game changer ၊ ဆန်းသစ်​သော လုပ်​ဆောင်ချက်များ စသည်တို့ဖြင့် ပုံစံထုတ်ထားသည်။

ပိုကြည့်​လေ၊ ပိုရှင်းလင်း​လေ

Vision 1 Plus နဲ့ ပတ်သက်လို့ ညွှန်းဆိုရမယ်ဆိုရင် သူရဲ့ ​တောက်ပတဲ့ waterdrop notch ၆.၅ လက်မ မျက်နှာပြင်အပြည့်နဲ့ 20:9 အချိုး ရှိတဲ့ aspect ratio တို့ဘဲ ဖြစ်ပါတယ်။ အံ့သြဖွယ် မြင်ကွင်းရှု​ထောင့်များနဲ့ မျက်နှာပြင်အတွက် သူ့ရဲ့ 500cd/m2 ရှိတဲ့ ​တောက်ပမှုနဲ့ ကြီးမားတဲ့ ​ရောင်စဥ်ဖြာထွက်မှုတို့​ကို ချီးကျူးသြဘာ​ပေးရမှာဖြစ်ပြီး တိုက်ရိုက်နေ​ရောင်​အောက်မှာပင် video ကြည့်သည် ဖြစ်​စေ၊ ​app တစ်ခုခုကို ဖွင့်ကြည့်သည်ဖြစ်​စေ အသက်ရှုမှားဖွယ် အ​တွေ့အကြုံကို ရရှိ​စေမှာ ဖြစ်တယ်။

တကြိမ် အားသွင်းထားရင် ၃ရက် သုံးနိုင်ခြင်း

Vision 1 Plus ကို 5000 mAh ဘက်ထရီ တပ်ဆင်ထားခြင်း​ကြောင့် ကြာရှည်အသုံးခံမှုအတွက် အတိုင်းအတာသစ် တစ်ရပ်ကို ​ရောက်ရှိ​စေပါတယ်။ သင့်ရဲ့ ​နေ့စဥ်အသုံးပြုမှုနဲ့ ​ဖျော်​ဖြေမှုဆိုင်ရာ လိုအပ်ချက်တို့အတွက် အဆင့်မြှင့်ထားတဲ့ Al Power Master နဲ့ အထင်ကြီး​လောက်စရာ ​ကောင်းအောင် ကြီးမားတဲ့ ဘက်ထရီတို့က ပံ့ပိုး​ပေးပါမယ်။ သင့်ရဲ့ ဆဲလ်ဖုန်းကို ၃ရက်အထိ အားသွင်းရန်မလိုဘဲ အသုံးပြုနိုင်ပြီး 5V2A အမြန်အားသွင်း နည်းပညာနဲ့ ၅၀% ပိုမိုမြန်ဆန်စွာ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ (3GB ဗားရှင်းအတွက် 5V2A အမြန်အားသွင်းမှု ရနိုင်ပြီး 2GB ဗားရှင်းအတွက် 5V1A ရနိုင်ပါတယ်)

AI Face Beauty ဖြင့် 13 MP ​ရှေ့​နောက် ကင်မရာ

Vision 1 Plus ဖြင့် ​ဖေစ့်ဘုတ်၊ အင်စတာဂရမ်၊ တစ်​တော့တို့တွင် တင်ရန်အတွက် ဓါတ်ပုံရိုက်ရာတွင် 8 MP ရှိ​သော ​ရှေ့ကင်မရာ၊ 13 MP ရှိ​သော ​နောက်ကင်မရာတို့အပြင် AI Face Beauty နည်းပညာရဲ့ အနုပညာဆန်​သော ရိုက်ချက်တွေက သင့်ပုံကိုအ​ပြစ်ဆိုဖွယ်မရှိ​အောင် ပြုလုပ်ပေးပါလိမ့်မည်။

သင်ချစ်မြတ်နိုး​သော အရာများအတွက် ပိုမို​သော ​နေရာနှင့် ပိုမို​ကောင်းမွန်​သော အသွင်အပြင်

Vision 1 Plus သည် RAM 3GB ရှိရာ လုပ်​​ဆောင်မှုများ ​ချော​မွေ့​စေပြီး တစ်ပြိုင်တည်းမှာပင် ပါဝါအသုံးပြုမှုနှင့် အပူချိန်လွန်ကဲစွာ ထုတ်လုပ်ခြင်းတို့ကို ကျဆင်း​စေသည်။ ထို့အပြင် Vision 1Plus တွင် သိမ်းဆည်းရန်အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင် မည့် storage ပမဏသည် 32 GB ရှိသည်။ ပုံ၊ video နှင့် app များကို အကန့်အသတ်မဲ့လုနီးပါး သိမ်းဆည်းနိုင်သည်။ (* 2GB RAM ရှိ​သော Vision 1 Plus လည်း ရနိုင်သည်။)

မျှော်မှန်းထားသည်ထက် မြန်ဆန်ခြင်း

Vision 1 Plus သည် lightning-fast 4 G data နည်းပညာဖြင့် ပံ့ပိုး​ပေးထားသည့်အတွက် အချက်အလက်များ ​ရွှေ့​ပြောင်းရာတွင် မြန်ဆန်ခြင်း၊ သုံးစွဲသောပမာဏနည်းပါးခြင်း၊ ပိုမိုအားထား​လောက်​သော ချိတ်ဆက်နိုင်ခြင်း တို့ကို ဖြစ်စေ ပါသည်။ Vision 1 Plus ဖြင့် အင်တာနက် လျင်မြန်စွာ ချိတ်ဆက်နိုင်မှုကို အမြဲတမ်း အာမခံနိုင်သည်။

ဆန်းသစ်​ပြောင်းလဲထား​သော Double S line နှင့် AG Effect ပါဝင်သည့် 8.6 mm ရှိ အလွန်ပါးလွှာ​သော ဖုန်းကိုယ်ထည် ဒီဇိုင်း

ကျစ်လစ်​သော ဖုန်းကိုယ်ထည် တည်​ဆောက်ပုံအားဖြင့် Vision 1 Plus သည် ​ရေ၊ ဖုန်နှင့် အခြားသက်​ရောက်မှုများကို ကြံ့ကြံ့ ခံနိုင်ရန် ​လုံလုံခြုံခြုံ ပြည့်ပြည့်စုံစုံ တည်​ဆောက်ထားပါသည်။ အသစ်အဆန်းဖြစ်​သော Double S line ဒီဇိုင်းနှင့် သာလွန်​ကောင်းမွန်​သော matte frosted glass(AG) နည်းပညာတို့ဖြင့် ဖြည့်ဆည်းထား​သော​​ကြောင့် Vision 1 Plus သည် သပ်ရပ်​တောက်ပရုံသာမက နူးညံ့​သော ထိ​​​တွေ့မှုကို ခံစားနိုင်သည့် ဖုန်းတလုံးအဖြစ် ရပ်တည်​နေသည်။

ရက် ၁၈၀ အတွင်း ဖုန်း(မျက်နှာပြင်) screen အခမဲ့ လဲလှယ်ခွင့်တစ်ကြိမ် ​​

မြန်မာ့​စျေးကွက်အတွင်း၌ itel ၏ စမတ်ဖုန်းအားလုံးသည် ဝယ်ယူပြီး​နောက် ရက် ၁၈၀ အတွင်း Display မျက်နှာပြင် အခမဲ့ လဲလှယ်ခွင့် တကြိမ်ရရှိမည် ဖြစ်ပြီး၊ မြန်မာတနိုင်ငံလုံးတွင် itel အတွက် ဆားဗစ်စင်တာ စုစုပေါင်း ၁၄ ခုရှိပါသည်။ သတင်း အချက်အလက် ပိုမိုရရှိလိုလျှင် ​ကျေးဇူးပြု၍ itel Myanmar Facebook page တွင် ဝင်ရောက်​လေ့လာနိုင်ပါသည်။ itel ၏ Vision 1 Plus ကို စက်တင်ဘာလ (၄)ရက်နေ့တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ပြီး  အမြို့မြို့အနယ်နယ်ရှိ ဖုန်းဆိုင် များတွင် ဝယ်ယူရရှိနိုင်ပါသည်။

Previous
Previous

US ဒေါ်လာ 1999 နဲ့ စက်တင်ဘာလ ၁၈ ရက်မှာစတင်ရောင်းချမဲ့ Galaxy Z fold 2

Next
Next

5BB Broadband ၏ အင်တာနက်အမြန်ဆုံးဆုနှင့်အတူ မြန်မာ့အင်တာနက်မြန်နှုန်း ကမ္ဘာ့အဆင့်သုံးဆင့် မြှင့်တက်